နမ့်ခမ်းမြို့ကို TNLA လက်လွတ်ရမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၂၀၂၆ အတွက် အခွန်ကြိုတင်ကောက်နေ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းမျိုးစုံထံ အခွန်ကြိုတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို တစ်ဆိုင်လျှင် ကျပ်ငါးသိန်းမှ သိန်း ၅၀ အထိ TNLA လက်အောက်ခံ အခွန်ဌာနမှ ၂၀၂၆ ခုနှစ်အတွက် တစ်နှစ်စာ အခွန်ကြိုတင် ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

“TNLA က၂၀၂၆ အတွက် အခွန်ကြိုကောက်တာလို့ ပြောတာ။ ကုန်စုံဆိုင်တွေ၊ ကလေးအထည်ဆိုင်တွေကို သိန်း ၂၀ ကျော်က စကောက်တယ်။ အနည်းဆုံး ၅ သိန်းကနေ သိန်း ၅၀ ထိ တစ်နှစ်စာလို့ ပြောတယ်၊ လိုင်စင်ရှိလည်း တရားမဝင်ဘူးတဲ့။ ပြီးတော့ သူတို့ကို လက်ဖက်ရည်ဖိုး ၂ သိန်းလည်း KPay ထဲ ထပ်လွှဲပေးရတယ်။ အခွန်ကောက်တာ အရမ်းများလို့ တချို့လည်း မပေးနိုင်တော့ ဆိုင်ပိတ်ရတော့မယ်”ဟု နမ့်ခမ်းဒေသခံ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA လက်အောက်ခံ အခွန်ဌာနမှ ၂၀၂၆ ခုနှစ်အတွက် ကြိုတင်ကောက်ခံသည့် နှုန်းထားထဲတွင် စည်ပင်ခွန် ၂ သိန်းနှင့် အမြတ်တော်ခွန် ၁၀ သိန်း သတ်မှတ်ထားသည့်အပြင် TNLA တာဝန်ရှိသူများ လက်ဖက်ရည်ဖိုးအဖြစ် တောင်းခံသည့် ၂ သိန်းကျပ်ကို သက်ဆိုင်ရာ KPay ထဲသို့ သီးခြားထပ်လွှဲပေးရကြောင်း ဆိုသည်။

နမ့်ခမ်းမြို့ပေါ် TNLA ဘက်မှ ၂၀၂၆ ခုနှစ်အတွက် အခွန်ကြိုတင်ကောက်ခံခြင်းနှင့် ၎င်းလက်အောက်ခံတပ်သားများမှ လက်ဖက်ရည်ဖိုးအဖြစ် ပြည်သူများထံ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံနေခြင်းကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ယခုကဲ့သို့ နမ့်ခမ်းမြို့ပေါ် အခွန်ကောက်ခံမှုကို သတင်းဌာနနှင့် သျှမ်းတပ်သို့ ဆက်သွယ်သတင်းပေးလျှင် ဒဏ်ရိုက်မည်ဟုလည်း TNLA တာဝန်ရှိသူများက ခြိမ်းခြောက်ထားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“အခွန်သွားဆောင်ဖို့ ပြေစာလာပေးတယ်၊ ပြီးတော့ မှတ်တမ်းလည်း လုပ်ထားတယ်။ သတင်းဌာနနဲ့ သျှမ်းတပ်ကို ဆက်သွယ်သတင်းပေးရင် ဒဏ်ရိုက်မယ်လို့လည်း ပြောတယ်။ မြို့ထဲမှာလည်း လူစုလူဝေး ပေးမလုပ်ဘူး။ အခွန်မလျော့ပေးတော့ ဈေးရောင်းဈေးဝယ် အကုန်ဒုက္ခရောက်တယ်။ မူဆယ်ဘက်က ကုန်လည်း သယ်လာလို့ မရဘူး၊ စစ်ကောင်စီဘက်ကလည်း ဖမ်းတယ်”ဟု အဆိုပါ ဈေးသည်အမျိုးသမီးက ဆက်ပြောသည်။

ပုံစာ – နမ့်ခမ်းမြို့ပေါ် ဆေးဆိုင်များကို ၂၀၂၄ ဇွန်လအတွင်း TNLA သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ – TNLA)

အခြားတစ်ဘက်တွင် စစ်ကောင်မရှင်တပ်က မူဆယ်မြို့သို့ ထောက်ပို့ရဟတ်ယာဉ်ဖြင့် နေ့စဉ်နီးပါး အင်အားဖြည့်တင်းနေခြင်းကြောင့် လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“အရင်ထဲက စစ်တပ်အင်အားက ရှိပြီးသားပဲ မူဆယ်မှာ။ ဒီရက်ပိုင်း ဟယ်ရီကော်ပတာ နှစ်စီး သုံးစီးလည်း ရက်ခြားပြီး ထောက်ပို့လာတယ်၊ တကယ် ဘာလာပို့လဲ ဆိုတာတော့ သေချာမသိဘူး။ နမ့်ခမ်းပြန်သိမ်းမယ် ဆိုပြီးတော့ ကြားတာတော့ ကြာပြီ၊ ထူးခြားတာတော့ TNLA အရာရှိတချို့ ရှယ်ယာပါထားတဲ့ KTV တွေကိုတော့ ဒီရက်ပိုင်း ပိတ်ထားတယ်။ မြို့လယ်က တရုတ်လောပန်းတွေနဲ့ ပတ်သက်တာလည်း ပိတ်ထားတယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ နောက်ဆုံးပတ်တွင်လည်း နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များကို TNLA လက်အောက်ခံ ဝန်ထမ်းများမှ လျှပ်စစ်မီတာ ယူနစ်များကို အမှန်တကယ် ကုန်ကျသည်ထက် တိုးရေးခဲ့ပြီး ငွေကြေးပိုမိုကောက်ခံနေသဖြင့် ပြည်သူများ အခက်အခဲ ကြုံတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်ခမ်း TNLA အခွန်ကောက်ခံသည့် ပြေစာ (ဓာတ်ပုံ-ဒေသခံ)

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ နှင့် ၂၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA နှင့် စစ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပြန်လည်စွန့်လွှတ်ရန် TNLA ဘက်မှ သဘောတူခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ နမ့်ဆန်နှင့် မန်တုံမြို့မှလွဲ၍ ကျန်မြို့များအားလုံးကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနမှ ဩဂုတ်လ ၂၈ ရက်တွင် သတင်းဖော်ပြသည်။

ထို့ကြောင့် စစ်ကော်မရှင်တပ်နှင့် TNLA တို့၏ ဩဂုတ်လ ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ပြီးနောက် စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံရန် ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...