Tuesday, January 27, 2026

တောင်ကြီးမြို့တွင် ရင်ခွင်မဲ့မသန်စွမ်းသူ များ အတွက် ကူညီထောက်ပံ့ပွဲကျင်းပ

ရင်ခွင်မဲ့ နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးအဖွဲ့ တောင်ကြီးမြို့နယ် အနေဖြင့် သျှမ်းပြည်နယ် တွင်စတင်လှုပ်ရှား ဆောင် ရွက်သည့်ကူညီ ထောက်ပ့ံရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်ကို မြို့တော် ခန်းမတွင် ဇွန်လ (၁၄) ရက်နေ့က ကျင်း ပခဲ့သည် ။

တောင်ကြီးမြို့ မြို့တော်ခန်းမတွင်ကျင်းပသော ရင်ခွင်မဲ့ နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မသန်စွမ်းအသင်းအဖွဲ့ (၄) ဖွဲ့ ရှိပြီး သျှမ်းပြည်နယ် တောင်ပိုင်း တစ်ခုလုံး တွင် လူဦးရေ အနေဖြင့် (၂၄၀၃ ) ဦးရှိကြောင်း ၊ ရင်ခွင်မဲ့ များထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ တောင်ကြီး မြို့တွင် (၈)ခုရှိပြီး သျှမ်းပြည်နယ်တောင်ပိုင်း တစ်ခုလုံးတွင် (၂၃) ခု ၊ လူဦးရေ အားဖြင့် (၂၂၀)ဦး အထိ ရှိသည် ဟု သျှမ်းပြည်နယ် မသန်စွမ် းကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူထားသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် ကပြောသည် ။

တောင်ကြီးမြို့ မြို့တော်ခန်းမတွင်ကျင်းပသော ရင်ခွင်မဲ့ နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်

” အရင်က မိဘမဲ့ လို့သုံးနှုန်းခဲ့ပေမဲ့ ယခုအခါမှာတော့ ရင်ခွင်မဲ့ လို့ခေါ်ဝေါ်သုံးစွဲထားပါတယ် ၊ ကျနော်တို့ဟာ ရင်ခွင်မဲ့ နဲ့ မသန်စွမ်း သူများကို သနားဖို့မလိုပဲ စာနာတတ်ဖို့ပဲလိုပါတယ် ” ဟု ၄င်းကပြောသည် ။

ရင်ခွင်မဲ့ နှင့်မသန်စွမ်း ကူညီထောက်ပံ့ရေးအဖွဲ့ ဂီတဖျော်ဖြေပွဲနှင့် စျေးရောင်းပွဲတော် ကို ဇွန်လ ၁၃ ရက်မှ ၁၇ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟုသိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

စစ်ရေးကြားထဲ ဒုက္ခသောကနဲ့ ဗျာများနေတဲ့ဘဝ

0
ဝီးချဲ ခေါ် ဘီးတပ်ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဘီးကို လက်ဖြင့်တွန်းရင်း မီးဖိုခန်းမှ ဧည့်ခန်းဆီသို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီး ကတရွှေ့ရွှေ့ဝင်လာလေသည်။ ဧည့်ခန်းထဲရှိ ကုတင်လေးဆီသို့ ဉီးတည်ပြီး သွားလေသည်။ ကုတင်ပေါ်တွင် စကားကောင်းမွန်စွာ မပြောနိုင်၊ မလှုပ်ရှားနိုင်သော လေဖြတ်ထားသည့် အမျိုးသားတစ်ဉီး လဲလှောင်းအိပ်စက်နေသည်။ “အစ်ကို ထတော့ထတော့” ဟု နန်းဆမ်...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...