မူဆယ်မြို့နယ်
မူဆယ်မြို့နယ် နမ့်ပေါ့တံတားပေါ် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ရှိ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ နှင့် ဝိန်းနန်းကျေးရွာသို့ ဆက်သွယ်သွားသည့် နမ့်ပေါ့တံတားပေါ်တွင် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက်ပိုင်းတွင် မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာနှင့် ဝိန်းနန်းကျေးရွာ အကြား ဆက်သွယ်ထားသော နမ့်ပေါ့တံတားပေါ်တွင် မပေါက်ကွဲသေးသည့် (ထောင်မိုင်း) များ စုစုပေါင်း...
မူဆယ်မြို့နယ်အတွင်း ညအချိန် ပစ်ခတ်သံကြောင့် ဒေသခံများ ထိတ်လန့်
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ညဘက် လူခြေတိတ်ချိန်တွင် ပစ်ခတ်သံများ ဖြစ်ပေါ်သည့်အတွက် ဒေသခံများမှ ထိတ်လန့်တုန်လှုပ်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့ပေါ် လက်နက်ကြီး အသံ နှစ်ချက် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီး အချင်းချင်း ပစ်ခတ်သည့် သေနတ်သံများလည်း...
မူဆယ်မြို့နယ် တီးမ စျေးအတွင်းနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာရှိ တီးမစျေးအတွင်း နေအိမ်ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းအတွင်းသိုလှောင်ထားသည့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၃၀ ရက် ည ၁၁နာရီအချိန်တွင် မူဆယ်မြို့နယ် တီးမ ကျေးရွာအုပ်စု တီးမစျေးအတွင်းနေထိုင်သူ ဒေါ်ကြာမွေးခေါ် အသက် ၆၀ ကျော်အမျိုးသမီး၏ နေအိမ်တွင် အိမ်သုံး...
မူဆယ်တိုက်ပွဲ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် ဒေသခံများ ကတုတ်ကျင်းတူးထားရ
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်တွင် ရက်ရှည်ကြာတိုက်ပွဲ ဖြစ်ပွားလာသည်နှင့်အမျှ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာသောကြောင့် ဒေသခံများ ကတုတ်ကျင်း တူးထားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA...
မူဆယ်မြို့နယ်တိုက်ပွဲ ဆရာတော်တစ်ပါး လက်နက်ကြီးထိ၊ TNLA တပ်စခန်း (၃) ခု သိမ်းပိုက်ခံရ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ဆရာတော် တစ်ပါး လက်နက်ကြီး ထိမှန် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ . ယနေ့ (စက်တင်ဘာလ ၂၀ ) ရက် နံနက်ပိုင်းတွင် မူဆယ်မြို့...
မူဆယ်မြို့နယ်အတွင်း တိုက်ပွဲကြား နေအိမ် နှင့် အရပ်သား ထိခိုက်ပျက်စီးမှုရှိ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးရသည့်အပြင် အရပ်သား အမျိုးသမီး (၃) ဦးလည်း ထိခိုက် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၁၉)...
မူဆယ်မြို့ နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲပြင်းထန်နေ
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ . ယနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လည်...
မူဆယ်မြို့နယ် လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရ
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ၁၀၅ မိုင် နှင့် တိန်းလုံကျေးရွာအုပ်စုအတွင်း ယနေ့ နံနက်အစောပိုင်း အချိန်မှစပြီး စစ်ကောင်စီဘက်မှ တစ်ဖက်သတ် လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ . ယနေ့ စက်တင်ဘာ (၁၈) ရက် နံနက် ၈ နာရီကျော်...
မူဆယ်မြို့နယ်အတွင်း ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ယနေ့ (စက်တင်ဘာ ၁၇) ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်သံများ ပြန်လည် ထွက်ပေါ် လာသည့်အတွက် စစ်ရေး ပိုပြင်းထန်မှာကို စိုးရိမ်ရကြောင်း သိရသည်။ . ယနေ့ (စက်တင်ဘာလ ၁၇) ရက်...
မူဆယ်မြို့နယ် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
သျှမ်းပြည် မူဆယ်မြို့နယ်၊ နမ့်အုမ် (ဝၢၼ်ႈၼမ့်ဢုမ်) ကျေးရွာ နှင့် ခိုမုန်းကျေးရွာတို့မှ စစ်ရှောင်နေရသည့် ဒေသခံများသည် ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ . အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ကျေးရွာ...





