Wednesday, January 28, 2026

မူဆယ်မြို့နယ် စယ်လန့် ပတ်ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံကြားရ ဟုဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် ယနေ့ နိုဝင်ဘာ (၁၇) ရက် မနက်ပိုင်းအချိန်၌ ပစ်ခတ်သံကြားရကြောင်း ဒေသခံများ ထံ စုံစမ်းသိရသည်။

အဆိုပါ ပစ်ခတ်သံကြားသည့် ဒေသသည် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ပစ်ခတ်သံကြားရတာ ဟုတ်ပါတယ်။ ဘယ်အဖွဲ့လည်းတော့ သေချာမသိဘူး။ TNLA နဲ့တပ်မတော်နဲ့ လား ဒါမှမဟုတ် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့လားဆိုတာတော့ အတည်ပြု လို့မရသေး” ဟု စယ်လန့်ဒေသခံ စိုင်းအိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို တအောင်း(ပလောင်) လွှတ်မြောက်ရေးတပ်မတော် (TNLA) ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့သည် အစိုးရ တပ်မတော်နှင့် တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ၃ ပတ်ကျော် ရှိပြီဖြစ်ကြောင်း တားအိုက်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျနော့်ဆီမှာ အချက်လက်တွေ မတက်လာသေးဘူး။ ကျနော်တို့ တိုက်ပွဲမဖြစ်တာ ၃ ပတ်ကျော် ၁ လ နီးပါးလောက်ရှိပါပြီ။” ဟု (TNLA) ၏ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဆယ်မြို့နယ်တွင်း အစိုးရတပ်မတော် တပ်မ(၈၈) နှင့် (၉၉ )၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် TNLA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

0
သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား​(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...