ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo Credit to U Tun Maesai-ထိုင်းတွင် အကျဉ်းကျခံရသော မြန်မာနိုင်ငံသားများအား မြန်မာဘက်သို့ ပြန်လွှဲပြောင်းပေး

ယနေ့ ဒီဇင်ဘာ (၁၅) ရက် မနက် ၉ နာရီအချိန်မှာ တာချီလိတ်မြို့ရှိ မြန်မာ – ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂) မှ တစ်ဆင့် မြန်မာနိုင်ငံသား ( ၁၀၅) ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း မြန်မာ/ထိုင်း ဆက်ဆံရေး တာဝန်ခံ (ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ တာချီလိတ်) ဦးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“Q ထားပြီး ကိုဗစ် စစ်မှာပါ။ Negative ထွက်တဲ့အဖြေရပြီးရင် နေရပ်အသီးသီးကို ဆက်လက်ပို့ဆောင်မှာပါ။ ဘယ်နှစ်ရက်ဆိုတာတော့ ကိုဗစ် အဖြေပေါ်မူတည်ပါတယ်။” ဟု ဦးထွန်း ကပြောသည်။

ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ပြန်လည်လွဲပြောင်းလာသည့် မြန်မာနို်င်ငံသား (၁၀၅) ဦးကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်ကျေးရွာ အထက ကျောင်းတွင် Quarantine ထားပြီး ဓါတ်ခွဲနမူနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။

Photo Credit to U Tun Maesai-ထိုင်းတွင် အကျဉ်းကျခံရသော မြန်မာနိုင်ငံသားများအား မြန်မာဘက်သို့ ပြန်လွှဲပြောင်းပေး

ပြန်လွှဲပြောင်းလာသူများတွင် သျှမ်းပြည်တွင်းမှ အများဆုံးပါဝင်ပြီး ကယား၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး နှင့် နေပြည်တော်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား (၁၀၅) ဦးမှာ အမျိုးသား (၆၇) ဦး နှင့် အမျိုးသမီး (၃၈) ဦး တို့ ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ထိုင်းလူမျိုးအမည်ခံပြီး ဟိုတယ် ဖွင့်လှစ်ပေးသည့် ထိုင်း ၁ ဦးနှင့် တရုတ် ၂ ဦးကို ဖမ်းဆီး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chang Klan လမ်းရှိ နာမည်ကြီး အဆင့်မြင့်ဟိုတယ်တစ်ခုကို ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းအမျိုးသမီး ၁ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း Chiang Mai News က ဇန်နဝါရီလ ၁၆...

ထိုင်း၊ အမေရိကန်၊ လာအိုတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်မည်

0
ထိုင်း၊ အမေရိကန်နှင့် လာအိုနိုင်ငံတို့မှ တရားဥပဒေ စိုးမိုးရေးအရာရှိများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး ထိုင်းနှင့် လာအိုနိုင်ငံရှိ...

ချင်းမိုင်ရောက် မြန်မာတစ်ဦးက ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ် လေးထောင်လုယက်မှု ဖြစ်ပွားခဲ့

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ်လေးထောင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ အဆိုပါအမျိုးသားကို ယမန်နေ့ (သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် ချင်းမိုင်ခရိုင် San Pa...