တန်းတူသည့်ပြည်ထောင်စု တည်ဆောက်နိုင်မှ လူထုငြိမ်းချမ်းမည်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်မှာရှိတဲ့ ဌာနေပြည်သူ့စစ်ပိုင်လောင်းကစားရုံကြောင့် လူထုအကျင့်စာရိတ္တ ပျက်ပြား ရတဲ့အပေါ် အကာအကွယ်ပေးဖို့ဆိုပြီး မေလ ၁၂ ရက်နေ့က တအာင်း TNLA ကနေ ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။ လောင်းကစားဝိုင်းကိုပစ်ခတ်တယ်လို့ တအာင်းဘက်က သတင်းထုတ်ပြန်ပေမယ့် ကာစီနိုရုံပြင်ပ တခြားလုပ်ငန်း လုပ်ကိုင်နေတဲ့ဒေသခံတွေကိုပါ ထိမှန် သေဆုံးစေခဲ့တဲ့အတွက် လုံးဝမဖြစ်သင့်ကြောင်း သျှမ်းပြည်တွင်းလူမှုအဖွဲ့အစည်း ၊ နိုင်ငံရေးပါတီတွေသာမက ထိုင်းနိုင်ငံရောက်သျှမ်းတွေအပါအဝင် တရုတ်နိုင်ငံ  ကပါ ထုတ်ပြန် အသိပေးလိုက်ပါတယ်။

တအာင်း TNLA ကနေ ၀င်ရောက်ပစ်ခတ်ရာမှာလုံခြုံရေးရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့တိုက်ပွဲ တွေဖြစ်ပွါးခဲ့တာကြောင့် လူ ၂၁ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။


အဲဒီထဲမှာ မူစယ်ဘက်ခြမ်းကိုအလုပ်လာလုပ်တဲ့ တရုတ်နိုင်ငံသား ၃ ဦးလည်း သေဆုံးခဲ့ပါတယ်။ ဒီအတွက် စစ်ပွဲတွေအမြန်ဆုံးရပ်နိုင်အောင် အစိုးရတပ်မတော်ကနေပြီး ဦးဆောင်ဆွေးနွေးပေးဖို့၊ အားလုံးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ နိုင်ငံရေးစကားဝိုင်းတွေ ပြင်ဆင်ပေးဖို့ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်လိုက်ပါတယ်။

လောင်းကစားဝိုင်းကိုရှင်းလင်းဖို့ အစိုးရတပ်မတော်ဘက်ကသာ ပိပိစီးစီးလုပ်သင့်ကြောင်း ၊ အခုလို လူထုကိုပါထိခိုက်ပျက်ပြားစေတာမျိုးကိုတော့လုံးဝလက်မခံနိုင်တဲ့အခြေအနေဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရစိုင်းလိတ်ကအခုလို ပြောပါတယ်။

“ပစ်ခတ်တိုက်ခိုက်မှုကြောင့်လူထုသေကြေတဲ့အထိလုပ်တဲ့ ဘယ်အဖွဲ့အစည်းမဆိုအကုန်လုံးကိုရှုံ့ချပါတယ်။ လက်သင့်မခံနိုင်ပါဘူး။ လောင်းကစားဝိုင်းရှိနေတဲ့ကိစ္စကို အစိုးရကိုယ်၌က ပိပိစီးစီး တာဝန်ယူဖို့လိုအပ်ပါတယ်။ ဒီလောင်းကစားဝိုင်းရှိနေတာကဖြင့်လူထုကိုအများကြီးထိခိုက်ပျက်ပြားစေပါတယ်။ စာရိတ္တအားဖြင့်ရော စီးပွါးရေးအားဖြင့်ရောဘဲ။ လိုအပ်ရင် ၂ ဖက်နိုင်ငံက အစိုးရတာဝန်ရှိသူများကလက်တွဲဆောင်ရွက်ရမယ်။ အမြစ်ပြတ်ချေမှုန်းဖို့လိုအပ်ပါမယ်။ တအာင်း TNLA အနေနဲ့ လူထုသေကြေတဲ့အထိ လက်လွတ်စပယ်လုပ်သွားတဲ့ကိစ္စမှာ တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့ဘုံအကျိုးစီးပွါးကိုကြည့်ရပါမယ်။ ပြည်ထောင်စုအကျိုးစီးပွါးကိုကြည့်ရမယ်။ ကိုယ့်တဦးတဖွဲ့တည်းအတွက်အကျိုးစီးပွါးကိုလုပ်မယ်ဆိုလို့ရှိရင် အားလုံးအတွက်ထိခိုက်နစ်နာစေတာမျိုးကိုတော့ ရှောင်ရှားသင့်တယ်လို့ကျနော်တို့မြင်ပါတယ်။နောက်နောင်ဒီလိုအရေးကိစ္စထပ်မံမဖြစ်ပေါ်စေဖို့အတွက်လည်းတအာင်းတပ်မတော်အနေနဲ့လုံးဝ တာဝန်ယူဖို့လိုအပ်ပါတယ်။ ”

အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သူတွေထဲမှာ ဓမ္မစကူးသင်တန်းဆရာ ၂ ဦးလည်းပါ၀င်ပါတယ်။ ဒီဆရာ ၂ ဦးဟာ နောင်ယန်းကူးတို့ဆိပ်မှာ သင်တန်းချိန်ပြင်ပ အလုပ်သွားလုပ်နေတဲ့သူတွေဖြစ်ပါတယ်။ မဟာဝန် ဖောင်ဒေးရှင်း ဓမ္မစကူးသင်တန်းဆရာ စိုင်းလှိုင်း ကအခုလိုပြောပါတယ်။

“အခုလိုမျိုးလူထုနေတဲ့နေရာတွေ ပြည်သူ့စစ်စခန်းတို့ ဘာတို့က လောင်းကစားဝိုင်းတွေရှိတယ် မူးယစ်ဆေးဝါးရောင်း တယ်ဆိုပြီး တအာင်းတွေက ပြည်သူ့စစ်တွေကို ပြောဆိုတယ်။အဲတာကြောင့် တိုက်တယ်လို့ပြောထားတယ်။ ဒီဟာကို သူတို့က အခွင့်အရေးယူပြီး နာမည်ကောင်းရချင်တာလေ။ မူးယစ်ဆေးဝါးတွေကိုတိုက်ဖျက်တယ် ဆိုပြီး လုပ်ပြချင် တာလို့ဘဲမြင်တယ်။ နိုင်ငံတကာကိုချပြချင်တာ ။ TNLA တို့ KIA တို့က သူတို့က လူမျိုးရေးဝါဒကိုအခြေခံတာ။ တခြားလူမျိုးတွေသေချင်သေပါစေ ဂရုမစိုက်ဘူးဆိုပြီးအဲလိုလုပ်သွားတာ။ မြို့မ ဌာနေပြည်သူ့စစ် ပိုင်တဲ့နောင်ယန်း ကူးတို့ဆိပ်မှာ ကျနော်တို့ရဲ့ မဟာဝန် ဖောင်ဒေးရှင်း ဓမ္မစကူးသင်တန်းဆရာ ၂ ယောက်အလုပ်သွားလုပ်တာပေါ့။ သူတို့က မနက်စောစောစီးစီး ၀င်ပြီးတိုက်တယ်။ ပြည်သူ့စစ်တွေကိုသာမက ဓမ္မစကူးသင်တန်းဆရာ တွေကိုဘာမှမေးမြန်းခြင်းမရှိဘဲနဲ့ မီးရှို့သတ်ဖြတ်လိုက်တာကိုတော့ နဲနဲမှလက်ခံလို့မရဘူး။ ကျနော်တို့သျှမ်းလူမျိုး ဘာသာသာသနာအတွက်အကြီးမားဆုံး ဆုံးရှုံးမှုတခုဖြစ်လို့ကျနော်တို့ဝမ်းနည်းပူဆွေးသောက ရောက်ရပါတယ်။ ”

တအာင်းအမျိုးသားပါတီTNP ရဲ့ CEC လည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ UPDJC ရဲ့အတွင်းရေးမှူး လည်းဖြစ်တဲ့ တာ့လှဖေကတော့ – လောင်းကစားဝိုင်းတွေ ကြောင့်အခုလို ဖြစ်ရတာဖြစ်ပြီး အစိုးရဘက်ကနေ ဒီလောင်းကစားဝိုင်းတွေကို ကိုယ်တွယ်ဖြေရှင်းပေး သင့်ကြောင်း ပြောဆို ပါတယ်။

“အပြစ်မဲ့တဲ့လူထုကိုထိခိုက်စေတာကတော့ အကြမ်းဖက်မှုလို့သုံးသပ်တဲ့ဘက်တဘက်ရှိတယ်။ နောက်တဖက်ကလည်း ဗမာ့တပ်မတော်နဲ့ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါးဖောက်ကားတဲ့နေရာ လောင်းကစားရုံ နိုင်ငံခြားသားတွေလာပြီးတော့ တရားမဝင်လာပျော်ပါးတဲ့နေရာ။ အစိုးရက လိုင်စင်ရ ဘိန်းခမ်းလောင်းကစာခန်းခွင့်ပြုထားလို့ တော်လှန်ရေးအင်အားစုက လူထုနစ်နာမှာစိုးလို့ တိုက်တယ်လို့ပြောတယ်။ နယ်စပ်မှာ အဲလိုအဖွဲ့အစည်းနာမည်ခံေ လာင်းကစားဝိုင်း တွေအများကြီး ရှိှိတယ်။ ဒီတော့ ဒီလုပ်ရပ်အပေါ်ကောင်းတယ်မကောင်းဘူးဆိုတာကတော့ ရင်ဆိုင်နေရတဲ့လူထုက ဆုံးဖြတ်ပေးသွားမှာပါ။ ကိုယ့်သမိုင်းကိုရေးသွားကြမှာပါ။ ”

လူထုအနေနဲ့ငြိမ်းချမ်းစွာနေထိုင်သွားနိုင်ဖို့အတွက် အဓိက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း SNLD ပါတီက စိုင်းလိတ်ကပြောပါတယ်။

“အဓိကကတော့ လက်နက်ကိုင်ပြီးတော်လှန်နေတဲ့သူတွေဘဲဖြစ်ဖြစ် နိုင်ငံရေးပါတီထူထောင်ပြီးတော့မှ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အတိုက်ခံပြုနေတဲ့အဖွဲ့အစည်းတွေကိုဘဲဖြစ်ဖြစ်အားလုံးကိုတန်းတူညီမျှအတူတူထားပြီးတော့မှနိုင်ငံရေးနည်းအားဖြင့်တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။အဖွဲ့ကြီးတယ် ငယ်တယ်မခွဲခြားဘဲနဲ့ အားလုံးကိုတန်းတူညီတူ မခွဲခြားဘဲနဲ့ လွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ဖို့လိုအပ်ပါတယ်။ အဲလိုအစိုးရဘက်က သဘောထားကြီးစွာ ဖိတ်ခေါ်လို့မှမလာလို့ရှိရင်တော့ ပြည်သူလူထုကနေအဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်။ ဒါကြောင့်မို့လို့မိမိရဲ့ရှေ့မှောက်မှာအစိုးရကိုယ်နိုက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကိုရော တခြားအတိုက်အခံအဖွဲ့အစည်းတွေကိုရော နိုင်ငံရေးအားဖြင့် စကားပြောခွင့် လွတ်လပ်စွာဆွေးနွေးခွင့်ပေးဖို့လိုအပ်တယ်။ ဒါဟာပထမဆုံးလုပ်ရမယ့်ခြေလှမ်းကောင်းတရပ်လို့ကျနော်တို့မြင်ပါတယ်။”

ဓမ္မစကူးက ဆရာစိုင်းလှိုင်းကတော့ အခုလိုပြောပါတယ်။

“အထူးသဖြင့်မြန်မာအစိုးရနဲ့တပ်မတော်ပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းဆိုထားတဲ့အားလုံးပါ၀င်ရေးမူဝါဒ အန်စီအေကိုလက်ခံနိုင်ဖို့ပြောမယ်ဆိုရင် ဒီအန်စီအေမှာ တိုင်းရင်းသားလက်နက်ကိုင်အချို့တွေကို သူတို့က လက်မခံဘူးလေနိုင်ငံရေးဆွေးနွေးဖို့အတွက်။ အဲ့ကြောင့်မို့ တပ်မတော်နဲ့အစိုးရကိုသဘောထားကြီးကြီးနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းပေးဖို့ ဒီစစ်ရေးနည်းနဲ့ဖြေရှင်းမယ်ဆိုရင်ကျနော်တို့ပြည်သူလူထုဘဲ ထိခိုက်နစ်နာဆုံးရှုံးရတာပေါ့။ တအာင်းနဲ့ကချင် တို့လည်း အစိုးရတပ်မတော်ကိုဖိအားပေးချင်တယ်ဆိုရင်လည်း သူတို့က တောထဲတောင်ထဲမှာရှိတဲ့ စစ်တပ်တွေတည်နေရာကို သွားတိုက်ပေါ့။ ကျနော်တို့ပြည်သူလူထုရှိတဲ့နေရာ မှာလာတိုက်ရင်တော့ကျနော်တို့ဘဲ ဒုက္ခရောက်ရမှာ အဲတာဘဲပြောချင်ပါတယ်။ ”


ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ UPDJC ရဲ့အတွင်းရေးမှူး လည်းဖြစ်တဲ့ တာ့လှဖေကတော့ တပ်မတော်ဆိုတာ ပြည်ပရန်ကာကွယ်ဖို့အတွက်သာထားရှိတယ်ဆိုတဲ့အချိန်မှ တိုင်းရင်းသားတွေငြိမ်းချမ်းစွာနေနိုင်မှာဖြစ်ကြောင်း ထောက်ပြပါတယ်။

“တကယ့်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတကယ်ဖြစ်လာပြီ။ ကျနော်တို့ရဲ့ညီအကိုကြားမှာတန်းတူအခွင့်အရေးတွေ တရားမျှတတဲ့ လူ့ကျင့်ဝတ်အဖွဲ့အစည်းပတ်ဝန်းကျင်ကောင်းတွေတည်ဆောက်နိုင်ပြီဆိုရင် လက်နက်ကိုင်တော်လှန် စရာမလိုတော့တဲ့ အနေအထားမျိုးရောက်လာတဲ့တနေ့ကျရင်ငြိမ်းချမ်းရေးအစစ်အမှန်ဖြစ်ထွန်းလာတဲ့တနေ့ကျရင်တော့ ဒီပြည်သူ့စစ်ဆိုတာကလည်း မလိုအပ်တော့ဘူး။ နယ်ခြားစောင့်တပ်ဆိုတာကလည်းမလိုအပ်တော့ဘူး။ တခုတည်းသော တပ်မတော်ဆိုတဲ့နေရာမှာတော့ ဗမာတအုပ်စုတည်းဘဲကြီးစိုးတဲ့ လူမျိုးကြီးတွေဘဲကြီးစိုးတဲ့ တပ်မတော်မဟုတ်ဘဲနဲ့ ပြည်ထောင်စုတပ်မတော် ပီပီပြင်ပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံတန်းတူအခွင့်အရေးညီမျှစွာနဲ့တည်ဆောက်ထားတဲ့ တပ်မတော်။ ပြည်ပရန်ကာကွယ်ဖို့အတွက်ဘဲလိုအပ်လာတော့တဲ့အချိန်ကျမှဘဲ ကျနော်တို့ရဲ့နယ်စပ်ဒေသတိုင်းရင်းသား တွေရဲ့ နေထိုင်မှုက အေးချမ်းတည်ငြိမ်လာမှာပါ။ ဒီလိုမှမဟုတ်ဘဲ ဒီပုံစံအတိုင်းဘဲသွားမယ်ဆိုရင်တော့ဘယ် အစိုးရဘဲ တက်တက် ဒီတပ်က ဒီတိုင်းဘဲ ပြည်သူ့စစ်တွေကိုမွေးထားမယ်။ နယ်ခြားစောင့်တပ်တွေကိုမွေးထားမယ်။ လုပ်ပိုင်ခွင့် တွေပေးထားမယ်။ ကျနော်တို့ဒေသခံလူထုကိုညှေင်းပမ်းနှိပ်စက်နေဦးမယ် တန်းတူအခွင့်အရေးမပေးဘူး။ တိုင်းရင်း သားမျိုးနွယ်စုတွေကိုဖိနှိပ်ဦးမယ်ဆိုရင် ဒီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ရှိဦးမယ်ဆိုရင် ကြားထဲကမြေစာ ပင်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးတွေက နစ်နာနေဦးမှာပါ။”

မူစယ်မြို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေအများအပြား လှုပ်ရှားနေထိုင်ပါတယ်။ အစိုးရတပ်အပြင် ၊ မြို့မ ပြည်သူ့စစ် ၊ ပန်းဆေးပြည်သူ့စစ်၊ ကချင် KDA ၊ တအာင်း TNLA တွေအပြင် ရဲတပ်ဖွဲ့ အစရှိတပ်ဖွဲ့တွေရှိနေပါတယ်။ ဒေသခံတွေအနေနဲ့ကတော့ မူစယ်ဘက်မှာတိုက်ပွဲတွေ သေနတ်သံတွေ လက်လုပ်မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ကြားရ၊ မြင်နေရတဲ့အတွက် ငြိမ်းချမ်းရေးကို လိုလားနေကြကြောင်း၊ တိုက်ပွဲဖြစ်ပွား ခဲ့ရင်လည်း ပြည်သူတွေ ထိခိုက်သေဆုံးနေရတာတွေဘဲရှိနေတာကြောင့် စိုးရိမ်မှုတွေနဲ့နေထိုင်နေရတယ်လို့ မူစယ်ဒေသခံတွေ ကပြောဆို ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...