မူဆယ်မြို့နယ်အတွင်း တိုက်ပွဲကြား နေအိမ် နှင့် အရပ်သား ထိခိုက်ပျက်စီးမှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးရသည့်အပြင် အရပ်သား အမျိုးသမီး (၃) ဦးလည်း ထိခိုက် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၁၉) ရက် ညနေပိုင်း (၅) နာရီဝန်းကျင် အချိန်တွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ အုပ်စု အနီး၌ နှစ်ဖက် တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မူဆယ်မြို့နယ် တိန်းလုံကျေးရွာအုပ်စု၊ စန်းဆာကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ် (၂) လုံး ထိမှန်ကာ နေအိမ်အတွင်း ရှိနေသည့် အမျိုးသမီး (၃)  ဦး လည်း ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးက စန်းဆာတောင်ကနေ ပစ်လာခဲ့တာလို့တော့ ထင်ရတယ်၊ အတိအကျတော့ မသိရပါဘူး။ သူတို့က အရပ်လေးမျက်နှာလုံးကို လက်နက်ကြီးနဲ့ ရမ်း ပစ်နေကြလို့ အသံနဲ့ မှန်းပြီး ပြောရတာပါ။ အိမ်သာပေါ်မှာလည်း လက်နက်ကြီးက ကျကွဲတာ၊ ဒဏ်ရာရသူ (၃) ဦးရှိတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကြီးထိမှန် ဒဏ်ရာရသည့် အမျိုးသမီးသည် အသက် (၅၀) အရွယ်ရှိ ပါနန်းလင်း နှင့် ပါနန်းဆွမ်း တို့ဖြစ်သည့်အပြင် အသက် ၁၇ နှစ် အရွယ် မိန်းကလေးတစ်ဦးတို့ ဖြစ်ကြကြောင်း သိရသည်။

နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် ခါး၊ ပေါင် နှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်းလည်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် စက်တင်ဘာလ (၁၉) ရက် ည (၁၀) နာရီဝန်းကျင် အချိန်တွင်လည်း မူဆယ်မြို့ပေါ်  ဟိုနားရပ်ကွက်ဘက်မှ ပစ်ခတ်သံများ ထွက်ပေါ် လာကြောင်းလည်း မူဆယ်ဒေသခံ အသက် (၄၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်သံတွေ အရင်ထွက်လာပြီးမှ လက်နက်ကြီးသံတွေ ကြားရတယ်။ မှန်းမိသလောက်တော့ ရဲစခန်းနား မဟုတ်လည်း ဟိုနားရပ်ကွက်ဘက်က ဖြစ်နိုင်တယ်။ အဲ့ဒီ ပစ်ခတ်မှုက နာရီဝက်ကျော်ကြာမှ အသံငြိမ်သွားတာ” ဟု မူဆယ်ဒေသခံ အသက် (၄၀) ကျော် အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်မှ စတင်ကာ စစ်ကောင်စီ နှင့် TNLA တို့ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြန်လည် ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုမှ ဒေသခံများလည်း နေအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေး နေရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းအချိန်တွင်လည်း စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်မှု ရှိခဲ့သည်။

သြဂုတ်လအတွင်းမှာလည်း စစ်ကောင်စီ နှင့် TNLA တို့ စယ်လန့်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံနေအိမ်များ ပျက်စီးမီးလောင်သည့်အပြင် အရပ်သားထိမှန် သေဆုံးမှုလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...