စယ်လန့်တိုက်ပွဲ အိမ်တလုံးပြာကျ၊ အိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိ

သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြား အရပ်သားအိမ် တစ်လုံး ပြာကျပြီး နေအိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီးကြောင်း သိရသည်။

.

ယမန်နေ့ (သြဂုတ်လ ၂၉) ရက် နံနက်ပိုင်းမှ ညသန်းခေါင် ၁၂ နာရီအထိ စယ်လန့်ကျေးရွာအတွင်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီ ဘက်မှ လက်နက်ကြီး /လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာအုပ်စု ဖိုင်မိုင်ရပ်မှ နေအိမ်တစ်လုံး လက်နက်ကြီးကျ မီးလောင်ပြာကျပြီး ၃ လုံးထက်မနည်း လက်နက်ကြီးကျ ပျက်စီးကြောင်း ဒေသခံ အသက် (၂၀) ကျော် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Local (စယ်လန့်ကျေးရွာတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသည့် နေအိမ် အဆောက်အအုံများ)

“နေအိမ်ပေါ်ကို ည ၉ နာရီလောက်က လက်နက်စ အရင်ကျတယ်။ အဲ့ချိန်မှာ အိမ်သားတွေက ထွက်ပြေးသွားတယ်။ အပြင်ရောက်ရောက်ချင်းမှာ လက်နက်ကြီးက အိမ်ပေါ် တည့်တည့်ကျတော့တာပဲ။ လူမထိတာ ကံကောင်းတယ်။ အိမ်တလုံးရော ကား၊ လယ်ထွန်စက်အကြီး ပြာကျသွားတယ်” ဟု အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်ပျက်စီးမှုတွင် အိမ်ရှင်မိသားစုများ အချိန်မှီ ထွက်ပြေးခဲ့သော်လည်း အိမ်တွင်းပစ္စည်းများ အပါအဝင် ကားတစ်စီး နှင့် လယ်ထွန်စက်တစ်စီးလည်း မီးလောင်သည့်ထဲပါသွားသည်။

နှစ်ဖက်တပ်ဖွဲ့ ပစ်ခတ်တိုက်ပွဲကြောင့် နေအိမ်များ ထိခိုက်ပျက်စီးရသည့် အပြင် အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရသွားပြီး လက်ရှိတွင် မူဆယ်ဆေးရုံသို့ တက်ရောက်ဆေးကုသနေကြောင်း စယ်လန့်ဒေသခံများ ပြောပြချက်အရ သိရသည်။

Photo – Local (စယ်လန့်ကျေးရွာတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသည့် နေအိမ် အဆောက်အအုံများ)

“မနေ့က ညနေ ၅ နာရီလောက်မှာ အသက် ၆၈ အမျိုးသားက ဆိုင်ကယ်ကို အိမ်ထဲသွင်းဖို့ လုပ်နေချိန် သေနတ်ကျည်က သူ့တင်ပါးကို ထိသွားတယ်။ နောက်တယောက် ကလည်းအမျိုးသားပဲ ခြေထောက်ကို ယမ်းစ ထိတယ်။ ၂ ယောက်လုံး မူဆယ်ဆေးရုံ ပို့လိုက်တယ်” ဟု အသက် ၃၅ နှစ်အရွယ် အိုက်ယုံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ( သြဂုတ် ၂၉) ရက် ညနေပိုင်း စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးပြင်းထန်နေကြား ကျည်ထိမှန်သည့် အရပ်သား ၂ ဦးကို ပရဟိတ လူမှုကူညီရေးအသင်းမှ သွားရောက်သယ်ချိန်တွင်လည်း ကျေးရွာအတွင်းသို့ ဝင်ရောက်ရန် တားမြစ်ခံရကြောင်း အိုက်ယုံက ပြောသည်။

“ကျည်ထိတဲ့သူက ထိ သွေးထွက်နေပြီး၊ ကားနဲ့ ရွာထဲ ဝင်သယ်ဖို့ ခက်တယ်။ လူနာနဲ့ ဆိုင်ကယ်နဲ့သယ်ပြီး ရွာပြင်ပို့ရတယ်။ အရပ်သားတွေ ထိမှန်ရင် အချိန်မှီ ဆေးရုံ ပို့ဆောင်ဖို့ လိုအပ်တယ်” ဟု သူက ထပ်လောင်း ပြောသည်။

တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများသည် မူဆယ်မြို့နယ် နောင်နောင်းကျေးရွာအုပ်စု နှင့် မူဆယ်မြို့ပေါ် ကောင်မူးတုံရပ်ကွက် ဟိုနားနယ်မြေသို့ စစ်ရှောင် ၁၈၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

Photo – Local (စယ်လန့်ကျေးရွာတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသည့် နေအိမ် အဆောက်အအုံများ)

လက်ရှိတွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် စယ်လန့်ရွာ၏ မြောက်ဘက်၌ ဆက်လက် နေရာယူထားပြီး တောထဲသို့ လက်နက်ကြီးဖြင့် ရံဖန်ရံခါ ပစ်ခတ်နေသည့်အတွက် ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်မှာကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက လက်ရှိစစ်ရေး အခြေအနေကို ပြောပြသည်။

ယမန်နေ့ (သြဂုတ် ၂၉) ရက်တွင် စစ်ကောင်စီတပ်သည် TNLA တပ်စွဲ စခန်းချနေသည့် စယ်လန့်ကျေးရွာအုပ်စု သာသနာ့နယ်မြေ လွိုင်တေးမိန်းတောင်ပေါ်ဘုရားနေရာကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ သေးသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်များ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေး တာဝန်ခံ နှင့် ပြောရေးဆိုခွင့်များထံသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် စစ်ကောင်စီ နှင့် TNLA တပ်အပြင် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ကလည်း သွားလာလှုပ်ရှားလျက်ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...