UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong) ဆိုသူကို ကျားဖြန့်သမားများကို လက်ခံထားပြီး အကာအကွယ်ပေးခြင်းနှင့် နေရာရွှေ့ပြောင်းရာတွင် ကူညီပေးခြင်းတို့ကြောင့် ရာထူးမှ ရပ်စဲကာ ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း UWSA ဘက်မှ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ ‘ဝ’တပ်ဖွဲ့တွင် တပ်ခွဲအဆင့် နိုင်ငံရေးမှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၉) နှစ်အရွယ် လော်ယွန်းကိုင် (Luo Yungai) ဆိုသူကို ကျားဖြန့်သမားများ နေရာရွှေ့ပြောင်းရာတွင် ကူညီပေးခဲ့ခြင်းကြောင့် တာဝန်မှ ထုတ်ပယ်ကာ ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃) ရက်တွင် မိုင်းရယ်မြို့နယ်ရှိ ဟိုက်ပုကျေးရွာအနီး ကျားဖြန့်လုပ်ငန်းတစ်ခုကို စစ်ကော်မရှင်တပ်နှင့်အတူ ‘ဝ’တပ်ဖွဲ့ UWSA တပ်သားများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက Wa News Land မီဒီယာတွင် အတည်ပြု ဖြေကြားထားသည်။

အခြားတစ်ဘက်တွင် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်နိုင်ငံမှ ၂၀၂၃ အောက်တိုဘာလ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ဆုကြေးပေးမည်ဟုလည်း ကြေညာထားသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးရမိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

တရုတ်အလိုရှိနေသည့် ‘ဝ’တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မိုင်းရှူးနှင့် တန့်ယန်းမြို့နယ်ဘက်အထိ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

‘ဝ’တပ်ဖွဲ့ UWSA ကလည်း တရုတ်နိုင်ငံ ဖမ်းဝရမ်း ထုတ်ထားသည့် ၎င်းတို့အရာရှိ ၂ ဦးကို ၂၀၂၃ အောက်တိုဘာလ ၁၆ ရက်တွင် ရာထူးက ထုတ်ပယ်ခဲ့ပြီး စစ်ကော်မရှင်ဘက်ကလည်း ၂၀၂၃ အောက်တိုဘာလ ၁၈ ရက်တွင် ဖမ်းဝရမ်း ထပ်မံထုတ်ထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...