Tuesday, May 21, 2024

စယ်လန့်ကျေးရွာ

စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ နှင့် TNLA တိုက်ပွဲပြင်းထန်၊ကလေးတစ်ဦး ကျည်ထိမှန်

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး ကလေးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ (၂၄) ရက် ည ၅ နာရီဝန်းကျင်က နှစ်ဖက်တိုက်ပွဲအတွင်း...

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ပြည်သူနေအိမ် ထိခိုက်ပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက်၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့်...

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာနေ အမျိုးသားတစ်ဦးကို TNLA ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ယနေ့ (နိုဝင်ဘာ ၇) ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၇ ရက် ) နံနက်ပိုင်း ၉...

တိုက်ပွဲကြောင့် ကလေးငယ် စာသင်ကြားခွင့် မရကြ

ကွန်ကရစ်လောင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်ခုံတစ်လုံးကိုယ်စီ နှင့် ထမင်းစားခုံ စုံလည်ဝိုင်း တစ်လုံးတည်း ကလေးငယ်များ လေးယောက်တစ်ဖွဲ့ စုထိုင်ပြီး စာသင်နေကြသည်။ ထိုကလေးများသည် မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ စစ်ရှောင်ကလေးငယ်များ ဖြစ်ကြသည်။ လွန်ခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်စပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်)...

မူဆယ်မြို့နယ်အတွင်း တိုက်ပွဲကြား နေအိမ် နှင့် အရပ်သား ထိခိုက်ပျက်စီးမှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးရသည့်အပြင် အရပ်သား အမျိုးသမီး (၃) ဦးလည်း ထိခိုက် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၁၉)...

မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီ ဂျက်လေယာဉ် နှစ်ကြိမ်လာရောက်ပျံဝဲ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်ပေါ်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း လာရောက် ပျံဝဲသွားကြောင်း စုံစမ်းသိရသည်။ . ယနေ့ (သြဂုတ် ၃၁ ရက်) နေ့လယ်ပိုင်း ၃ နာရီကျော်အချိန်တွင် စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်ပေါ်ဘုရားတွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း လာရောက်ပျံဝဲသွားကြောင်း စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက...

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြား စယ်လန့်ဒေသခံ ၆၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြား ဒေသခံ ၆၀၀ ကျော် စစ်ရှောင် ထွက်ပြေး နေရကြောင်း သတင်းရရှိသည်။ . စယ်လန့်ကျေးရွာအနီးတွင် ဩဂုတ်လ ၂၉...

စယ်လန့်တိုက်ပွဲ အိမ်တလုံးပြာကျ၊ အိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိ

သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြား အရပ်သားအိမ် တစ်လုံး ပြာကျပြီး နေအိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီးကြောင်း သိရသည်။ . ယမန်နေ့ (သြဂုတ်လ ၂၉) ရက်...

စယ်လန့်ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲ၊ မူကြိုကျောင်း နှင့် အရပ်သား ထိခိုက်မှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မူကြိုကျောင်း နှင့် အရပ်သား ထိခိုက်မှုများ ရှိနေကြောင်း သတင်းသိရသည်။ . ယနေ့ သြဂုတ်လ ၂၉ ရက် ညနေပိုင်း ၄ နာရီဝန်းကျင် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးက...

စယ်လန့် လွိုင်တေးမိန်း ဘုန်းကြီးကျောင်း လက်နက်ကြီးကျ မီးလောင်

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုရှိ သာသနာ့နယ်မြေ ဖြစ်သည့် လွိုင်တေးမိန်း တောင်ပေါ် ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျ မီးစွဲလောင်ကြောင်း သတင်းသိရသည်။ . ယမန်နေ့ (သြဂုတ် ၂၈) ရက် နံနက် ၁၁ နာရီဝန်းကျင်မှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် လွိုင်တေးမိန်း တောင်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်...

Latest news