မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို  ကျားဖြန့်တွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၅၅ လုံး၊ ကွန်ပျူတာအလုံး ၃၀ ၊ တရုတ်ငွေ ယွမ်တစ်သောင်း၊ မြန်မာငွေ ၁၀ သိန်းကျပ် စသည်တို့နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း ယနေ့ (မေလ ၁၈ ရက်)တွင် ထုတ်ပြန်လာခဲ့သည်။

ထိုဖမ်းဆီးမှုသည် မေ ၁၆ရက်နှင့် မေ ၁၇​ရက် နှစ်ရက်ဆက်တိုက်ဖမ်းဆီးမှုများဖြစ်ကြောင်း၊ အချို့လည်း ထွက်ပြေးလွှတ်မြောက်ကြောင်း မူဆယ်မြို့ အသက် ၄၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“ ကျနော်တို့တောင် လူတွေ လှုပ်လှုပ်ရှားရှားထွက်ပြေးတော့မှ သိတာ။ ထွက်ပြးလွတ်မြောက်သွားတာရှိတယ်။ အားလုံးကိုဖမ်းမိတာမဟုတ်ဘူး” ဟု​၎င်းကဆိုသည်။ 

ဆက်လက်ပြီး ယမန်နေ့ (မေလ ၁၇ ရက်) ည ၅ နာရီခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲများ နယ်မြေရှင်းလင်းရေး နှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင်လည်း ကျားဖြန့်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးအား ဖုန်းမျိုးစုံ ၉၅ လုံး၊ ကွန်ပျူတာတစ်လုံး၊WiFi စက် ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

လက်ရှိ အချိန်ထိ မူဆယ်မြို့နယ်တွင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ခြင်းသည် နောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၊ အာဏာပိုင်များရှိနိုင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဟန်ပြဖမ်းဆီးမှု လုပ်ဆောနေခြင်းကြောင့် ထိုလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ခြင်း ဖြစ်ကြောင်း မူဆယ်မြို့ စျေးရပ်ကွက်နေ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“ဒါက တရုတ်ဖိအား အာဏာကြောင့် လုပ်ခိုင်းလို့သာ လုပ်နေကြတာ။ ဒီကျားဖြန့်တွေကို ပျောက်အောင်ဖမ်းမယ်ဆိုရင် ပြည်သူ့စစ် လက်နက်ကိုင်တွေကိုပါ ဖမ်းမှရမယ်။  သူတို့က လုပ်ခြုံရေယူးပေးထားတာ။” ဟု ၎င်းအမျိုးသားကဆိုသည်။ 

မူဆယ်မြို့နယ်အတွင်းလှုပ်ရှားနေသည့် ကျားဖြန့်များ၏နောက်ကွယ်တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းနှင့်  ပြည်သူ့စစ်တပ်ဖွဲ့ကို အခွန်ပေးဆောင်ထားကြောင်း သိရသည်။

ထို့ကြောင့်  ကျားဖြန့်ပပျောက်ရန်အတွက် ပြည်သူ့စစ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကိုလည်း အရေးယူသင့်ကြောင်း မူဆယ်ဒေသခံများက ထောက်ပြပြောသည်။​

မူဆယ်မြို့၏ ဘေးပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာ ပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် အပြင် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်း လှုပ်ရှားကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များစွာရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေး၊ မူးယစ်ဆေးဝါးများ စုံလင်ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး လောင်းကစားဝိုင်း၊ ကျားဖြန့်ရုံ၊ ပြည့်တန်ဆာရုံများ နှင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသည်။.

အလားတူ ပြီးခဲ့သည့် (မေလ ၁၅ ရက်) မိုင်းရှူးမြို့နယ် လွယ်ဆောင်ထောက် သံလွင်မြစ်အနီးတွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦး နှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို ဝင်ရောက် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

 ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက Cyber Scam Task Force ကို ဖွဲ့စည်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများမှာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) က ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကြေညာလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...