Wednesday, January 28, 2026

သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ၂ ရက် လာမည့်နှစ်အတွက် ဘတ်ဂျက် အတည်ပြု

၂၀၂၀ -၂၀၂၁ ခုနှစ် ဘတ်ဂျက်အတည်ပြုပြီး ဘတ်ဂျက် ခွဲဝေ သည့်နေရာတွင် မြို့နယ်အလိုက် မျှတစွာ ခွဲဝေသင့်ကြောင်း ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ အဖွဲ့ဝင်က သုံးသပ် ခဲ့သည်။

၂၀၂၀ မေလ ၁၈ နှင့် ၁၉ သျှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအ၀ေး

မေလ ၁၈ ရက် ယမန်နေ့က ပြန်လည်ခေါ်ယူသည့် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် မတ်လ ၁၈ နှင့် ၁၉ – ၂ ရက် သာ ဆွေးနွေးပြီး ဘတ်ဂျက် အတည်ပြုခဲ့ကြောင်း သိရသည်။

“ ဘတ်ဂျက်ခွဲဝေမှုတိုင်းမှာ ကျမတို့ ဒီဘတ်ဂျက်ကို အတည်ပြုတော့မယ်ဆိုရင် အမြဲတမ်း ပြဿနာတက်တယ်။ ဘတ်ဂျက်ခွဲဝေမှုမှာ မျှတမှု မရှိတာ၊ ကွာခြားမှု အများကြီး ရှိနေတဲ့ဟာ ဘတ်ဂျက်ခွဲဝေ တဲ့နေရာမှာ ခရိုင်အလိုက် ကို်ယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအလိုက် မြို့နယ် အလိုက် လူဦးရေ အနည်းအများအပေါ်မူတည်မယ်။ ဒေသအခြေနေအရ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ ဘတ်ဂျက်ကို အချိုးကျ မျှတစွာ ခွဲဝေထားသင့်တယ်ဆိုပြီးတော့ သုံးသပ်တယ်။” ဟု သျှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ အတွင်းရေးမှူး လည်းဖြစ် သီပေါမြို့ ပြည်နယ်လွှတ်တော်အမတ် နန်းစမ်းစမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၂၀ -၂၀၂၁ ခုနှစ်အတွက် ငွေကျပ်သန်းပေါင်း ၃၃၉၉၈၀.၃၃၆ ကို မေလ ၁၉ ရက် ယနေ့ လွှတ်တော်အတွင်း အတည်ပြုပြီး ၄င်းဘတ်ဂျက်အားလုံးကို ပြည်ထောင်စုသို့ ပြန်လည်တင် ပြရမည် ဖြစ်ကြောင်း သိရသည်။

“အတည်ပြုပြီး ဘတ်ဂျက်ကို ပြည်ထောင်စုကိုပြန်တင်ရသေးတယ်။ တင်ပြီးရင် ပြည်ထောင်စု က ပြန်ဖျက်ချအုံးမယ်။ ဘယ်လောက် ဖျက်ချမယ် ဘယ်လောက်ပဲ ရမယ်ဆိုလဲ မသေချာသေးဘူး။” ဟု နန်းစမ်းစမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော်သက်တမ်းမှာ အစည်းအဝေးများ ပြုလုပ်ကျင်းပနိုင်မှု ကို ပြန်ကြည့်လျှင် ယနေ့အထိ ပုံမှန်အစည်းအဝေး (၁၈) ကြိမ်၊ အရေးပေါ် အစည်းအဝေး (၃ ) ကြိမ် နှင့် ယခုအစည်းအဝေး အပါအဝင် အထူးအစည်းအဝေး ၂ ကြိမ် စုစုပေါင်း ၂၃ ကြိမ် ကျင်းပနိုင်ခဲ့ ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတွင် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိနေ

သျှမ်းပြည်နယ်တွင် ယခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းမတင်သွင်းသူ လေးဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၅၀ နှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၀၀ ထိ အသုံးပြုခွင့်ရရှိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၇ အရ...

ကိုဗစ် ၁၉ ကြား သျှမ်းလွှတ်တော် ယနေ့ စတင်

0
ယနေ့ ပြန်လည်ခေါ်ယူကျင်းပသည့် သျှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ကို ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည့်အတိုင်းလွှတ်တော်အမတ်များ တစ်ဦးနှင့်တဉီး  ၆ ပေ အကွာ ထိုင်ပြီး အစည်းအဝေး တက်ရောက်ကြကြောင်း သိရသည်။ ယနေ့ မေလ ၁၈ ရက် တွင် စတင်ကျင်းပသည့် အထူးအစည်းအဝေး တက်ရောက်ချိန်တွင်...

သျှမ်းပြည် COVID-19 အတွက် သီးသန့်ဘတ်ဂျက်လျာထားခြင်းမရှိ

0
သျှမ်းပြည်နယ် အစိုးရ အနေဖြင့် COVID-19 အတွက် သီးသန့် ဘတ်ဂျက်မရှိသော်လည်း သဘာဝ ဘေးအန္တရာယ် အတွက် လျာထားသည့် ဘတ်ဂျက်ကို သုံးစွဲသွားမည် ဟု သတင်းရရှိသည်။ သျှမ်းပြည်နယ် အတွက် ၂၀၂၀ သဘာဝ ဘေးအန္တရာယ် အတွက် ဘတ်ဂျက် ရန်ပုံငွေ သန်း ၈၀၀...

ပညာရေး ကျန်းမာရေးအတွက်သွားလာရခက်ခဲသည့် သီပေါမြို့က မြေသားလမ်း ပြုပြင်ရန် လာမည့် နှစ် ဘတ်ဂျက် လျာထားခြင်းမရှိ

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နမ့်ဟူးနွဲ့ ကောင်းခါးလမ်း အားပြုပြင်ရန်အတွက် လာမည့်နှစ်တွင် ဘတ်ဂျက်လျာထားခြင်း မရှိသေးကြောင်းသိရသည်။ ဒုတိယအကြိမ်မြောက် သျှမ်းပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ ဇွန် ၁၂ ရက်နေ့တွင် သီပေါမြို့နယ်...

သျှမ်းပြည်အတွင်းနိုင်ငံသားစိစစ်ရေး ကဒ်ပြား(မှတ်ပုံတင်)မရှိသေးသး ၅သိန်း ၇ သောင်းကျော်ရှိ နတလ ပြော

0
  သျှမ်းပြည် အတွင်း မှတ်ပုံတင် ကဒ် မကိုင်ဆောင် နိုင်သေးသူ ၅ သိန်း ရ သောင်း ကျော်ရှိကြောင်း သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ (နတလ) ဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြော သည်။ ဒုတိယ အကြိမ်မြောက် သျှမ်းပြည်နယ်လွှတ်တော်...