ထိုင်းနိုင်ငံ မှ တာချီလိတ်သို့ပြန်ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၀) ကျော် ရှိကြောင်း သတင်းရရှိသည်။

Photo by U Htun Maesai

ယမန်နေ့ သြဂုတ် ၄ ရက်က ထိုင်းအာဏာပိုင်များ လွဲအပ်သော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၄ ဦးကို တာချီလိတ် ဘက်ခြမ်းမှ ကူညီရေးအဖွဲ့က မယ်ဆိုင်- တာချီလိတ် ချစ်ကြည်ရေး တံတားအမှတ် ၂ တွင်စောင့်ဆိုင်းလက်ခံခဲ့ပြီး ၊ တာချီလိတ်ဒေသခံ ၆၄ ဦးမှ အပ ကျန်သည့် နေရပ်ပြန်အားလုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်များသို့ ဆက်လက်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ထပ်ဝင်လာဖို့ ရှိသေးတယ်။ ရောဂါဖြစ်နေတဲ့ ကာလတစ်လျှောက်လုံး ဆက်ဝင်လာဖို့ ရှိသေးတယ်။ တာချီလိတ်ကလူတွေပဲ Quarantine ထားမယ်။ ကျန်တဲ့သူတွေကိုတော့ မနေ့ကတည်းက လွှတ်လိုက်ပါပြီ။ သူတို့တွေကတော့ သက်ဆိုင်ရာ မြို့နယ်မှာ Quarantine ဝင်ရမယ်” ဟု ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

https://www.facebook.com/photo?fbid=2886214974939270&set=pcb.2886215374939230

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းရှိ စက်ရုံများ အလုပ်ရုံများ၊ လေကြောင်းလိုင်းများ နှင့် ကားလိုင်းများ ရပ်ဆိုင်းထားခံရသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း လုပ်ငန်းခွင်များစွာ ရပ်ဆိုင်းခဲ့ရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံသို့ နေ့စဉ် နှင့်အမျှ ပြန်လည်ဝင်ရောက်လာသည်။

မတ်လ မှ စတင်ပြီး တာချီလိတ် တံတား အမှတ်(၂) မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စတင်လက်ခံရာမှာ သြဂုတ် ၄ ရက် အထိ (၄၀၀၀) ကျော် ရှိသွားပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က ပြောသည်။

အလားတူ ထိုင်းနိုင်ငံ မဲဆောက်မှ ကရင်ပြည်နယ် မြဝတီမှ တဆင့် နေရပ်ပြန် သူများအနက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ပြန်လာသူများမှာ မေ (၂၇) မှ သြဂုတ် (၄) ရက်ထိ စုစုေပါင်း ၂၇၂၈ ဦး ရှိပြီဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ထံ မှ စုံစမ်းသိရှိရသည်။

“မြဝတီမှ ဝင်လာသည့် သူတွေ ရဲ့ ဓါတ်ခွဲနမူနာ ယူဖို့ ကျန်တာ (၅၃၁) ဦး ကျန်သေးတယ်” ဟု လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။

မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတားသည် ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် မတ် ၂၅ ရက်မှ စတင်ပိတ်လိုက်သော်လည်း နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်လက်ခံနေကြောင်း သိရသည်။

လွန်ခဲ့သည့် မတ် ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လာသည့် အသက် ၂၄ နှစ် အရွယ် ကျောက်မဲသား အမျိုးသားတစ်ဦး ကိုဗစ်-၁၉ အတည်ပြု လူနာ အဖြစ်တွေ့ရှိခဲ့သည်။

ထို့နောက် ပြည်ပ မှပြန်လာသည့် ပြည်တော်ပြန်များကို သက်ဆိုင်ရာ အာဏာပိုင်များမှ နေရပ်ပြန်မည့် ဒေသခံများကို Quarantine ဝင်ပြီးမှ မိမိနေရပ်သို့ ပြန်ခွင့်ပြုကြောင်း သိရသည်။

ယခင်တွင် မြန်မာ – ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတား အမှတ် (၁) တွင် တရားဝင် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို မတ် (၂၅) ရက် ညနေ ၅ နာရီအထိ တာချီလိတ် သို့ ဖြတ်သန်းခွင့်ပေးမည်ဟု ထိုင်းအာဏာပိုင်များက ကြေငြာခဲ့သည်။

မြန်မာ – ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားများကို မတ် (၂၃) ရက်တွင် ပိတ်ရန် နှစ်ဖက်နိုင်ငံ၏ သက်ဆိုင်ရာ ဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...