သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်

2

မတ်လ ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network မှဦးဆောင်ကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။


သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့်အုပ်စုတွင် ကျင်းပမည်ဖြစ်ပြီး သျှမ်းလူငယ်များ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုကိုပြသရန်ဖြစ်ကြောင်း၊ ရှေ့ဆက်တွင်လည်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာအောင်ဖြစ်ကြောင်း ဆိုပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အနယ်နယ်အရပ်ရပ်မှ သျှမ်းလူငယ်များ စယ်လန့်အုပ်စုတွင်တွေ့ဆုံကာ မိတ်ဆက်ခြင်းပြုရန်၊ ဖေဖော်ဝါရီ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် စယ်လန့်လူငယ်၊ မူစယ်လူငယ် TYN နှင့် နမ့်ခမ်းလူငယ်အဖွဲ့တို့ ချစ်ကြည်ရေးဘောလုံးကန်ကြမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့တွင်မူ ဗဟုသုတဖြစ်စေသည့် ဟောပြောပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီးဟောပြောမည့် စိုင်းခေးဆိုင်က -“ ကျနော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ဟောပြောမှာ။ အမှိုက်ကိုစနစ်တကျစွန့်ပစ်တတ်ဖို့ သစ်ပင်သစ်တောမြတ်နိုးတတ်ဖို့စတာတွေကို လူငယ်တွေနဲ့ပူးပေါင်းပြီးလုပ်ဆောင်သွားရင် ထိရောက်မယ်လို့ ယူဆ ပါတယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လှုပ်ရှားသူ စိုင်းခေးဆိုင် အပြင် သျှမ်းပေစာဖတ်ကြားရေးတွင် ကျွမ်းကျင်သူ စလေးကော်မိန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းတို့လည်း ဟောပြော မည်ဖြစ်ကြောင်းသိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းက -“နိုင်ငံရေးကို မသိရင် အဘက်ဘက်မှာ နောက်ကျနိုင်ပြီး နိုင်ငံရေးနားလည်ရင် ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် လူတကာထက် နှာတဖျားတော့ သာလိမ့်ပါမယ်လို့ ထင်မြင်ယူဆပါတယ်ခင်ဗျ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စာပေပညာရှင် ၊ သျှမ်းပြည်အလံတင် အမျိုးသားသီချင်း ခေးတိုင်းခေးရာဇာ ရေးသားသူ ဒေါက်တာဘဉာဏ် အားဂုဏ်ပြုသောအားဖြင့် ၄င်း၏ မွေးနေ့ဖြစ်သော မတ်လ ၁ ရက်နေ့ကို သျှမ်းလူငယ်များနေ့ Tai Youth Day အဖြစ်သတ်မှတ်ရန် ၂၀၁၇ ခုက ပဲခူးတိုင်း တောကျွဲအင်းမြို့တွင်ကျင်းပသော Tai Youth Conference ညီလာခံကြီးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်က ပထမအကြိမ် သျှမ်းလူငယ်များနေ့အထိမ်းအမှတ်အဖြစ် သီပေါ- ကျောက်မဲ ကားလမ်းညာဘက်ခြမ်းရှိ သီပေါစော်ဘွားများနှင့်ဆွေတော်မျိုးတော်များအုဋ်ဂူနှင့် ဒေါက်တာဘဉာဏ် နှင့်ဇနီး တို့၏ အုဋ်ဂူတွင် သျှမ်းလူငယ်များတွေ့ဆုံကာ ဒေါက်တာဘဉာဏ်၏ အတ္ထုပ္ပတ္တိ အကြောင်းဟောပြောခြင်း ၊ အုဋ်ဂူများအား ပြုပြင်မွမ်းမံခြင်းများပြုလုပ်ခဲ့သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

2 COMMENTS

  1. Thank You so much for your effort to raise and promote our Tai Language (dialect) as all Tai youth must keep on treasure our language and culture as My Grandfather Dr. Ba Nyan did it decades ago. Thank you so much for taking care of my maternal grandparents graveyard.

    With best regards, Nang Horm Noom

    • Thank you for comment on our news story kha. We will pass your message to Tai Youth Network , kha.

      with best regards,
      Editor
      Shan Herald Agency for News

LEAVE A REPLY

Please enter your comment!
Please enter your name here