စယ်လန့် လွိုင်တေးမိန်း ဘုန်းကြီးကျောင်း လက်နက်ကြီးကျ မီးလောင်

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုရှိ သာသနာ့နယ်မြေ ဖြစ်သည့် လွိုင်တေးမိန်း တောင်ပေါ် ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျ မီးစွဲလောင်ကြောင်း သတင်းသိရသည်။

.

ယမန်နေ့ (သြဂုတ် ၂၈) ရက် နံနက် ၁၁ နာရီဝန်းကျင်မှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် လွိုင်တေးမိန်း တောင်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့် အတွက် တောင်ပေါ်ရှိ ဘုန်းကြီးကျောင်း မီးလောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်တာ။ ဆုတောင်းတောင်ကနေ ပစ်တယ်၊ ၁၀၅ မိုင်စခန်း ကနေလည်း ပစ်ကူတယ်။ လွိုင်တေးမိန်းတောင်ပေါ်က ဘုန်းကြီးကျောင်း ရှိတဲ့နေရာမှာ မီးခိုးတွေ ထွက်လာပြီး ဒီနေ့မနက်မှ ဘုန်းကြီးကျောင်းဆောင် မီးလောင်မှန်း သိရတာ” ဟု မူဆယ်မြို့ ဒေသခံ အသက် ၅၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မီးလောင်သည့် လွိုင်တေးမိန်းတောင်ပေါ်မှ ဘုန်းကြီးကျောင်းဆောင်သည် ယခင် ဘုန်းကြီး သီတင်းသုံး နေထိုင်ခဲ့သည့် သစ်သားကျောင်းဆောင်ဟောင်းဖြစ်ပြီး နှစ်ပေါင်း ၁၈ နှစ်ကြာ တည်ဆောက်ထားသည့် ကျောင်းဆောင်ဖြစ်ကြောင်းလည်း သိရသည်။

လွိုင်တေးမိန်းတောင်ပေါ်၌ စခန်းချ နေထိုင်နေကြသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကြောင့် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် လှမ်းပစ်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်ကြသည်။

“အဲ့တောင် (လွိုင်တေးမိန်း) မှာ TNLA က သွားနေနေတာလေ။ အရင် မြို့မပြည်သူ့စစ်နဲ့ တိုက်ပွဲပြီး ကတည်းက TNLA တွေက တောင်ပေါ်မှာ သွားပြီး နေရာယူထားတာ။ အဲ့ကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့ တာပေါ့။ အမှန်ဆို အဲ့ဒီတောင်ပေါ်က သာသနာ နယ်မြေဖြစ်တယ်။ ဘယ်လက်နက်ကိုင် တပ်ဖွဲ့မှ မနေသင့်ဘူး။ နေစရာအကြောင်းလည်း မရှိဘူး” ဟု ၎င်းအမျိုးသားက ဆက်ဆိုသည်။

လက်နက်ကြီးကျ မီးစွဲလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်းသည် ကျပ်သိန်းပေါင်း ၁၀၀ ကျော် ရှိနိုင်ကြောင်း နှင့် လက်ရှိ အချိန်အထိ နှစ်ဘက်စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ မူဆယ်မြို့နယ်၊ ဆုတောင်းတောင်မှ သော်လည်းကောင်း၊ ၁၀၅ မိုင်မှ သော်လည်းကောင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေလျက်ရှိပြီး TNLA တပ်ဖွဲ့ကလည်း မူဆယ်မြို့နယ်၊ နောင်ဆိုင် ကျေးရွာမှ တစ်ဆင့် စယ်လန့်ကျေးရွာဘက်သို့ စစ်အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်း အသက် ၂၀ ကျော် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တနေကုန် ညအထိ လက်နက်ကြီးနဲ့ ပစ်ကြတယ်။ ဒီနေ့လည်း မိုးမလင်းခင်ကတည်းက လက်နက်ကြီး နဲ့ လှမ်းပစ်နေတာ။ TNLA ဘက်ကလည်း နောင်ဆိုင်ဘက်ကနေ စယ်လန့်ရွာ၊ လွိုင်တေးမိန်းတောင်ခြေနားကို စစ်အင်အားတွေ ဖြည့်လာနေတာ အများကြီးပဲ၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာတော့ ကြောက်တယ်၊ ရွာသားတွေကပဲ တိုက်ပွဲကြား ပိတ်မိနေတာလေ” ဟု အသက် ၂၀ ကျော် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်သားများ သာသနာ့နယ်မြေ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲပစ်ခတ်မှု ဖြစ်ပွားခြင်း ၊ ကျေးရွာအတွင်း လူထု နှင့် အတူ ရောနှော နေထိုင်ခြင်း တို့သည် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...