Wednesday, January 28, 2026

မူစယ် ပုဂ္ဂလိက ကျောင်းများထံ ကချင် လက်နက်ကိုင် အခွန်ကောက်

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် အတွင်းရှိ ပုဂ္ဂလိက ကျောင်း များထံ ကချင် လွတ်မြောက်ရေး အဖွဲ့ မှ တကျောင်းလျှင် အခွန် ၁၀ သိန်းကျပ် ကောက်သည့် စာပို့ထားကြောင်း သတင်းရရှိသည်။

၂၀၁၇ – ၂၀၁၈ ခုနစ် ဘဏ္ဍာရေးနှစ်အတွက် ပုဂ္ဂလိက မူလတန်းတကျောင်းလျှင် ကျပ် ၉ သိန်း၊ အလယ်တန်း ကျပ် ၁၀ သိန်း နှင့် အထက်တန်း ကျောင်း ကျပ် ၁၅ သိန်း ပေးဆောင်ရမည် ဖြစ်ပြီး၊ ကွတ်ခိုင်မြို့နယ် KIO အမှတ် (၉ ) တပ်ရင်း အကောက်ခွန်ဌာနရုံးခွဲ သို့ ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထားပေးဆောင်ရမည် ဟု စာရွက်တွင် ရေးသားထားကြောင်း ပုဂ္ဂလိက ကျောင်း ပိုင်ရှင် တဦး က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“ ကျမတို့ ဆီကို ဒါ ပထမဆုံးအကြိမ် လာကောက်တာ။ မနှစ်က ပုဂ္ဂလိက ကျောင်းတကျောင်းကို စာရောက်ပြီး ဆက်ကြေးသွားပေးတယ်လို့ကြားတယ်။ ပညာရေး နဲ့ လုပ်တဲ့သူတွေဆီ ငွေရမှန်းသိလို့ ဒီနှစ်လာကောက်တယ် ထင်တယ်” လို့ ပုဂ္ဂလိက ကျောင်းပိုင်ရှင် အမျိုးသမီး ကဆိုသည်။

မူစယ်မြို့တွင်နေထိုင်သည့် ဒေသခံများထံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မကြာခဏ ဆက်ကြေး များလာရောက်ကောက်ကြကြောင်း၊ မူစယ်မြို့တွင် ရှိ စျေးဆိုင်များ၊ ဘော်ဒါဆောင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များ၊ ထံ နှစ်စဉ် အခွန်ကောက်ခံသည့် စာရောက်လာကြောင်း သူမ က ထပ်မံဆိုသည်။

“ မူစယ်မှာ ငွေရှိတဲ့သူတွေတောင် ပေါ်ပေါ်ထင်ထင် မနေရဲဘူး။ မူစယ်မှာ နေတဲ့သူဘဝက သနားစရာပါ။ အခွန်ဆောင်တဲ့ စာတွေ က ခဏခဏလာတယ်။ ကြောက်လည်း ကြောက်နေရတယ်” ဟု မူစယ်မြို့ဒေသခံ စိုင်းကျော် က ပြောသည်။

ကေအိုင်အေအခွန်ကောက်ခံမှု ဟုတ်မှန်ကြောင်း ကေအိုင်အေကို ထောက်ခံသည့် ကေဘီစီ ကချင်နှစ်ချင်း အသင်းတော် မှ အမည်မဖေါ်လိုသည့် ဓမ္မဆရာတဦးက အတည်ပြုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် ကေအိုင်အေထံမှ သီးခြားအတည်ပြုချက်မရရှိခဲ့ပေ။

မူစယ် ပုဂ္ဂလိကကျောင်းထံ သို့ KIO မှ ပေးပို့သည့် စာရွက်တွင် ဆက်ကြေးကောက်ခြင်းမဟုတ်ကြောင်း၊ နှစ်စဉ် နှစ်တိုင်း အခွန်ကောက်ခြင်းသာဖြစ်သည် ဟု လည်း ရေးသားထားသည်။

“ ကျနော်တို့တည်းခိုခန်းကိုလည်း ရှေ့လက ပလောင် တပ် ( TNLA) က ဆယ်သိန်းတောင်းတဲ့ စာရွက်ရောက် လာတယ်။ တရုတ်ပြည်ထဲ လာဆောင်ဖို့ လည်းရေးထားတယ်။ နောက် ညတိုင်းလိုလို တည်းခိုခန်းကို ဖုန်းဆက် လာတယ်” ဟု မူစယ် မြို့ တည်းခိုခန်း ပိုင်ရှင် တဦးက ပြောပြသည်။

မူစယ်မြို့ တွင် တိုင်းရင်းသားလက်နက်ကိုင် များ၊ ပြည်သူ့စစ်များ ကျင်လည် ကျက်စားသည့် နေရာ ဖြစ်သည့် အလျောက် ပြည်သူများထံလည်း မကြာခဏ အခွန်အခများ လာရောက်ကောက်ခံမှုများပြုလုပ်သည်ကို ဒေသခံများက စိုးရိမ်ကြောက်လန့်မှုများဖြစ်နေရကြောင်းလည်း သိရသည်။

မူစယ်မြို့တွင် စုစုပေါင်းပုဂ္ဂလိကကျောင်း ၂၁ ကျောင်းရှိကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...

နမ့်ခမ်းမြို့ကို TNLA လက်လွတ်ရမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၂၀၂၆ အတွက် အခွန်ကြိုတင်ကောက်နေ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းမျိုးစုံထံ အခွန်ကြိုတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို...

မန္တလေး – မူဆယ် သွားလာနေသော ကုန်တင်ကားများကို ရွှေဘို PDF က အခွန်ကောက်

0
မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာသည့် လမ်းခရီးတလျှောက် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က အခွန်ကောက်ခံနေကြောင်း သတင်းရရှိသည်။ မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာနေသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က ပြီးခဲ့သည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး တင်ဆောင်လာသည့် ကုန်ပစ္စည်းပေါ်...

နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ...

စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

0
စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET...