မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ရှေ့တစ်ရက်က ကျားဖြန့်ဝိုင်းတွေ လိုက်ဖမ်းတာ ဟုတ်တယ်။ ဆင်ဖြူအိမ်ရာ၊ ဆင်ဖြူဂိတ်၊ စွမ်စော်၊ မင်္ဂလာမူဆယ် ဒီဘက်တွေမှာ အများကြီး ဖမ်းတာ။ တရုတ်ရဲ လာဖမ်းလို့ လောပန်းတွေလည်း ထွက်ပြေးကုန်ပြီပြောတယ်။ လုံခြုံရေးကတော့ ပြည်သူ့စစ်တွေ ယူပေးတာ။ ဘယ်နှနေရာလည်းဆိုတာ သေချာတော့ ပြောလို့မရဘူး”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်းကျားဖြန့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီလက်အောက်ခံ လုံထန်၊ မြို့မ၊ ပန်းဆေး၊ မော်ဆောင်း၊ ကောင်းခါး ဧက ၄၀ ဦးမြင့်ရွှေ နှင့် မန်ဂျယ် စသည့် ပြည်သူ့စစ်အဖွဲ့များ၏ နယ်မြေအတွင်း ဖွင့်လှစ်ထားသည့်အပြင် ၎င်းတို့က လုံခြုံရေး ယူပေးထားပြီး ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ကိုင်နေကြကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့ စစ်ကောင်စီက အွန်လိုင်းကျားဖြန့် လောင်းကစားဝိုင်းများကို မတ်လ ၂၇ ရက် ညအချိန်က ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသားအပြင် တရုတ်နိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံရပြီး အရေအတွက် မည်မျှဖမ်းဆီးခံရကြောင်းကို မသိရှိရသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“သူတို့လောပန်းတွေကို တရုတ်ရဲဖမ်းသွားရင်တော့ စစ်ကောင်စီက ထုံးစံအတိုင်း ဖမ်းပြီးရင် ငွေညှစ်မှာ‌ပေါ့။ ခိုးကြောင်ခိုးဝှက် လုပ်နေတာ အများကြီးလေ။ စစ်တပ်နဲ့လည်း ပေါင်းလုပ်စားနေတာပဲ။ ဒီဟာတွေအကုန်လုံးက လိုင်းကြေးတွေ ပေးထားပြီး လုပ်ကြတာ။ စစ်တပ်က သူတို့ဖမ်းချင်ရင် ချက်ချင်း ဝင်ဖမ်းလို့ရတာပဲ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့်ဂိုဏ်း ခေါင်းဆောင်များကို တရုတ်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

မူဆယ်မြို့နယ်တွင် ပြည်သူ့စစ်များ၏ လုံခြုံရေးဖြင့် ယခင်က ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းကျားဖြန့် လောင်းကစားရုံများသည် “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်ရေးဖိအားများကြောင့် နေရာပြောင်းရွှေ့ ဖွင့်လှစ်လာသည်။

ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့် လုပ်ငန်းများအတွက် တာဝန်ရှိသူများကို တရုတ်က ဖမ်းဝရမ်းထုတ်ပြီး စစ်ကောင်စီက လွှဲပြောင်းပေးခဲ့သော်လည်း မူဆယ်မြို့တွင် ၎င်းကျားဖြန့်လုပ်ငန်းများ ပြန်လည်ပတ်နေကြောင်း မူဆယ်ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်က 1G1 ဟိုတယ်အနီးရှိ အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာကို ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသား အပါအဝင် မြန်မာလူငယ် စုစုပေါင်း (၆၈၉) ဦး ဖမ်းဆီးခံရပြီး ၎င်းတို့ကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...