မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက်

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် – မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် – မြန်မာ နယ်စပ် ဝမ်တိန်တံတားဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ၎င်းတို့ တစ်နှစ်နီးပါး လွှင့်ထူထားခဲ့သည့် အထူးဒေသ အလံကိုဖြုတ်၍ မြန်မာနိုင်ငံတော် အလံကို ပြန်လည်လွှင့်ထူခဲ့ကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်ဆိုင်း

“ဧပြီလ ၂၈ ရက်နေ့ ညနေလောက်ကပဲ မြန်မာနိုင်ငံအလံ ပြောင်းပြီးတော့ ပြန်လွှင့်ထူ ထားလိုက်ပါပြီ။ အရင်က‌တော့ ဒီနယ်စပ်ဂိတ်မှာ သူတို့ထိန်းချုပ်နိုင်တော့ ကိုးကန့်အလံကို လွှင့်ထားတာပါ”ဟု အသက် ၄၀ ဝန်းကျင် ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA တို့ တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့ပြီးနောက် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း (ကြူကုတ်) နယ်စပ်ဂိတ်ကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တရုတ်အာဏာပိုင်များမှ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဖြတ်သန်းသွားလာခြင်းနှင့် ပစ္စည်းသယ်ဆောင်ခွင့်များ မရှိသေးကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ပန်ဆိုင်းဂိတ်က ဖွင့်တာတော့ ကြာပြီ၊ ဒါပေမယ့် တရုတ်လူမျိုးတွေပဲ ဝင်ထွက်သွားလာလို့ ရတာပါ။ စားသောက်ကုန်တွေလောက်ပဲ တပိုင်တနိုင် သယ်သွား သယ်လာ လုပ်လို့ရတာ။ ‌အခုကတော့ တရုတ်ဘက်ကလည်း ဂိတ်ပြန်ဖွင့်ပြီး အရင်လို ဝင်ထွက်သွားလာနိုင်ဖို့ စီစဉ်နေတဲ့အကြောင်း တရုတ်ဘက်မှာနေတဲ့ လူတွေက ပြောလာတယ်”ဟု ၎င်းက ဆက်ပြောသည်။

မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ နိုဝင်ဘာလ ၂ ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။

အလားတူ ပြီးခဲ့သည့် (မတ် ၂၆ ရက်)တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်းရှိသူများ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...