စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြား စယ်လန့်ဒေသခံ ၆၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြား ဒေသခံ ၆၀၀ ကျော် စစ်ရှောင် ထွက်ပြေး နေရကြောင်း သတင်းရရှိသည်။

.

စယ်လန့်ကျေးရွာအနီးတွင် ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှစပြီး သြဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်း ၁ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် စယ်လန့်ကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ၆၀၀ နီးပါး စစ်ရှောင်ထွက်ပြေး နေရကြောင်း စယ်လန့်ကျေးရွာနေ အမည်မဖော်လိုသူ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – HMS ပရဟိတအသင်း (စယ်လန့်ကျေးရွာ အနီး စစ်ရှောင်များအား HMS မှ သွားရောက်ကူညီပေးစဥ်)

“သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီး နဲ့ ကလေးမိခင်တွေကတော့ စစ်ရှောင်ထွက်ပြေးကြပြီ၊ ရွာထဲမှာက လူငယ်လူရွယ် အမျိုးသားပဲ အများစု ကျန်နေကြတယ်။ အိမ်စောင့်လည်း မထားလို့ မရလို့ အိမ်စောင့် အဖြစ် ကျန်ခဲ့တာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများသည် စယ်လန့်ရွာ၊ ဂေါင်ရာရွာသစ်၊ မန်ကန်ရွာ၊ မိုင်းဆတ်ရွာ၊ နမ့်ကတ်ရွာစသည့် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြပြီး မူဆယ်မြို့ပေါ် ဟိုနား ရပ်ကွက်၊ စွမ်စော် ရပ်ကွက်၊ တင်းလုံရပ်ကွက် ၊ ပန်ခမ်းရွာ နှင့် နမ့်ခမ်းမြို့နယ် တုန်ခွမ်ရွာတို့ရှိ အမျိုးအိမ်များသို့ စစ်ရှောင် ခိုလှုံနေကြကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့နယ် နောင်နောင်းကျေးရွာအုပ်စုရှိ မန့်နိမ်ကျေးရွာ ဘုန်းကြီးကျောင်းသို့လည်း စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိနေပြီး စစ်ရှောင်များအတွက် စားဝတ်နေရေး နှင့် နေရာထိုင်ခင်းများ အတွက် အကူအညီများ လိုအပ်နေကြောင်း လည်း သိရသည်။

“အခုမှာ တစ်ရက်/တစ်ရက်ပဲ ရှိနေသေးတော့ ဆွေမျိုးတွေ ဘုန်းကြီးကျောင်းတွေ ကူညီထောက်ပံ့နိုင် သေးပေမဲ့ ရက်ကြာလာရင် မလွယ်လောက်တော့ဘူး။ ဆွေမျိုးဆိုလည်း အားနာရတယ်။ ဒါကြောင့် ဒီစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့ပေးမယ့် အလှူရှင်တွေရှိရင် ကောင်းတာပေါ့” ဟု အသက် ၃၀ ဝန်းကျင် မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စယ်လန့်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ အမှတ် (၉၉) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခလရ ၄၂၀၊ ၄၁၇ တပ်ရင်း အပြင် နမ်းခမ်းမြို့မ ပြည်သူ့စစ်နဲ့ တခြားပြည်သူ့စစ်တပ်ဖွဲ့များကိုလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း နှင့် လက်နက်ကြီးရန်ကြောင့် ဒေသခံများ စစ်ရှောင်ထွက်ပြေးရကြောင်း TNLA ၏ ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက ကတော့ လက်နက်ကြီး ရန်ကြောက်လို့ပေါ့နော်။ တကယ့် တကယ်တော့ တိုက်ပွဲက ရွာထဲမှာ မဖြစ်ဘူး။ ဒါပေမဲ့လည်း ရွာထဲကို လက်နက်ကြီးတွေက ရွာထဲ က ကျတော့ စစ်ရှောင်ထွက်ပြေးရတာပေါ့။” ဟု ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ နှင့် TNLA တပ်တို့ စစ်ရေး တင်းမာမှု ရှိနေသေးသည့်အတွက် စစ်ရှောင်များလည်း နေရပ်ပြန်သွားရန် အဆင်မပြေနိုင်သေးပေ။

အလားတူပင် ဩဂုတ်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အကြား ခိုမုန်းကျေးရွာအနီး စစ်ကောင်စီ၏ စကခ – ၁၇၊ ခမရ – ၅၇၇၊ ရမခ/ခရလ – ၄၅ တပ်တို့ ထိုးစစ်ဆင် လာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းလည်း TNLA မှ သတင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...