ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ

သျှမ်းပြည်ဘက်ခြမ်းပြန်၀င်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။

Photo Credit to CNCMC- ဒီဇင်ဘာလ ၂ ရက် တာချီလိတ်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ CNCMC မှကူညီပို့ဆောင်ပေးသော ထိုင်းနိုင်ငံသားများ

၄င်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံဘက်မှအာဏာပိုင်များက  တာချီလိတ်သို့ပြန်ပို့ရန်အတွက် စီစဉ်နေဆဲဖြစ်ကြောင်း ပြန်ပို့မည့်ရက်မသိရသေးကြောင်း ကူညီသယ်ယူပို့ဆောင်ပေးရာတွင် ပါ၀င်သည့် တာချီလိတ်လူငယ်  တဉီးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ထိုင်းဘက်ခြမ်းမှာ တာချီလိတ်ကိုပြန်ပို့ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်စုထားတယ်လို့သိရတယ်။ ဘယ်နေ့ပြန်ပို့မလဲဆိုတာ စောင့်ကြည့်နေပါတယ်။  ကျနော်တို့ဆီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ တပတ် ၃ ကြိမ် မှန်မှန်ပို့ပေးဖို့ ထိုင်းဘက်ကတောင်းဆိုထားတယ်။ ဆိုတော့ တနင်္လာ ဗုဒ္ဓဟူးနဲ့သောကြာနေ့တိုင်း ရှိသလောက် ပို့ပေးတယ်။ ” –   အဆိုပါလူငယ်ကပြောသည်။

တာချီလိတ်-မယ်ဆိုင်ကြား ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ အား ဧပြီလကတည်းက ပိတ်ပြီးနောက်ပိုင်း ၂ နိုင်ငံဘက်ခြမ်းရှိ နေရပ်ပြန်မည့်သူများအား ၂ နိုင်ငံအာဏာပိုင်များ ဆက်သွယ်ညှိနှိုင်းကာ စစ်ဆေးမှုပြုပြီး ပို့ပေးခဲ့သည်ဟုသိရသည်။

သို့သော် ထိုင်းဘက်ခြမ်းကမူ ထိုင်းအာဏာပိုင်များက နေရပ်ပြန်မည့်မြန်မာနိုင်ငံသားများအား ပုံမှန်ပို့ပေးခြင်းမရှိဘဲ သတ်မှတ်လူဉီးရေပြည့်မှသာ မြန်မာဘက်ခြမ်းရှိ အာဏာပိုင်များနှင့်ဆက်သွယ်ကာပို့ပေးခဲ့သည်ဟုလည်း ကူညီရေးအဖွဲ့မှပြောပြချက်အရသိရသည်။

Photo Credit to CNCMC- ဒီဇင်ဘာလ ၂ ရက် တာချီလိတ်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ CNCMC မှကူညီပို့ဆောင်ပေးသော ထိုင်းနိုင်ငံသားများ

ဒီဇင်ဘာလ  ၂ ရက် ယနေ့မနက်ပိုင်း ၁၀ နာရီကလည်း တာချီလိတ်ဘက်ခြမ်းရောက်ရှိပိတ်မိနေသော ထိုင်းနိုင်ငံသား ၃၁ ဉီးနှင့် သံဃာတော် ၄ ပါးတို့အား    တာချီလိတ်မြို့အမှတ် ( ၂ ) ချစ်ကြည်ရေတံတား မှတဆင့် လဝက ဌာနခွဲ (၆) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်ဦးစီးနှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ  CNCMC အဖွဲ့တို့က ထိုင်းနိုင်ငံနယ်စပ်ဂိတ်ရှိတာ၀န်ရှိသူများထံသွားရောက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

“ဒီတပတ်အတွင်းမှာဘဲ ထိုင်းဘက်ခြမ်းကိုကျနော်တို့ပို့ရတာ ၅၀ လောက်ရှိပါပြီ ”- ဟု လူငယ်ကပြောသည်။

နို၀င်ဘာ ၂၅ ရက်နေ့စကပြီးယနေ့အထိ တပတ်အတွင်း တာချီလိတ်မြို့နယ်တွင် ကိုဗစ်နိုင်တင်း ကူးစက်ခံရသူ ၇၀ နီးပါးရှိလာပြီးနောက် တာချီလိတ်ဘက်ခြမ်းရောက် ထိုင်းနိုင်ငံသားများ နေရပ်အသီးသီးပြန်ကြခြင်းဖြစ်သည်။  လက်ရှိသျှမ်းပြည်နယ်အတွင်း ကိုဗစ်နိုင်တင်းပိုးကူးစက်ခံရသူ ၄၃၈ ဉီးရှိပြီဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ချင်းမိုင်တွင် ထိုင်းလူမျိုးအမည်ခံပြီး ဟိုတယ် ဖွင့်လှစ်ပေးသည့် ထိုင်း ၁ ဦးနှင့် တရုတ် ၂ ဦးကို ဖမ်းဆီး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chang Klan လမ်းရှိ နာမည်ကြီး အဆင့်မြင့်ဟိုတယ်တစ်ခုကို ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းအမျိုးသမီး ၁ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း Chiang Mai News က ဇန်နဝါရီလ ၁၆...