Happy Water ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအမှု ငွေကြေးဖြင့် ကြေအေး

သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် Happy Water စိတ်ကြွဆေးရည်ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အမှုကို ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်း ဒေသခံများက ပြောသည်။ 

ဇွန်လ ၂၁ ရက်နေ့တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုက်ညရွာ၌ ဖွင့်လှစ်ထားသော X3 KTV ဆိုင်တွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် Happy Water စိတ်ကြွဆေးရည်ကို အလွန်အကျွံသောက်ရာမှ သေဆုံးသွားခြင်း ဖြစ်သည်။ 

ဖြစ်စဉ်မှာ နန်းဟျိုးငင်းနှင့် ၎င်း၏သူငယ်ချင်း နှစ်ဦးတို့ကို မိုင်းပန်မြို့၌ သစ်လာထုတ်နေသော တရုတ်လူမျိုးလောပန်း တစ်ဦးမှ မျှားခေါ်သွားခြင်းဖြစ်ပြီး Happy Water စိတ်ကြွဆေးရည် တစ်ခွက်သောက်နိုင်လျှင် ငွေကျပ် တစ်သိန်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် နန်းဟျိုးငင်းသည် Happy Water စိတ်ကြွဆေးရည်ကို ငါးခွက်သောက်လိုက်ပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“တရုတ်လောပန်က Happy Water တစ်ခွက်သောက်နိုင်ရင် တစ်သိန်းပေးမယ်ဆိုပြီး ပြောတာ။ သူ့ သူငယ်ချင်းတစ်ယောက်က လေးခွက်သောက်ပြီး မသေဘဲ ဆေးရုံကို ပို့လိုက်ရတာ၊ နောက်တစ်ယောက်ကတော့ ဘာမှမသောက်ဘဲ နေတယ်။ နန်းဟျိုးငင်းက Happy Water ကို ငါးခွက်သောက်လိုက်ပြီး ည ၇ နာရီလောက်မှာပဲ ခံနိုင်ရည်မရှိတော့၊ KTV အခန်းထဲမှာပဲဆုံးသွားတာ” ဟု ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက ပြောပြသည်။ 

နန်းဟျိုးငင်းသည် မိုင်းပန်မြို့၌ ကျောင်းတက်နေသည့် G-12 ကျောင်းသူတစ်ဦး ဖြစ်သည်။

ကနဦးတွင် နန်းဟျိုးငင်းကို မိုင်းပန်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံမှလက်မခံသဖြင့် ကျေးရွာသို့ ပြန်ခေါ်လာရပြီး ဇွန်လ ၂၂ ရက်နေ့၌ ၎င်းရုပ်အလောင်းကို မီးသင်္ဂြိုလ်ပေးခဲ့ရသည်။ 

ယင်းနောက် အသုဘနေ့တွင် နန်းဟျိုးငင်းတို့ကို မျှားခေါ်သွားသည့် တရုတ်လောပန်းတစ်ဦးမှ ငွေကျပ်သိန်း ၅၀ ဖြင့် ကူညီပေးပြီး နမ့်စန်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထိုတရုတ်လောပန်းတစ်ဦးကို အမိအရ ပြန်ခေါ်လာခဲ့ပြီး ဆွမ်းသွပ်ရန်အတွက် ဇွန်လ ၂၈ ရက်၌ ငွေကျပ်သိန်း ၂၀၀ ဖြင့် ထပ်မံကူညီပေးခဲ့ကြောင်း မိုင်းပန်မြို့ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဇူလိုင် ၁ ရက်နေ့တွင် ထိုတရုတ်လောပန်းတစ်ဦးသည် ငွေကျပ်သိန်း ၂,၀၀၀ ဖြင့် နန်းဟျိုးငင်း၏ မိဘများအား လာရောက်တောင်းပန်ခဲ့ပြီး မိဘများနှင့် ရပ်ကွက်သူကြီးများက ကြေအေးလက်မှတ်ထိုးပေးလိုက်ကြောင်း မိုင်းပန်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ရက်တုန်းက တရုတ်လောပန်းက ငွေကျပ်သိန်း ၂,၀၀၀ နဲ့ လာရောက်တောင်းပန်တယ်၊ နန်းဟျိုးငင်းရဲ့ အမေနဲ့ ရပ်ကွက်လူကြီးတွေက ကျေနပ်ပြီး ကြေးအေးလိုက်မှတ်ထိုးပေးလိုက်ပြီလို့ ကြားတယ်” ဟု မိုင်းပန်မြို့ ဒေသခံတစ်ဦးက ပြောသည်။ 

သို့သော် ငွေကျပ်သိန်း ၂,၀၀၀ ဖြင့် ကြေအေးလိုက်ပြီဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နန်းဟျိုးငင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ငွေကြေးဖြင့်သာ ကြေအေးလိုက်ခြင်းမဟုတ်ဘဲ တရားဥပဒေအရ အရေးယူသင့်ကြောင်း ဒေသခံအများစုက ပြောကြသည်။

“ပြည်သူအများစုကတော့ တရားမျှတမှုရချင်တယ်၊ တရားဥပဒေအတိုင်း လုပ်ချင်တယ်” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။ 

မိုင်းပန်မြို့သည် သျှမ်းပြည်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ထိန်းချုပ်နယ်မြေဒေသဖြစ်သကဲ့သို့ ယခုသေဆုံးမှုနှင့် ပတ်သက်၍ သျှမ်းပြည်လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်မှ ဆက်လက်စုံစမ်းအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပန်မြို့နယ်တွင် KTV ဆိုင်များ ပေါများလာခြင်းကြောင့် လူငယ်များအကြား ရေပန်းစားလာသော မူးယစ်ဆေးပေါင်းစုံ ရောစပ်ထားသည့် စိတ်ကြွဆေးရည် ကော့တေးလ်နှင့် ပတ်သက်ပြီး ဒေသခံများက စိုးရိမ်နေရသည်။

Happy Water သည်  MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများဖြင့် အမှုန့်ကြိတ် အရည်ဖျော်စပ်ထားသည့် စိတ်ကြွဆေးရည်ဖြစ်သည်။

ထိုစိတ်ကြွဆေးရည်ကို ကော့တေးလ်ခွက်ဖြင့် ရေ၊ အချိုရည်၊ အရက် စသည့်ဖြင့်ရောကာ သောက်သုံးပြီးလျှင် လူကိုမပင်ပန်းစေဘဲ ပျော်ရွှင်မြူးတူး ကခုန်စေနိုင်သည့်အပြင် လူကို တက်ကြွစေသည့် အရည်တမျိုးဖြစ်သည်။

လက်ရှိ မိုင်းပန်မြို့ရှိ KTV ဆိုင်များတွင် Happy Water စိတ်ကြွဆေးရည်များ ထည့်သွင်း ရောင်းချနေလျက်ရှိပြီး တစ်ထုပ်လျှင် ငွေကျပ် သုံးသိန်း တန်ဖိုးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...