တရုတ်ပို့မည့်နွားတင်ကားများ ကျောက်မဲမြို့နယ်အတွင်း ပတ်ခတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် နွားများ တင်ဆောင်လာသည့် ကားများအား အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ ပစ်ခတ်သဖြင့် ကားဆရာ ၂ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၁ ရက် မနက် ၁ နာရီ ခွဲ ဝန်းကျင်က ကျောက်မဲမြို့နယ် နှင့် နားအိုက်ခန့်ကျေးရွာ အနီးရှိ ရင်ခွဲတောင်တွင် တရုတ်ပြည်သို့တင်ပို့မည့် နွားများတင်လာသည့် ၁၂ ဘီးကားကြီး ၅ စီး ခေတ္တ ရပ်နားစဉ် ရင်ခွဲတောင်ပေါ်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ရာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် နွားထိန်းသူတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ကျောက်မဲမြို့နယ် ဇီဝိတဒါန လူမှု ကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်းက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“ ယဉ်မောင်းနဲ့ နွားထိန်းက တော့ ခြေသလုံး ခြေဖဝါး တွေမှာ ထိတယ်။ ဒဏ်ရာ ကတော့ မစိုးရိမ်ရဘူး။ဒါပေမယ့် လူထုအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုရှိနေကြတယ်။ အရင်က ဒီနွားကားတွေ ဟာ တောလမ်းကနေ သွားကြတယ်။ တောလမ်းမှာ လက်နက်ကိုင်နဲ့တွေ့ရင် အခွန်ဆောင်ရတယ်။ ဒီလောက်ဘဲရှိတယ်။ အခုနောက်ပိုင်းတော့ တရားဝင် နွားတွေတင်ပို့ခွင့်ရှိလာတော့ ဒီလိုပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်လာတာပဲ” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

လက်ရှိ ပစ်ခတ်ခံရသည့် ကားများမှာ တရုတ်ပြည်သို့ နွားများတရားဝင်တင်ပို့ခွင့် ရသည့် ကုမ္ပဏီ မှ ကားများဖြစ်ကြောင်း လည်း သိရသည်။

ကျောက်မဲမြို့ နယ် နှင် ့သီပေါမြို့နယ် ကြား မကြာခဏ ကားများ ပစ်ခတ်ခံရသည့်အတွက် ကားသမားများနှင့် ဒေသခံများအတွက် လုံခြုံမှုမရှိဖြစ်နေကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိသည့် နယ်မြေ ဖြစ်နေကြောင်းလည်း ဦးတင်မောင်သိန်း က ပြောသည်။

ကျောက်မဲဒေသခံအမျိုးသားတဦးကလည်း “ နွားတင်တဲ့ကားတွေ က အခုနောက်ပိုင်း ကျနော်တို့ကျောက်မဲ နဲ့သီပေါ လမ်းကြားမှာ အမြဲတမ်းလိုလို ပစ်ခံရတယ်။ ပစ်ခံရရင်လည်း တရားဝင် လိုင်စင် နဲ့နွားကားတွေပဲ။ ပစ်ခံရတဲ့ အချိန်က နေ့ရော ညရောပါပဲ။ အသက်သေဆုံးတဲ့သူတောင် ရှိတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တရုတ်ပြည်သို့ တင်ပို့မည့် နွားတင်ကား ပစ်ခံရသည့် ကိစ္စနှင့် ပတ်သတ်ပြီး ကျောက်မဲမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက “ မနေ့က နွားတင်ကား တစီး ပစ်ခံရတာ ဟုတ်ပါတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး” ဟု ပြောသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရတပ်မတော်အပြင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) တို့ လှုပ်ရှားနေသည့် နေရာဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေလတွင်လည်း သီပေါမြို့နယ် ရေပူ တွင်လည်း ကုန်တင်ကားတစီးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ကာ ကားသမား တဦးသေဆုံးပြီး ယာဉ်နောက်လိုက် ၂ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...