Monday, May 6, 2024

ထိုင်း

သျှမ်းအမျိုးသား ကာယဗလ မောင် ပထမဆု ထပ်မံရရှိ

 သျှမ်းအမျိုးသား ကာယဗလမောင်  စိုင်းဆိုင်အွန်သည် ယခုလအတွင်း ဖူးခက်မြို့တွင်ကျင်းပသည်က့်ယ ဗလပြိုင်ပွဲ၌ ပထမ ထပ်မံဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။  ဒီဇင်ဘာ ၂၅ - ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပသည့်  Thailand Southern Bodybuilding Championships ပြိုင်ပွဲ၌  ပထမဆု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။။  အဆိုပါ ပြိုင်ပွဲတွင် စိုင်းဆိုင်အွန်သည် အမြင့် 175 cm အထက်ပြိုင်ပွဲမှာ ခါးနံပါတ် (၈၇)ဖြင့် (၅)ယောက်တွဲပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။  ပထမဆုအဖြစ် အမျိုးသားဗလမောင် ရုပ်ထုနှင့် ထိုင်းဘတ်ငွေ ကျပ် (၁)သောင်း ရရှိခဲ့တာဖြစ်သည်။  နိုဝင်ဘာလတွင်လည်း ထိုင်းနိုင်ငံ ပတ္ထရားမြို့ တွင်ကျင်းပသည့် ကာလ ဗလပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့ဖူးသူဖြစ်သည်။ စိုင်းဆိုင်အွန်သည်  အသက် ၂၆နှစ်အရွယ်ရှိပြီး လုံးစင်နှင့် ပါခမ်း တို့၏ သားဖြစ်ပြီး သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ဇာတိဖြစ်သည်။

ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၁၅) ရက် မနက် ၉ နာရီအချိန်မှာ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂) မှ တစ်ဆင့်...

ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ

သျှမ်းပြည်ဘက်ခြမ်းပြန်၀င်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။ ၄င်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံဘက်မှအာဏာပိုင်များက  တာချီလိတ်သို့ပြန်ပို့ရန်အတွက် စီစဉ်နေဆဲဖြစ်ကြောင်း ပြန်ပို့မည့်ရက်မသိရသေးကြောင်း ကူညီသယ်ယူပို့ဆောင်ပေးရာတွင် ပါ၀င်သည့် တာချီလိတ်လူငယ်  တဉီးက သျှမ်းသံတော်ဆင့်အားပြောသည်။ “ထိုင်းဘက်ခြမ်းမှာ တာချီလိတ်ကိုပြန်ပို့ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်စုထားတယ်လို့သိရတယ်။ ဘယ်နေ့ပြန်ပို့မလဲဆိုတာ စောင့်ကြည့်နေပါတယ်။  ကျနော်တို့ဆီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့...

ထိုင်းနိုင်ငံ မှ တာချီလိတ်သို့ပြန်ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၀) ကျော် ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ သြဂုတ် ၄ ရက်က ထိုင်းအာဏာပိုင်များ လွဲအပ်သော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၄ ဦးကို တာချီလိတ် ဘက်ခြမ်းမှ ကူညီရေးအဖွဲ့က...

ကိုဗစ် ၁၉ ကြား သျှမ်းလွှတ်တော် ယနေ့ စတင်

ယနေ့ ပြန်လည်ခေါ်ယူကျင်းပသည့် သျှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ကို ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည့်အတိုင်းလွှတ်တော်အမတ်များ တစ်ဦးနှင့်တဉီး  ၆ ပေ အကွာ ထိုင်ပြီး အစည်းအဝေး တက်ရောက်ကြကြောင်း သိရသည်။ ယနေ့ မေလ ၁၈ ရက် တွင် စတင်ကျင်းပသည့် အထူးအစည်းအဝေး တက်ရောက်ချိန်တွင်...

ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်သည့် သျှမ်း/မြောက်မှ ဒေသခံ ၃၀ ဦး ကို ချင်းရိုင်းခရိုင်ရဲများက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ မတ် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းမြို့ ရှိ အိမ်တအိမ်တွင် ထိုင်းရဲတပ်ဖွဲ့များ က ဝင်ရောက်စစ်ဆေးရာ သျှမ်းပြည်မြောက်ပိုင်းမှလာသော...

ထမ့်လုံဂူတွင်းပိတ်မိ တောဝက် ၅ ကောင် ထိုင်းနိုင်ငံသားကတ်ရရှိ

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နယ် ထမ့်လုံခွန်နမ့်နန်းနောန်းဂူအတွင်းမှာ ၁၀ ရက်ခန့်အကြာပိတ်မိခဲ့သော မယ်ဆိုင်မြို့မှ အထက်တန်းကျောင်းသား မူပါဘော်လုံးအသင်း ၁၃ ဦးအနက် ၄ ဦးနှင့် ဂူအတွင်းပိတ်မိခြင်း မရှိသော ဘော်လုံးအသင်းသားတဦး စုစုပေါင်း ၅ ဦးအား ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ပြီး ထိုင်းနိုင်ငံသားမှတ်ပုံတင်အား တရားဝင် ပေးအပ်ခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၈...

Latest news