Wednesday, January 28, 2026

မူဆယ်မြို့နယ်အတွင်း တိုက်ပွဲကြား နေအိမ် နှင့် အရပ်သား ထိခိုက်ပျက်စီးမှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးရသည့်အပြင် အရပ်သား အမျိုးသမီး (၃) ဦးလည်း ထိခိုက် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၁၉) ရက် ညနေပိုင်း (၅) နာရီဝန်းကျင် အချိန်တွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ အုပ်စု အနီး၌ နှစ်ဖက် တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မူဆယ်မြို့နယ် တိန်းလုံကျေးရွာအုပ်စု၊ စန်းဆာကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ် (၂) လုံး ထိမှန်ကာ နေအိမ်အတွင်း ရှိနေသည့် အမျိုးသမီး (၃)  ဦး လည်း ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးက စန်းဆာတောင်ကနေ ပစ်လာခဲ့တာလို့တော့ ထင်ရတယ်၊ အတိအကျတော့ မသိရပါဘူး။ သူတို့က အရပ်လေးမျက်နှာလုံးကို လက်နက်ကြီးနဲ့ ရမ်း ပစ်နေကြလို့ အသံနဲ့ မှန်းပြီး ပြောရတာပါ။ အိမ်သာပေါ်မှာလည်း လက်နက်ကြီးက ကျကွဲတာ၊ ဒဏ်ရာရသူ (၃) ဦးရှိတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကြီးထိမှန် ဒဏ်ရာရသည့် အမျိုးသမီးသည် အသက် (၅၀) အရွယ်ရှိ ပါနန်းလင်း နှင့် ပါနန်းဆွမ်း တို့ဖြစ်သည့်အပြင် အသက် ၁၇ နှစ် အရွယ် မိန်းကလေးတစ်ဦးတို့ ဖြစ်ကြကြောင်း သိရသည်။

နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် ခါး၊ ပေါင် နှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်းလည်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် စက်တင်ဘာလ (၁၉) ရက် ည (၁၀) နာရီဝန်းကျင် အချိန်တွင်လည်း မူဆယ်မြို့ပေါ်  ဟိုနားရပ်ကွက်ဘက်မှ ပစ်ခတ်သံများ ထွက်ပေါ် လာကြောင်းလည်း မူဆယ်ဒေသခံ အသက် (၄၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်သံတွေ အရင်ထွက်လာပြီးမှ လက်နက်ကြီးသံတွေ ကြားရတယ်။ မှန်းမိသလောက်တော့ ရဲစခန်းနား မဟုတ်လည်း ဟိုနားရပ်ကွက်ဘက်က ဖြစ်နိုင်တယ်။ အဲ့ဒီ ပစ်ခတ်မှုက နာရီဝက်ကျော်ကြာမှ အသံငြိမ်သွားတာ” ဟု မူဆယ်ဒေသခံ အသက် (၄၀) ကျော် အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်မှ စတင်ကာ စစ်ကောင်စီ နှင့် TNLA တို့ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြန်လည် ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုမှ ဒေသခံများလည်း နေအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေး နေရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းအချိန်တွင်လည်း စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်မှု ရှိခဲ့သည်။

သြဂုတ်လအတွင်းမှာလည်း စစ်ကောင်စီ နှင့် TNLA တို့ စယ်လန့်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံနေအိမ်များ ပျက်စီးမီးလောင်သည့်အပြင် အရပ်သားထိမှန် သေဆုံးမှုလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...