တိုက်ပွဲကြောင့် ကလေးငယ် စာသင်ကြားခွင့် မရကြ

ကွန်ကရစ်လောင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်ခုံတစ်လုံးကိုယ်စီ နှင့် ထမင်းစားခုံ စုံလည်ဝိုင်း တစ်လုံးတည်း ကလေးငယ်များ လေးယောက်တစ်ဖွဲ့ စုထိုင်ပြီး စာသင်နေကြသည်။

ထိုကလေးများသည် မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ စစ်ရှောင်ကလေးငယ်များ ဖြစ်ကြသည်။

Photo – Credit ( စယ်လန့်ကျေးရွာက ကျောင်းသား/သူများ တိုက်ပွဲကြောင့် စာသင်ကြားခွင့်ဆုံးရှုံး)

လွန်ခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်စပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုမှ စတင်ခဲ့ရာမှ ယနေ့ထိ တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ဒေသခံများသည် နေရပ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်ရသည်။

“ပြည်သူတွေ ခဏခဏ ရှောင်နေရတော့ အလုပ်အကိုင် ပျက်တယ်။ ကလေးတွေ ပညာရေး ထိခိုက်တယ်။ အသုဘတောင် ကူမဲ့သူ မရှိဖြစ်ရတယ် “ဟု စစ်ရှောင်ကလေးကို စာသင်ကြားပေးနေသည့် နန်းဆမ် (အမည်လွှဲ) ကပြောသည်။

တိုက်ပွဲကြောင့် စယ်လန့်ကျေးရွာအုပ်စုမှ တိန်းဝိန်း၊ မန့်ထမ့်၊ ပန်ခမ်းကျေးရွာအုပ်စုမှ ဝိန်းနန်း နှင့် စန်းဆာ စသည့်ကျေးရွာမှ စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်သည် မူဆယ်မြို့၊ နမ့်ခမ်းမြို့ နှင့် ၎င်းတို့ နီးစပ်သည့် ဆွေမျိုးမိတ်ဆွေထံ ထွက်ပြေးတိမ်းရှောင်ရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်အထဲ စစ်ရှောင်ကလေးငယ်များသည် ဘုန်းကြီးကျောင်းရှိ ဇရပ် နှင့် နေအိမ်များတွင်
ဆက်လက်၍ စာသင်ကြားရပြီး အချို့ပိုက်ဆံတတ်နိုင်သည့် စစ်ရှောင်ကလေးမှ မြို့ပေါ်တွင် စာသင်ကြားရသည်။

သို့သော်လည်း စစ်ရှောင်ကလေးများသည် လက်ရှိမှာ စာသင်ကြားရန်အတွက် အခက်ခဲ အမျိုးမျိုးရှိနေပြီး တစ်ဖက်တွင် လက်နက်ကြီး ပစ်ခတ်သံများလည်း နေ့စဥ်နီးပါး ကြားရသောကြောင့် ကျောင်းသားမိဘများ စိတ်မချရပေ။

“အသံတိတ်ရင် ကလေးတွေကို ခေါ်သင်တယ်။ မိဘတွေလာပို့တာပေါ့။ အသံကြားရင် လာကြိုပြီ၊ မိဘတွေလည်း အလုပ်ရှုပ်တယ်။ ရွာမှာရှိတဲ့ အစိုးရ ကျောင်းကဆို ဘုန်းကြီးကျောင်း ဇရပ်မှာ ပြောင်းသင်တာ ၃ ရက်လောက်ပဲရှိသေး၊ ခုပိတ်ထားရတယ် “ ဟု နန်းဆမ်က ပြောသည်။

Photo – Credit ( စယ်လန့်ကျေးရွာက ကျောင်းသား/သူများ တိုက်ပွဲကြောင့် စာသင်ကြားခွင့်ဆုံးရှုံး)

အစိုးရ စာသင်ကျောင်း စတင်ဖွင့်လှစ်ချိန် ဇွန်လမှ စတင်ပြီး ယခု စက်တင်ဘာလအထိ စယ်လန့်ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းမှ ကျောင်းသား/သူ ဦးရေ (၂၀၀) ကျော်သည် ကောင်းမွန်စွာ ပညာသင်ကြားခွင့် မရရှိခဲ့ပေ။

“ နိုင်ငံရေး အခြေအနေ မကောင်းတဲ့ နှစ်ကစ အစိုးရကျောင်းကဖွင့်လိုက်၊ ပိတ်လိုက်နဲ့မို့ မိဘဆွေမျိုးတွေလည်း ကလေးပညာရေးအတွက် ငွေကုန်ခံပြီး ကိုယ်ပိုင်ကျောင်းတွေ ပို့ကြရတယ်။ စီးပွားရေးက ကြပ်လာတော့ တချို့ငွေကြေး မတတ်နိုင်တဲ့ မိဘတွေဆို ကလေးတွေကို ကျောင်းထွက်ခိုင်းလိုက်ရတယ်။ အခုတိုက်ပွဲဖြစ်တော့ ကလေးတွေလည်း ကျောင်းမတက်ရတော့ဘူး “ ဟု ကလေးမိခင် နန်းဆမ်က ပြောပြသည်။

ထို့အပြင် တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာအတွင်း အရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သလို ဘုန်းကြီးကျောင်း နှစ်ဆောင်၊ စာသင်ကျောင်းနှစ်ဆောင် နှင့် နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ဒေသအတွင်း ပြုစုထားသည့် သတင်းအချက်အလက် အရ သျှမ်းသံတောင်ဆင့်မှ သြဂုတ် ၂၈ ရက်တွင် သတင်းရေးသား တင်ဆက်ခဲ့သည်။

အလားတူ စက်တင်ဘာလ ၂၀ ရက်တွင်လည်း စယ်လန့်ရွာ၏ မြောက်ဘက်ရှိ ဆုတောင်းတောင်ပေါ်၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျောင်းထိုင်ဆရာတော်တစ်ပါး လက်နက်ကြီး စထိမှန် ဒဏ်ရာရရှိခဲ့သည်။

“ တစ်ခါတလေ မနက်အိပ်ယာထလာရင် လက်နက်ကြီးသံတွေ စကြားနေရပြီ။ စိတ်မကောင်းဖြစ်ရတယ်။ စိတ်ပူရတယ်။ ထွက်ပြေးရင်လည်း ကြောက်ရ၊ မထွက်ပြေးရင်လည်း ကြောက်ရ “ ဟု စယ်လန့်အတွင်း နေထိုင်သည့် နန်းခမ်း (အမည်လွှဲ) ကပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုံမှန် လုပ်ကိုင်နေသည့်လုပ်ငန်းများ လည်ပတ်နိုင်မှုမရှိသည့်အတွက် ဝင်ငွေ မရှိတော့သဖြင့် ယခင်စုထားသည့် ငွေရေးကြေးရေးများကိုသာ ချွေသာပြီး အသုံးပြုနေရကြောင်း ၎င်းကဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသအတွင်း တိုက်လေယာဉ် အသုံးပြု၍ တိုက်ခိုက်နေ လျက်ရှိသောကြောင့် သြဂုတ် ၂၉ ရက်တွင်လည်း လွိုင်တေးမိန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမီးလောင် ပျက်စီးခဲ့သည်။

ထို့ကြောင့် စယ်လန့်ကျေးရွာအတွင်းရှိ ဒေသခံများသည် ဗုံးကြဲတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားရကြောင်းလည်း နန်းခမ်းက ပြောသည်။

“အိမ်လည်းရှိ၊ အလုပ်အကိုင်လည်းရှိတော့ သူများတွေလို ထွက်မပြေးရက်ဘူး။ ဗုံးကျပြီး အိမ်မီးလောင်မှာ ကြောက်တယ်။ အဲ့ကြောင့် ကတုတ်ကျင်း တူးထားရတာပေါ့။ တကယ်လို့ ဗုံးလာကြဲရင် တူထားတဲ့ကျင်းထဲ ဝင်ပုန်းရမှာပေါ့ “ ဟု နန်းခမ်းက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ် နှင့် TNLA တပ်တို့အကြား စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်တွင် ပြည်သူ့စစ်များ စစ်ကူအင်အားအဖြစ် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ရေးပြင်းထန်မှုရှိနေသည့် မူဆယ်မြို့နယ်အတွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ကာဖျူးကိုလည်း ထုတ်ပြန်ထားပြီး ဒေသခံများ ည (၁၀) နာရီမှ နံနက် (၄) နာရီအတွင်း အပြင်ထွက် သွားလာခြင်း မပြုကြရန်၊ လူ (၅) ဦးနှင့်အထက် စုဝေးခြင်းများ မပြုကြရန် ထုတ်ပြန်ပြောဆိုထားသည်။

“ ကျွန်မတောင်းဆိုချင်တာတော့ တိုက်ပွဲဆက်မဖြစ်ဖို့ တောင်းဆိုချင်တယ်။ အရင်လို အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သွားရေး လာရေးမှာ စိတ်ချစေချင်တယ်။ အန္တရာယ်ကင်းချင်တယ်။ ဖြစ်နိုင်ရင်တော့ နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်တာ ရပ်ဖို့ တောင်းဆိုချင်တယ် “ ဟု နန်းခမ်းက တောင်းဆိုထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...