တာချီလိတ်တွင် ထိုင်းနိုင်ငံသား ၂၄ ဦးကို ကျားဖြန့်ဆက်နွှယ်မှုဖြင့် ထိုင်းတာဝန်ရှိသူများ လာရောက်စစ်ဆေး

သျှမ်းပြည် တာချီလိတ်မြို့တွင် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၂၄ ဦးတို့ကို လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း ဆက်စပ်မှုများအတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ်လ ၂၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၂၄) ဦးတို့ကို လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း ဆက်စပ်မှုများအတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများ လာရောက်ပြီး ထပ်မံစစ်ဆေးခဲ့ကြောင်း Maesai Press သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးစင်တာ ညွှန်ကြားရေးမှူး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ဆိုက်ဘာမှုခင်း စုံစမ်းရေးတပ်ဖွဲ့၊ မှုခင်းဆေးပညာ ဓာတ်ခွဲကျွမ်းကျင်သူများ၊ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ရဲသံမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ရဲမှူးကြီး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် ထိုင်းနိုင်ငံသား (၂၄) ဦးမှာ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် တာချီလိတ်မြို့ ကြယ်တံခွန်ဟိုတယ်၌ ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြပြီး ၎င်းတို့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့မှ တရားစွဲဆိုထားသည်။

အဆိုပါ ထိုင်းနိုင်ငံသား (၂၄) ဦးမှာ လူကုန်ကူးခံရသူများ ဟုတ်မဟုတ် စိစစ်ခွဲခြားရန် သက်သေ အထောက်အထားများ စုဆောင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှု ရှိ မရှိ စစ်ဆေးနိုင်ရန် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်ကြီးထံ ကနဦး အစီရင်ခံ တင်ပြသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “ အပြည်ပြည်ဆိုင်ရာ ဟိုတယ်”တွင် နေထိုင်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သော နိုင်ငံခြားသား (၃၉၃)ဉီးကို စစ်ကော်မရှင်ဘက်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး တရုတ်၊ မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသားများ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကိုးကား – Maesaipress

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...