Tuesday, January 27, 2026

ပညာရေး ကျန်းမာရေးအတွက်သွားလာရခက်ခဲသည့် သီပေါမြို့က မြေသားလမ်း ပြုပြင်ရန် လာမည့် နှစ် ဘတ်ဂျက် လျာထားခြင်းမရှိ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နမ့်ဟူးနွဲ့ ကောင်းခါးလမ်း အားပြုပြင်ရန်အတွက် လာမည့်နှစ်တွင် ဘတ်ဂျက်လျာထားခြင်း မရှိသေးကြောင်းသိရသည်။

ဒုတိယအကြိမ်မြောက် သျှမ်းပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ ဇွန် ၁၂ ရက်နေ့တွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက – “ သီပေါမြို့နယ် မန်ဟဲကျေးရွာအုပ်စုနှင့် ဘော်ကြိုကျေးရွာအုပ်စု ဆက်လမ်း နမ့်ဟူးနွဲ့ကောင်းခါးလမ်းသည် လက်ရှိမှာ မြေသားကြမ်းတမ်း မတ်စောက်ပြီး အကွေ့အကောက်များသည့် တောင်တက်လမ်းဖြစ်ကြောင်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင်နိုင်သည့် အမျိုးအစားဖြစ်သည့် အတွက် အဆိုပါ လမ်းအား လာမည့်နှစ်ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးနိုင်ရန် အစီစဉ် ရှိ၊မရှိ” မေးခွန်း အပေါ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ခွန်ရဲထွေးက ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

“၂၀၁၉ – ၂၀၂၀ ဘဏ္ဍရေး နှစ် မှာတော့ သီပေါမြို့နယ်ရဲ့ အခြားလမ်း ၅ လမ်းမှလုပ်ငန်း အတွက် ၅၃၂. ၅ သန်း သုံးစွဲဖို့ လျာထားတောင်းခံထားပါတယ်။ ဒါကြောင့် နမ့်ဟူးနွဲ့ ကောင်းခါး မြေသားလမ်းအတွက် ၂၀၁၉- ၂၀၂၀ ခုနှစ်မှာ လျာထားခြင်း မရှိသေးကြောင်း” လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ခွန်ရဲထွေး က ပြောသည်။

နှစ်စဉ်ရရှိသည့် ဘဏ္ဍာငွေ အခြေအနေအရ လတ််တလော လိုအပ်မှုများကို ဦးစားပေးအလိုက် စိစစ်ရွေးချယ်ကာ မြို့နယ် စိစစ်ရေးဆွဲရေးကော်မတီက တောင်းခံလာပါက ဆက်လက်လျာ ထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ခွန်ရဲထွေး က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

သီပေါမြို့နယ် ကော်မတီမှရေးဆွဲထားသည့် ကျေးလက်လမ်း ၁၃ နှစ် စီမံကိန်း ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်များမှာ မြေမှကျောက်ချောလမ်းသို့ ဆောင်ရွက် ရန် လျာထားကြောင်း သိရသည်။

အဆိုပါ နမ့်ခမ်း ကောင်းခါး ကားလမ်းသည် ပွင့်လင်းရာသီမှာပင် ကား၊ ဆိုင်ကယ် တက်၍မရကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသည့် အတွက် ကောင်းခါး ရွာမှ စာသင်ကျောင်း ဆေးပေးခန်း လျှပ်စစ်မီးများ လုံးဝ မရရှိကြောင်း လည်း သီပေါမြို့ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး က ပြောသည်။

မူလတန်း ကလေးငယ်များသည် နေ့စဉ် လမ်း ၂မိုင် ကျော် လျှောက်ပြီး မန်ဟဲကျေးရွာ နမ့်ဟူးနွဲ့ကျေးရွာသို့ ကျောင်းသွားတက်နေရကြောင်း၊ အဆိုပါကလေးများအတွက် လုံခြုံ ဘေးကင်း မှုကို မည်သူကိုမှ တာဝန်မယူကြောင်းလည်း နန်းစမ်းစမ်းအေး အဆိုတင်သွင်းသည့် အချိန်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် ရွာသား များ နာမကျန်းဖြစ်ပါကလည်း ဆေးရုံ ဆေးခန်းသို့သွားနိုင်ရန် မသက်နိုင်သည့် အတွက် ကျန်းမာရေး အကြောင်း သိရှိနားလည်သူဖြင့်သာ ကုသနေရကြောင်း ၄င်းကဆိုပါသည်။

အဆိုပါ လမ်းအား အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက် ဆောက်လုပ်ပေးမည်ဆို ပါက သီပေါမြို့နယ်ရှိ ပန်ကျီးကျေးရွာ နမ့်ဟူးနွဲ့ရွာ ရှိ အိမ်ခြေပေါင်း ၉၄ အိမ် လူဦးရေ ၄၈၀ ကျော်၏ အခက်အခဲကို ဖြေရှင်းနိုင်မည် ဟုလည်း သိရသည်။

ကျေးလက်လမ်း ဖွံ့ဖြိုး ဦးစီးဌာနမှ မြို့နယ် အလိုက် ရန်ပုံငွေ ခွဲဝေရာတွင် သီပေါမြို့အတွက်ပါဝင်မှု အချိုးမှာ ၃၃.၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ် ရန်ပုံငွေ ခွင့်ပြုချက်များမှာ နှစ်စဉ် စုစုပေါင်း ပျမ်းမျှ ၄၁၅ သန်းရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...