Friday, January 30, 2026

စယ်လန့်တိုက်ပွဲ အိမ်တလုံးပြာကျ၊ အိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိ

သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြား အရပ်သားအိမ် တစ်လုံး ပြာကျပြီး နေအိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီးကြောင်း သိရသည်။

.

ယမန်နေ့ (သြဂုတ်လ ၂၉) ရက် နံနက်ပိုင်းမှ ညသန်းခေါင် ၁၂ နာရီအထိ စယ်လန့်ကျေးရွာအတွင်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီ ဘက်မှ လက်နက်ကြီး /လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာအုပ်စု ဖိုင်မိုင်ရပ်မှ နေအိမ်တစ်လုံး လက်နက်ကြီးကျ မီးလောင်ပြာကျပြီး ၃ လုံးထက်မနည်း လက်နက်ကြီးကျ ပျက်စီးကြောင်း ဒေသခံ အသက် (၂၀) ကျော် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Local (စယ်လန့်ကျေးရွာတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသည့် နေအိမ် အဆောက်အအုံများ)

“နေအိမ်ပေါ်ကို ည ၉ နာရီလောက်က လက်နက်စ အရင်ကျတယ်။ အဲ့ချိန်မှာ အိမ်သားတွေက ထွက်ပြေးသွားတယ်။ အပြင်ရောက်ရောက်ချင်းမှာ လက်နက်ကြီးက အိမ်ပေါ် တည့်တည့်ကျတော့တာပဲ။ လူမထိတာ ကံကောင်းတယ်။ အိမ်တလုံးရော ကား၊ လယ်ထွန်စက်အကြီး ပြာကျသွားတယ်” ဟု အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်ပျက်စီးမှုတွင် အိမ်ရှင်မိသားစုများ အချိန်မှီ ထွက်ပြေးခဲ့သော်လည်း အိမ်တွင်းပစ္စည်းများ အပါအဝင် ကားတစ်စီး နှင့် လယ်ထွန်စက်တစ်စီးလည်း မီးလောင်သည့်ထဲပါသွားသည်။

နှစ်ဖက်တပ်ဖွဲ့ ပစ်ခတ်တိုက်ပွဲကြောင့် နေအိမ်များ ထိခိုက်ပျက်စီးရသည့် အပြင် အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရသွားပြီး လက်ရှိတွင် မူဆယ်ဆေးရုံသို့ တက်ရောက်ဆေးကုသနေကြောင်း စယ်လန့်ဒေသခံများ ပြောပြချက်အရ သိရသည်။

Photo – Local (စယ်လန့်ကျေးရွာတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသည့် နေအိမ် အဆောက်အအုံများ)

“မနေ့က ညနေ ၅ နာရီလောက်မှာ အသက် ၆၈ အမျိုးသားက ဆိုင်ကယ်ကို အိမ်ထဲသွင်းဖို့ လုပ်နေချိန် သေနတ်ကျည်က သူ့တင်ပါးကို ထိသွားတယ်။ နောက်တယောက် ကလည်းအမျိုးသားပဲ ခြေထောက်ကို ယမ်းစ ထိတယ်။ ၂ ယောက်လုံး မူဆယ်ဆေးရုံ ပို့လိုက်တယ်” ဟု အသက် ၃၅ နှစ်အရွယ် အိုက်ယုံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ( သြဂုတ် ၂၉) ရက် ညနေပိုင်း စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးပြင်းထန်နေကြား ကျည်ထိမှန်သည့် အရပ်သား ၂ ဦးကို ပရဟိတ လူမှုကူညီရေးအသင်းမှ သွားရောက်သယ်ချိန်တွင်လည်း ကျေးရွာအတွင်းသို့ ဝင်ရောက်ရန် တားမြစ်ခံရကြောင်း အိုက်ယုံက ပြောသည်။

“ကျည်ထိတဲ့သူက ထိ သွေးထွက်နေပြီး၊ ကားနဲ့ ရွာထဲ ဝင်သယ်ဖို့ ခက်တယ်။ လူနာနဲ့ ဆိုင်ကယ်နဲ့သယ်ပြီး ရွာပြင်ပို့ရတယ်။ အရပ်သားတွေ ထိမှန်ရင် အချိန်မှီ ဆေးရုံ ပို့ဆောင်ဖို့ လိုအပ်တယ်” ဟု သူက ထပ်လောင်း ပြောသည်။

တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများသည် မူဆယ်မြို့နယ် နောင်နောင်းကျေးရွာအုပ်စု နှင့် မူဆယ်မြို့ပေါ် ကောင်မူးတုံရပ်ကွက် ဟိုနားနယ်မြေသို့ စစ်ရှောင် ၁၈၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

Photo – Local (စယ်လန့်ကျေးရွာတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသည့် နေအိမ် အဆောက်အအုံများ)

လက်ရှိတွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် စယ်လန့်ရွာ၏ မြောက်ဘက်၌ ဆက်လက် နေရာယူထားပြီး တောထဲသို့ လက်နက်ကြီးဖြင့် ရံဖန်ရံခါ ပစ်ခတ်နေသည့်အတွက် ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်မှာကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက လက်ရှိစစ်ရေး အခြေအနေကို ပြောပြသည်။

ယမန်နေ့ (သြဂုတ် ၂၉) ရက်တွင် စစ်ကောင်စီတပ်သည် TNLA တပ်စွဲ စခန်းချနေသည့် စယ်လန့်ကျေးရွာအုပ်စု သာသနာ့နယ်မြေ လွိုင်တေးမိန်းတောင်ပေါ်ဘုရားနေရာကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ သေးသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်များ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေး တာဝန်ခံ နှင့် ပြောရေးဆိုခွင့်များထံသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် စစ်ကောင်စီ နှင့် TNLA တပ်အပြင် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ကလည်း သွားလာလှုပ်ရှားလျက်ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...