စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ပြည်သူနေအိမ် ထိခိုက်ပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။

စယ်လန့် နေအိမ်ပျက်စီးပုံ

ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက်၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း မူဆယ်မြို့နယ် စယ်လန့်ဒေသခံများက ပြောသည်။

“ဒီနေ့မနက် ၁ နာရီလောက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးထင်တယ် ၂ လုံး လာကြဲချသွားတယ်။ ကောင်းနောင်ရပ်ကွက်က စိုင်းဆံမွန်ရဲ့ အိမ်ခြံဝင်းထဲ ကျကွဲတာ။ သူ့အိမ်နဲ့ ကုန်စုံဆိုင် စုစုပေါင်း ၂ လုံးက တော်တော်လေး ထိခိုက်ပျက်စီးသွားတယ်။ အိမ်မှာ ရပ်ထားတဲ့ ကား ၄ စီးလဲ ဗုံးစမှန်ပြီး ပျက်ကုန်ပြီ။ သူ့ဘေးအိမ်က ၁၀ အိမ်လောက်လဲ ဗုံးစမှန်လို့ ပြတင်းမှန်နဲ့ မျက်နှာကျက်တွေ အကုန်ပျက်တယ်ပြောတယ်”ဟု မူဆယ်မြို့နယ် စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စယ်လန့် နေအိမ်ပျက်စီးပုံ

စစ်ကောင်စီတပ်မှ ယနေ့ (နိုဝင်ဘာ ၂၄)ရက် နံနက်တွင် စယ်လန့်ကျေးရွာကို လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးဆံမွန်၏ နေအိမ်နှင့် ကုန်စုံဆိုင်တို့ ထိခိုက်ပျက်စီးကာ အနီးရှိ နေအိမ် ၁၀ လုံးခန့်မှာ ပြတင်းမှန် ကွဲအက်ပြီး မျက်နှာကျက်များ ပျက်စီး၍ လူထိခိုက်မှု မရှိကြောင်း စယ်လန့်ကျေးရွာမှ ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင်လည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်သည် ဆုတောင်းပြည့်တောင်ပေါ် စခန်းမှနေပြီး လွိုင်တေးမိန်းတောင်ပေါ်ဘုရားသို့ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းကြောင့် စယ်လန့်ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် နမ့်ခမ်းမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေး‌ရှောင်များလည်း ရှိနေပြီး နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေကြကြောင်း နမ့်ခမ်းစစ်ဘေးရှောင်များက ပြောသည်။

“စယ်လန့်မှာ ပြီးခဲ့တဲ့လတုန်းက တိုက်ပွဲဖြစ်ကတည်းက ရှောင်နေကြတာရှိတယ်။ တချို့က ဒီအပတ်ထဲမှ အိမ်ကိုပြန်လာတာရှိတယ်။ ဒီနေ့ မနက်လည်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးထပ်လာကြဲတာလေ။ ကျတော်တို့လည်း နမ့်ခမ်းကနေ စယ်လန့်က နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ စစ်ဘေးရှောင်နေရတာ။ အခုလို ညသန်းခေါင် အချိန်တွေမှာ လေယာဉ်နဲ့ဗုံးလာကြဲတော့ ထပ်ပြီးရှောင်လို့လည်း မရဘူးလေ။ အိမ်ထဲမှာ နေတာတောင်မှ မလုံခြုံဘူးပေါ့”ဟု နမ့်ခမ်းမြို့မှ စယ်လန့်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်အချိန်ခန့်ကလည်း စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ဆန်ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း မူဆယ်ခရိုင် မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူနေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး နမ့်ခမ်းမြို့နယ်မှ စစ်ဘေး‌ရှောင်ဦးရေ ၆၀၀၀ ကျော်မှာ မြန်မာ-တရုတ် နယ်စပ်နှင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...