Friday, April 26, 2024

မူစယ်မြို့နယ်

၂၀၁၉ အတွက် မူစယ်မြို့နယ် ကျားခေါင်းပါတီဥက္ကဌရွေးချယ်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် ရှမ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂၀၁၉ ခုနှစ်အတွက် မြို့နယ်ဥက္ကဌသစ်ရွေးချယ်တင်မြှောက်ရာ ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ဥက္ကဌဟောင်း စိုင်းလှဖေ(ခေါ်)လုံးဆေယွမ်အား ထပ်မံရွေးချယ်တင်မြှောက်က တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။ မတ်လ ၂၄ ရက်နေ့မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မူစယ်မြို့နယ် SNLD ပါတီဝင်များက...

သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်

မတ်လ ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network မှဦးဆောင်ကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့်အုပ်စုတွင် ကျင်းပမည်ဖြစ်ပြီး သျှမ်းလူငယ်များ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုကိုပြသရန်ဖြစ်ကြောင်း၊ ရှေ့ဆက်တွင်လည်း...

မူစယ်မြို့နယ် မန့်ဟျိုးဂိတ်တဖက်ခြမ်းတွင် တရုတ်ဘက်မှ လမ်းဖြတ်တောက်၊ နယ်စပ်ဒေသခံများ ဝင်ထွက်သွားလာခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်း တရုတ် ဘက်ခြမ်းတွင် နယ်စပ်လမ်းအား မြေတူးကာ ဖြတ်တောက်လိုက်သဖြင့် နယ်စပ်နေ ၂ နိုင်ငံဒေသခံများ သွားလာမှု အခက်အခဲဖြစ်နေကြောင်း သိရသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် မူစယ်မြို့နယ် မန်ဟီးရိုး(မန့်ဟျိုး)မြို့နှင့်ကပ်လျက် နယ်ခြားမျဉ်းတဖက်ကမ်း တရုတ်နိုင်ငံ အိမ်ဇိမ်ရွာဘက်ခြမ်းတွင် တစ်နေရာ၊ မူစယ်မြို့နယ်...

တရုတ်နယ်စပ် မူစယ်ကနေ ရွှေလီမြစ်တဖက်ကမ်းကိုအလုပ်သွားလုပ်တဲ့ ကွတ်ခိုင်ဒေသခံလူငယ် ၄ ဦးပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့ကနေ တရုတ်ဘက်ခြမ်းကိုသွားရောက်အလုပ်လုပ်ကိုင်တဲ့ ကွတ်ခိုင်ဒေသခံ လူငယ် ၄ ဦး ပျောက်ဆုံးနေတာ တလနီးပါးရှိပြီဖြစ်ပေမယ့် ပြန်မတွေ့သေး လို့ဆွေမျိုးမိဘတွေကနေ စိုးရိမ်ပူပန်နေကြပါတယ်။ ကွတ်ခိုင်ဒေသခံ လူငယ် ၄ ဦးဟာ မူစယ်မြို့နယ် ရွှေလီမြစ် ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ် ကနေ ကူးပြီး တရုတ်ဘက်ခြမ်း ကိုသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့လူငယ်တွေဖြစ်ကြပါတယ်။ “...

တိုက်ပွဲကြောင့် မူစယ် နမ့်ခမ်း ဒေသခံများ ခရီးသွားလာမှု စိုးရိမ် နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ နှင့် ရွှေလီမြစ်တဘက်ကမ်း စယ်လန့်ကြား ပြည်ထောင်စုလမ်းပေါ် တွင် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံများ ခရီးသွားလာမှု အတွက် လုံခြုံရေးအရစိုးရိမ် နေရ ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လယ်ယာလုပ်ငန်းခွင်မှ   တောင်သူများနေအိမ်ပြန်ချိန်  မူစယ်မြို့နယ်...

မူစယ် ပုဂ္ဂလိက ကျောင်းများထံ ကချင် လက်နက်ကိုင် အခွန်ကောက်

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် အတွင်းရှိ ပုဂ္ဂလိက ကျောင်း များထံ ကချင် လွတ်မြောက်ရေး အဖွဲ့ မှ တကျောင်းလျှင် အခွန် ၁၀ သိန်းကျပ် ကောက်သည့် စာပို့ထားကြောင်း သတင်းရရှိသည်။ ၂၀၁၇ - ၂၀၁၈ ခုနစ် ဘဏ္ဍာရေးနှစ်အတွက် ပုဂ္ဂလိက မူလတန်းတကျောင်းလျှင်...

မူစယ်ပစ်ခတ်မှုမှ ဒဏ်ရာရှိသူ ၂၆ ဦးအနက် ၁ ဦးထပ်မံသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ထဲမှာရှိတဲ့လောင်းကစားရုံကို တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူတဦး ဒီမနက်မှာ ထပ်မံသေဆုံးသွားခဲ့လို့ သေဆုံးသူစုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။ ဒီမနက်သေဆုံးသူဟာ နမ့်ခမ်းမြို့နယ် ပေါက်နေရပ်ကွက်သား စိုင်းယီလျန် ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွါးတဲ့နေ့က မူစယ်မှာအလုပ်သွားလုပ်ရင်း နမ့်ခမ်းမှာမင်္ဂလာပွဲဝင်ဖို့အပြန် လမ်းမှာ တအာင်းတပ်ဖွဲ့ရဲ့ပစ်ခတ်မှုခံရတာဖြစ်တယ်လို့ မူစယ်မြို့ခံ မိတ်ဆွေတဦးကပြောပါတယ်။ သူနဲ့အတူ...

တန်းတူသည့်ပြည်ထောင်စု တည်ဆောက်နိုင်မှ လူထုငြိမ်းချမ်းမည်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်မှာရှိတဲ့ ဌာနေပြည်သူ့စစ်ပိုင်လောင်းကစားရုံကြောင့် လူထုအကျင့်စာရိတ္တ ပျက်ပြား ရတဲ့အပေါ် အကာအကွယ်ပေးဖို့ဆိုပြီး မေလ ၁၂ ရက်နေ့က တအာင်း TNLA ကနေ ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။ လောင်းကစားဝိုင်းကိုပစ်ခတ်တယ်လို့ တအာင်းဘက်က သတင်းထုတ်ပြန်ပေမယ့် ကာစီနိုရုံပြင်ပ တခြားလုပ်ငန်း လုပ်ကိုင်နေတဲ့ဒေသခံတွေကိုပါ ထိမှန် သေဆုံးစေခဲ့တဲ့အတွက် လုံးဝမဖြစ်သင့်ကြောင်း သျှမ်းပြည်တွင်းလူမှုအဖွဲ့အစည်း...

သျှမ်း-မြောက် မူစယ်တိုက်ပွဲကြောင့် လူသူသေကြေဒဏ်ရာရမှု ကျန်ရစ်သူမိသားစုထံနစ်နာကြေးပေးရန် ထိုင်းရောက်သျှမ်းများ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော တအာင်း TNLA နှင့် အစိုးရရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု အများအပြားသေကြေဒဏ်ရာရမှုအပေါ် ကျန်ရစ်သူမိသားစုဝင်များအား အလေးထား လျော်ကြေးပေးရန် ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများက ကြေငြာချက်ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။ မူစယ်မြို့နယ် မူဆယ်-နမ့်ခမ်း ကားလမ်းမ နမ့်ပေါ် ပန်ခမ်းတံတားအနီးရှိ လောင်းကစားရုံအား မေလ ၁၂...

Latest news