Wednesday, January 28, 2026

မူဆယ်မြို့ နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲပြင်းထန်နေ

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လည် ၃ နာရီမှစပြီး မူဆယ်မြို့နယ် ဝိန်းနန်းရွာ၏ တောင်ဘက်ရှိ တောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ် နှင့် TNLA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ဖွဲ့ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အဆက်မပြတ် ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

“ဒီနေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲပြန်ဖြစ်နေတယ်။ ဝိန်းနန်းရွာရဲ့ တောင်ဘက်က တောင်ကုန်းပေါ်မှာ ဖြစ်တာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြတာ“ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက်တွင် ဝိန်းနန်းကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားခဲ့သည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဆက်လက်စုံစမ်းနေခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့နယ် စန်းဆာရွာ တောင်ကုန်းပေါ် ရှိ စခန်းမှနေပြီး စစ်ကောင်စီတပ်သည် လက်နက်ကြီး ၆၀ မမဖြင့် စယ်လန့် လွိုင်တေးမိန်း၏ အရှေ့ဘက်ခြမ်းကို ဦးတည်၍ ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် TNLA တပ်ဖွဲ့ လှုပ်ရှားနေလျက်ရှိသည့် စယ်လန့်၊ လွိုင်တေးမိန်း နှင့် မန့်ဝိန်းရွာအတွင်း နယ်မြေများကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုသောကြောင့် အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်နေကြောင်း ဒေသအတွင်း နယ်မြေကျွမ်းကျင်သူတစ်ဦးထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...