ထိုင်း၊ အမေရိကန်၊ လာအိုတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်မည်

ထိုင်း၊ အမေရိကန်နှင့် လာအိုနိုင်ငံတို့မှ တရားဥပဒေ စိုးမိုးရေးအရာရှိများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး ထိုင်းနှင့် လာအိုနိုင်ငံရှိ အမေရိကန်သံရုံးများက ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သုံးနိုင်ငံထိပ်သီးအစည်းအဝေးတွင် ထိုင်းနှင့် လာအိုမှ လူဝင်မှုကြီးကြပ်ရေး ရဲအရာရှိ ၃၀ ဦးစီ၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ ၁၅ ဦးစီအပြင် ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေး၊ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး အပါအဝင် အမေရိကန်လုံခြုံရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြထားသည်။

ထိုင်း၊ အမေရိကန်၊ လာအိုတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်မည်

ထိုအစည်းအဝေးတွင် လူကုန်ကူးမှု၊ ကလေးသူငယ် ခေါင်းပုံဖြတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှုနှင့် အရှေ့တောင် အာရှတလွှားသားကောင်များကို ပစ်မှတ်ထား၍ ပိုမိုပျံ့နှံ့နေသော ဆိုက်ဘာစကမ် စစ်ဆင်ရေးများကို ထိုင်း၊ အမေရိကန်၊ လာအို အာဏာပိုင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေးလမ်းကြောင်းများ ချောမွေ့စေရန်နှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်သည့် အဖွဲ့အစည်းများကို နှိမ်နင်းရေးဗျူဟာများအား သုံးနိုင်ငံ ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရာဇဝတ်မှုကျူးလွန်သူများသည် ဒေသအာဏာပိုင်များကို မလေးစားသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သဖြင့် ယခုသုံးနိုင်ငံဆွေးနွေးပွဲတွင် ပါဝင်သည့် အာဏာပိုင်များ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် လိုအပ်နေကြောင်း၊ ယခုလုပ်ဆောင်သည့် ဆွေးနွေးပွဲသည် အာဆီယံတဝှမ်းတွင် တရားဥပဒေ စိုးမိုးရေးမိတ်ဖက်များ အားကောင်းလာစေရန်အတွက် ပဏာမခြေလှမ်းဖြစ်ကြောင်း ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းအတွက် မြန်မာနှင့် လာအို သဘောတူ

0
မြန်မာနှင့် လာအို နိုင်ငံတို့အကြား နယ်စပ်ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက လက်မှတ်ရေးထိုးလိုက်ကြကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ၃ ရက်ကြာ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးအတွင်း ဇူလိုင်လ ၄ ရက်နေ့က...

တရုတ်နှင့် အမေရိကန်၏ ဖိအားများကြား တာချီလိတ် ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင် အရေးယူပြ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၂ ဦးကို စက်ပစ္စည်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် ယမန်နေ့ (ဧပြီလ ၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ် ၁၂ နာရီခန့်တွင်...

ချင်းမိုင်တွင် ထိုင်းလူမျိုးအမည်ခံပြီး ဟိုတယ် ဖွင့်လှစ်ပေးသည့် ထိုင်း ၁ ဦးနှင့် တရုတ် ၂ ဦးကို ဖမ်းဆီး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chang Klan လမ်းရှိ နာမည်ကြီး အဆင့်မြင့်ဟိုတယ်တစ်ခုကို ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းအမျိုးသမီး ၁ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း Chiang Mai News က ဇန်နဝါရီလ ၁၆...