Tuesday, January 27, 2026

ချင်းမိုင်ရောက် မြန်မာတစ်ဦးက ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ် လေးထောင်လုယက်မှု ဖြစ်ပွားခဲ့

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ်လေးထောင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။

အဆိုပါအမျိုးသားကို ယမန်နေ့ (သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် ချင်းမိုင်ခရိုင် San Pa Tong မြို့ San Klang ရပ်ကွက်ရှိ တည်းခိုခန်းတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူ Mr. Sai Nor (စိုင်းနော်) သည် ရည်းစားဟောင်းကို သတိရ၍ သွားရောက်တွေ့ဆုံပြီး အတူနေရန် တောင်းဆိုခဲ့သော်လည်း ရည်းစားဖြစ်သူက ချစ်သူအသစ်ရနေပြီဖြစ်၍ ငြင်းဆိုခဲ့သည်။

ထို့နောက် စိုင်းနော်သည် ဒေါသထွက်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ကာ ပိုက်ဆံလုယူထွက်ပြေးခဲ့ကြောင်း ဝန်ခံထွက်ခဲ့သည်ဟု Chiang Mai News သတင်း၌ ရေးသားဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်မှာ (သြဂုတ် ၁၃ ရက်) နေ့လယ်ပိုင်းက ချင်းမိုင်မြို့ Si Phum ရပ်ကွက်ရှိ တည်းခိုးခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် (၂၂) နှစ်အရွယ် စိုင်းနော် သည် ရည်းစားဟောင်းဖြစ်သူ အသက် (၁၉) နှစ်အရွယ် ယဉ်ဦး ထံမှ ဓားထောက်ပြီး ထိုင်းဘတ်ငွေ (၄,၀၀၀) လုယက်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။​
ဓားထောက်မှုကြောင့် ယဉ်ဦးသည် ဦးခေါင်း၊ မျက်နှာနှင့် ဘယ်ဘက် လက်မောင်းတို့တွင် ဓားဒဏ်ရာများဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြထားသည်။

တရားခံ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသဖြင့် ချင်းမိုင်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးရေး အဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးရာတွင် တရားခံမှာ ချင်းမိုင်ခရိုင် San Pa Tong မြို့ San Klang ရပ်ကွက် တွင် နေထိုင်သည့် အသက် (၂၂) နှစ်အရွယ် စိုင်းနာ် ဆိုသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် ချင်းမိုင်တရားရုံးမှ ဝမ်းဝရမ်းထုတ်ပြီး တရားခံကို သွားရောက်ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မူကျူးလွန်ရာတွင် အသုံးပြုခဲ့သော ဆိုင်ကယ်၊ ခရမ်းရောင် ပိုက်ဆံအိတ် ၁ လုံး၊ ငွေသား ၂,၅၀၀ ဘတ်နှင့် ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Chiang Mai News က ဖော်ပြထားသည်။

လက်ရှိ စိုင်းနော် ကို လက်နက် (ဓား) ဖြင့် ခြိမ်းခြောက်လုယက်မှု၊ သူတစ်ပါးအား ကိုယ်စိတ်ဆင်းရဲအောင် ပြုလုပ်မှု၊ လက်နက်ကိုင်ဆောင်မှု စသည့် စွဲချက်များဖြင့် ချင်းမိုင်မြို့မရဲစခန်းသို့ လွဲပြောင်း ပေးအပ်ထားပြီး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်

0
ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၁၅) ရက် မနက် ၉ နာရီအချိန်မှာ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂) မှ တစ်ဆင့်...

ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ

0
သျှမ်းပြည်ဘက်ခြမ်းပြန်၀င်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။ ၄င်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံဘက်မှအာဏာပိုင်များက  တာချီလိတ်သို့ပြန်ပို့ရန်အတွက် စီစဉ်နေဆဲဖြစ်ကြောင်း ပြန်ပို့မည့်ရက်မသိရသေးကြောင်း ကူညီသယ်ယူပို့ဆောင်ပေးရာတွင် ပါ၀င်သည့် တာချီလိတ်လူငယ်  တဉီးက သျှမ်းသံတော်ဆင့်အားပြောသည်။ “ထိုင်းဘက်ခြမ်းမှာ တာချီလိတ်ကိုပြန်ပို့ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်စုထားတယ်လို့သိရတယ်။ ဘယ်နေ့ပြန်ပို့မလဲဆိုတာ စောင့်ကြည့်နေပါတယ်။  ကျနော်တို့ဆီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့...