Thursday, May 16, 2024

စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ နှင့် TNLA တိုက်ပွဲပြင်းထန်၊ကလေးတစ်ဦး ကျည်ထိမှန်

Must read

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး ကလေးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ နိုဝင်ဘာ (၂၄) ရက် ည ၅ နာရီဝန်းကျင်က နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်များလည်း ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ် တစ်ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်းဒေသခံ တစ်ဦးက ပြောသည်။

“ကလေးတစ်ဦး လက်နက်ကြီးကျည် ထိမှန်တယ်လို့တော့ကြားတယ်။ ဘယ်ကျေးရွာက လူငယ်လဲတော့ ကျနော်တို့လဲ သေချာမသိရဘူး။ မူဆယ် ပရဟိတ အဖွဲ့က လာခေါ်သွားတယ်လို့ကြားရတယ်။”ဟု ဒေသခံ တစ်ဦးကပြောသည်။

နိုဝင်ဘာ (၂၄) ရက် နံနက် ၁ နာရီတွင် စစ်ကောင်စီဘက်မှ စယ်လန့်ကျေးရွာအုပ်စုရှိ ကောင်းနောင်ရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူနေအိမ် တစ်လုံး ထိမှန်ပြီး ကား ၄ စီး ထိမှန်ပျက်စီးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင်လည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်သည် ဆုတောင်းပြည့်တောင်ပေါ် စခန်းမှနေပြီး လွိုင်တေးမိန်းတောင်ပေါ်ဘုရားသို့ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းကြောင့် စယ်လန့်ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article