ထိုင်းဝန်ကြီးချုပ်မှ ၂၄ နာရီအတွင်း  ငလျင်ပြန်လှုပ်ခတ်နိုင်သည့်အတွက် ထိုင်းတနိုင်ငံလုံးအား အရေးပေါ် ကြေညာချက်ထုတ် 

ယနေ့ (မတ်လ ၂၈) ရက် နေ့လ​ယ်ပိုင်းတွင် မြန်မာနိုင်ငံ စစ်ကိုင်းတွင်းဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။

ထို့ကြောင့် နောက် ၂၄ နာရီအတွင်း ပြင်းထန်မှုအင်းအားနည်းပါးနိုင်သော်လည်း သိသာသည့် အန္တရာယ်ရှိငလျင်များထပ်မံလှုပ်ခတ်နိုင်သည့်အတွက် တနိုင်ငံလုံးအား အရေးပေါ်အခြေအနေကြေညာကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်မှ ကြေညာထားသည်။

ယနေ့ (မတ် ၂၈)ရက် နေ့လ​​​ယ်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွက် လှုပ်ခတ်ခဲ့သော ငလျင်ပြင်းအားမှာ မြန်မာနိုင်ငံကဲ့သို့ အင်အားမပြင်းထန်သော်လည်း ဘန်ကောက်မြို့အတွင်းဆောက်လက်စ စာရင်းစစ်ချုပ်ရုံးအဆောက်အဦးပြိုကျမှုအတွင်း အလုပ်သမား ၈၁ ဦးထက်မနည်းပိတ်မိနေဆဲဖြစ်ပြီး အဆောက်အဦးပြိုကျချိန်တွင် ဆောက်လုပ်ရေးလုပ်သား ၁၀၀ နီးပါးရှိနေခဲ့သည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားဦးရေ စုစုပေါင်း ၄၀၀ ကျော်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငလျင်


အင်အားပြင်းထန်ပြီး ၈ ရစ်ချ်တာစကေးနီးပါးရှိသည့် ငလျင်ကြီးသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း အနီးလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် ၁၂ ကြိမ်ထပ်မံလှုပ်ခတ်ခဲ့သေးကြောင်း ထိုင်းမိုးလေဝသဌာန မြေငလျင်စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆက်တွဲငလျင်များသည် အဓိကလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးလောက်မပြင်းထန်နိုင်ဘဲ အင်အားလျော့သွားနိုင်ချေရှိသော်လည်း လုံးဝရပ်တန့်သွားရန် ရက်သတ္တပတ်ခန့်ကြာမြင့်နိုင်ကြောင်းလည်း ထိုင်းနိုင်ငံ၏ သတ္တုအရင်းအမြစ်ဌာနမှထုတ်ပြန်ထားသည်။

သို့သော်လည်း ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံတဝှမ်း ဓာတ်အားပေးစက်ရုံများနှင့် ဆည်များ၏လည်ပတ်မှုကို ထိခိုက်ခြင်းမရှိကြောင်း ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့မှ ပြောကြားထားသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာကလေးငယ်အပါ ကလေးငယ် ၁,၃၀၀ ကျော် ပန်းရောင်ကတ် တရားမဝင် မှတ်ပုံတင်ပေးမှု ထိုင်းတနိုင်ငံလုံးစစ်ဆေးမှုစတင်

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒိန်း (Din Daeng) ခရိုင်ရှိ ပြည်သူ့အိမ်ရာတိုက်ခန်း၊ အိမ်ရာများတွင် မြန်မာနိုင်ငံသား ကလေးငယ် အများစုပါဝင်သည့် ရွှေ့ပြောင်းကလေး ၁,၃၀၀ ကျော်အား တရားမဝင် ပန်းရောင်ကတ် (Pink Card) မှတ်ပုံတင်ပေးခဲ့သည့် အမှုအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး စုံစမ်းစစ်ဆေးမှုများ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...