မိုင်းရှူးရှိကျေးလက်ကျန်းမာရေးဝန်ဆောင်မှု လိုအပ်နေသေး မိုင်းရှူးပြည်နယ်ကိုယ်စားလှယ် လွှတ်တော်တွင်ဆွေးနွေး

မိုင်းရှူးမြို့နယ်၊ မိုင်းစံဒေသအတွက် ထိရောက်သောကျန်းမာရေး ဝန်ဆောင်မှုများလိုအပ်ကြောင်း မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် စိုင်းလင်းမြတ်က သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်။

Photo by SHAN/ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြန်လည်စတင်သော စက်တင်ဘာ ၁၇ နေ့ တွင်ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။

“မိုင်းစံမှာ တိုက်နယ်ဆေးရုံရှိတယ်။ အဲ့ဆေးရုံက စဆောက်ကတည်းက ပိတ်ထားတယ် ။ မိုင်းစံမြို့နဲ့ ဘေးပတ်ဝန်းကျင်မှာ လူဦးရေတစ်သောင်းဝန်းကျင်လောက်ရှိတယ်။ မိုင်းစံမြို့မှာ သားဖွားဆရာမတစ်ယောက် ရယ်၊ ကြီးကြပ်တစ်ယောက်ရယ် ရှိတယ်။ သားဖွားဆရာမက သင်တန်းတက်နေတယ် ကြီးကြပ်နဲ့ပဲသွားနေရတယ်။ ရပ်ရွာတွေမှာဆို နိုင်ငံခြား အင်္ဂလိပ်ဆေး တွေမသုံးရဘူး ခုချိန်ထိ။ သစ်ဥသစ်ဖုနဲ့ပဲ ကုနေရတဲ့အခြေနေရှိတယ်။ မိုင်းစံမှာ ကျန်းမာရေးဌာနခွဲပဲရှိတယ် self-center မရှိဘူး ။အဲ့ဒါကို ကျန်းမာရေးဌာနကြီးဖြစ်အောင် တောင်းခဲ့တယ် ဒါပေပမဲ့ထူးခြားမှုမရှိဘူးဟု” မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် စိုင်းလင်းမြတ်က ပြောကြားခဲ့ပါသည်။

၄င်းနှင့်ပတ်သက်ပြီး ၀န်ကြီးက နေပြည်တော်သို့တင်ပြထားကြောင်း ပြောဆိုသည်ဟု သိရသည်။

“အရင်ကတခါမေးဖူးတယ် ။နေပြည်တော်ကိုတင်ထားတယ်ဘဲပြောတယ်။အခုလည်းအဲလိုဘဲပြောပါတယ်” -ဟု စိုင်းလင်းမြတ်ကပြောသည်။

၎င်းအစည်းအဝေးကို ပြည်နယ်လွှတ်တော် ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၅ ဦး တက်ရောက်ခဲ့ပြီး ခွင့်ပန်ကြားထားသူ ၁၈ ဦးရှိကြောင်းသိရပါသည်။

မိုင်းစံအုပ်စုသည်မိုင်းရှူးမြို့ တောင်ဘက်တွင်တည်ရှိပြီးလက်ရှိတွင် သွားလက်ဆက်သွယ်မှုလွယ်ကူနေပြီဖြစ်ကြောင်း သို့သော် ကျန်းမာရေးဝန်ဆောင်မှုအတွက်ခက်ခဲနေဆဲဖြစ်ပြီး ဒေသခံများသည် မိုင်းရှူးဆေးရုံသို့ သာသွားရောက်ကုသမှုခံယူနေရဆဲဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။ ယခု  ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

မိုင်းရှူးမြို့နယ်ထဲ အချိန်အခါမဟုတ် မိုးသီးကြွေကျခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး ကြွေကျခဲ့ခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မိုင်းရှူးမြို့နယ်ရှိ နားစံကျေးရွာနှင့် ပန်စွဲကျေးရွာဘက်တွင် နှစ်စဉ်ပုံမှန် ဆောင်းသီးနှံ ရာသီစာဖြစ်သည့် ဖရဲသီးများကို စိုက်ပျိုးလေ့ရှိကြပြီး၊ ဒေသခံအချို့သည် ခြံစိုက်ခင်းများကို ငှားရမ်းကာ ဖရဲသီးများကို စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...