မူဆယ်မြို့နယ်
မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...
KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...
မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...
စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး
သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ပြည်သူနေအိမ် ထိခိုက်ပျက်စီး
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက်၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့်...
မူဆယ်မြို့နယ်အတွင်း SSPP နှင့် TNLA ထိတွေ့တိုက်ပွဲဖြစ်
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက်ပိုင်းအချိန်တွင် မူဆယ် - နမ့်ခမ်းကြားရှိ စယ်လန့်ကျေးရွာတွင်...
မူဆယ်မြို့နယ် ကတုတ်ကျင်း ပြိုကျမှုကြောင့် ၂ ဦးသေဆုံး
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် ဗုံးခိုကျင်း (ကတုတ်ကျင်း) မြေပြိုကျမှုကြောင့် သားအမိနှစ်ယောက် သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာတွင် နိုဝင်ဘာ (၁)ရက် မွန်းလွဲပိုင်း လက်နက်ကြီးသံကြောင့် ကတုတ်ကျင်း ထဲသွားရောက်ခိုလှုံရာ မတော်တဆ မြေပြိုမှုသေဆုံးခဲ့ပြီး၊ ယမန်နေ့ (နိုဝင်ဘာ ၂)ရက် တွင် ဒေသခံများက...
သျှမ်းမြောက် စစ်ကောင်စီနှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲကြား ထိခိုက်သေဆုံးမှုများနေ
SHAN -
သျှမ်းမြောက် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၉)ရက်တွင် မုံးပေါ် နှင့် မိုးကုံးကြားရှိ ဝိန်းလတောင်စခန်း (စစ်ကောင်စီစခန်း) တစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆...
မူဆယ်မြို့နယ် စစ်ကောင်စီစခန်းတခုကို KIA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်
သျှမ်းပြည် မူဆယ်မြို့နယ် မိုင်းယနှင့် မုံးပေါ် ကြားရှိ စစ်ကောင်စီစခန်းတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုင်းယ နှင့် မုံးပေါ်ကြားရှိ...





