Wednesday, January 28, 2026

ကိုဗစ် ၁၉ ကြား သျှမ်းလွှတ်တော် ယနေ့ စတင်

ယနေ့ ပြန်လည်ခေါ်ယူကျင်းပသည့် သျှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ကို ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည့်အတိုင်းလွှတ်တော်အမတ်များ တစ်ဦးနှင့်တဉီး  ၆ ပေ အကွာ ထိုင်ပြီး အစည်းအဝေး တက်ရောက်ကြကြောင်း သိရသည်။

Photo by လွှတ်တော်အမတ်တဉီး – လွှတ်တော်ကိုယ်စားလှယ် များ ယနေ့ လွှတ်တော်တက်သည့် ပုံ

ယနေ့ မေလ ၁၈ ရက် တွင် စတင်ကျင်းပသည့် အထူးအစည်းအဝေး တက်ရောက်ချိန်တွင် လွှတ်တော်အမတ် တစ်ဦးလျှင် ၆ ပေ အကွာ  တစ်ခုံခြား ထိုင်ရကြောင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) နန်းမြထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျန်းမာရေး ဌာနက လမ်းညွှန်ထားတဲ့အတိုင်း ၆ ပေ အကွာမှာ ထိုင်ရတယ်။ ပြီးတော့ မနေ့က ရောက်တာနဲ့ ကျန်းမာရေး စစ်ဆေးတဲ့ အပိုင်းတွေ လုပ်တယ်။ ရိပ်သာမှာလည်း တစ်ယောက်တည်းပဲ နေထိုင်ရတယ်။” ဟု နန်းမြထွေး ကပြောသည်။

Photo by လွှတ်တော်အမတ်တဉီး – ယနေ့ သျှမ်းပြည်နယ်လွှတ်တော် ပြန်တက်ကြသည့် ပုံ

အထူးအစည်းအဝေးကို ၂ ရက်တာ ပြုလုပ်သွားမည် ဖြစ်ရာ လွှတ်တော်အမတ်များကို နှာခေါင်းစည်း နှင့် လက်အိတ် များလည်း ဖြန့်ဝေ ပေးထားကြောင်းသိရသည်။

“လွှတ်တော်က ကျန်းမာရေးဌာန က လမ်းညွှန်ထားတဲ့အတိုင်း လိုက်နာပါတယ်။ လက်မှတ်ထိုးတဲ့ နေရာမှာလည်း မြို့နယ် အလိုက် အဆင်ပြေအောင် လုပ်ပေးထားတယ်ဆိုတော့ အရင်ကဆို သျှမ်းမြောက်၊ သျှမ်းတောင် နဲ့ သျှမ်းအရှေ့ ဆိုပြီး လက်မှတ်ထိုးရတယ်။ ခုက မြို့နယ်အလိုက် လုပ်ပေးထားတော့ အဆင်ပြေတယ်။”ဟု သျှမ်းပြည်နယ် လွှတ်တော်အမတ် နန်းမြထွေး ကပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ၂ ရက် အချိန်ယူ ပြုလုပ်သွားမည်ဖြစ်ပြီး သျှမ်းပြည်နယ် ဘဏ္ဍရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀ – ၂၀၂၁ ခု ၊ ဘဏ္ဍရေးနှစ်  ရသုံးမှန်းခြေငွေစာရင်းအား အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ထိုင်းလူမျိုးအမည်ခံပြီး ဟိုတယ် ဖွင့်လှစ်ပေးသည့် ထိုင်း ၁ ဦးနှင့် တရုတ် ၂ ဦးကို ဖမ်းဆီး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chang Klan လမ်းရှိ နာမည်ကြီး အဆင့်မြင့်ဟိုတယ်တစ်ခုကို ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းအမျိုးသမီး ၁ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း Chiang Mai News က ဇန်နဝါရီလ ၁၆...

ထိုင်း၊ အမေရိကန်၊ လာအိုတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်မည်

0
ထိုင်း၊ အမေရိကန်နှင့် လာအိုနိုင်ငံတို့မှ တရားဥပဒေ စိုးမိုးရေးအရာရှိများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး ထိုင်းနှင့် လာအိုနိုင်ငံရှိ...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ဘန်ကောက်တွင် မြန်မာနိုင်ငံသားလင်မယားရန်ဖြစ်သည်ကို ဝင်တားပေးသည့် ထိုင်းအလုပ်ရှင် သေဆုံး

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခေ့ (Bang Khae ) နယ်မြေတွင် မြန်မာနိုင်ငံသားလင်မယားနှစ်ဦး စကားများရန်ဖြစ်သည်ကို သေနတ်ဖြင့် ဝင်ရောက်ဟန့်တားပေးရန်ကြိုးစားခဲ့သည့်ထိုင်းအလုပ်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားကြောင်း ထိုင်းသတင်းဌာတစ်ခုဖြစ်သည့် Khaosod-English တွင်ဖော်ပြထားသည်။ အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ဆိုသည့် မြန်မာနိုင်ငံသားမှ ၎င်း၏အမျိုးသမီးဖြစ်သူအား နာကျင်အောင်ပြုလုပ်ရန်ကြိုးစားသည့်အချိန် အလုပ်ရှင်ဖြစ်သူအသက် ၇၀...

ထိုင်းဝန်ကြီးချုပ်မှ ၂၄ နာရီအတွင်း  ငလျင်ပြန်လှုပ်ခတ်နိုင်သည့်အတွက် ထိုင်းတနိုင်ငံလုံးအား အရေးပေါ် ကြေညာချက်ထုတ် 

0
ယနေ့ (မတ်လ ၂၈) ရက် နေ့လ​ယ်ပိုင်းတွင် မြန်မာနိုင်ငံ စစ်ကိုင်းတွင်းဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် နောက် ၂၄ နာရီအတွင်း ပြင်းထန်မှုအင်းအားနည်းပါးနိုင်သော်လည်း သိသာသည့် အန္တရာယ်ရှိငလျင်များထပ်မံလှုပ်ခတ်နိုင်သည့်အတွက် တနိုင်ငံလုံးအား အရေးပေါ်အခြေအနေကြေညာကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်မှ ကြေညာထားသည်။ ယနေ့ (မတ် ၂၈)ရက် နေ့လ​​​ယ်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွက်...