စယ်လန့်ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲ၊ မူကြိုကျောင်း နှင့် အရပ်သား ထိခိုက်မှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မူကြိုကျောင်း နှင့် အရပ်သား ထိခိုက်မှုများ ရှိနေကြောင်း သတင်းသိရသည်။

.

ယနေ့ သြဂုတ်လ ၂၉ ရက် ညနေပိုင်း ၄ နာရီဝန်းကျင် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးက စယ်လန့်ကျေးရွာတွင်းရှိ စဝ်ဆေခန်ဖ မူကြိုကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံ အိုက်ယုံ (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက လေယာဥ်နဲ့ လွိုင်တေးမိန်းကို ဗုံးကြဲတိုက်ခိုက်အပြီး မြေပြင်ပစ်ခတ်မှု တွေလည်း ရွာနဲ့ နီးလာ တယ်။ စကစ ကလက်နက်ကြီးနဲ့ ပစ်လိုက်လို့ ရွာထဲက မူကြိုကျောင်းပေါ် ကျကွဲတာ၊ ပျက်စီးမှု အသေးစိတ်ကို တော့ မသိရသေးဘူး၊ အခုည အချိန်ထိ ပစ်ခတ်သံတွေ ကြားနေရတုန်းမို့ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး” ဟု ဒေသခံ အိုက်ယုံ (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တို့ စယ်လန့်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မူကြိုကျောင်းဆောင် လက်နက်ကြီး ထိမှန်သည့် အပြင် အရပ်သားလည်း ကျည်ဆန်ထိမှန်ကြောင်းလည်း သိရသည်။

တိုက်ပွဲသည် ရွာနှင့် နီးကပ်လာသည့်အတွက် အိမ်ပြင်ရပ်ထားသည့် ဆိုင်ကယ်ကို အထဲသွင်းရန် ပြင်ဆင်နေသည့် အသက် (၆၀) ကျော် စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးကို သေနတ်ကျည်ဆံ လာရောက်ထိမှန်ကြောင်း အိုက်ယုံ (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဖြစ်စဥ်ကတော့ ၅ နာရီခွဲလောက်မှာ ဖြစ်တာ။ သေနတ်က တင်ပါးကို ဖောက်ဝင်သွားတယ်။ ဘယ်တပ်ဖွဲ့ရဲ့ ကျည်ဆန်လဲတော့ မသိရဘူး။ အဲ့လို ထိခိုက်လူနာရှိလို့ မူဆယ်က လူမှုကူညီရေးအသင်းကားတွေ ရောက်လာ လည်း လက်နက်ကိုင်တွေက ရွာထဲထိ ပေးမဝင်လို့ ဆိုင်ကယ်နဲ့ ရွာပြင်ထိ လိုက်ပို့ရပြီး အဲ့ကမှ တစ်ဆင့် လာကြို တဲ့ကားနဲ့ မူဆယ်ဆေးရုံကို သွားရတာ၊ အခုတော့ မူဆယ်ဆေးရုံကို ရောက်သွားပြီ” ဟု အိုက်ယုံ (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိ သတင်းရေးသား နေသည့်အချိန်ထိ (ည ၉ နာရီ) စယ်လန့်ကျေးရွာအတွင်း၌ ပစ်ခတ်သံများ ကြားနေလျက်ရှိပြီး၊ အချို့ဒေသခံများက မူဆယ်မြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးမှု ရှိသော်လည်း ရွာအတွင်း ပိတ်မိနေသေးသည့် ဒေသခံများလည်း အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

စယ်လန့်တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သားများ ထိခိုက်ကျဆုံးမှု ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက်မရနိုင်သေးပေ။

အလားတူ မူဆယ် (၁၀၅) မိုင် အေးရှားဝေါလ် ဂိတ်အနီးတွင် စစ်ကောင်စီ နှင့် လက်အောက်ခံ ပြည်သူ့စစ်တို့ အချင်းချင်းကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အရာရှိ အပါအဝင် ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကားသမားအသိုင်းအဝန်းများထံမှ သိရသည်။

မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် TNLA တပ်ကြား စစ်ရေးတင်းမာမှုဖြစ်နေသည်မှာ တလနီးပါးရှိလာခဲ့ပြီး ယနေ့ (သြဂုတ် ၂၉) ရက်တွင် စစ်ရေးပြင်းထန်မှု ဖြစ်ပွားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...