မူဆယ်မြို့နယ် လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရ

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ၁၀၅ မိုင် နှင့် တိန်းလုံကျေးရွာအုပ်စုအတွင်း ယနေ့ နံနက်အစောပိုင်း အချိန်မှစပြီး စစ်ကောင်စီဘက်မှ တစ်ဖက်သတ် လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ စက်တင်ဘာ (၁၈) ရက် နံနက် ၈ နာရီကျော် အချိန်မှစပြီး မူဆယ်မြို့နယ် ၁၀၅ မိုင် နှင့် တိန်းလုံကျေးရွာအုပ်စု စန်းဆာကျေးရွာရှိ တောင်ကုန်းမှနေပြီး စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ၁၅ မိနစ် တစ်ကြိမ် ပစ်ခတ်နေကြောင်း မူဆယ်မြို့ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့တော့ မနက်အစောပိုင်းကတည်းက ကြားနေရတာ။ စန်းဆာရွာတောင်ကုန်းကနေပြီး ပစ်တယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် တစ်ခါပစ်နေတာ ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရတယ်။ ပြီးတော့ ၁၀၅ မိုင်ဘက်ကနေလဲ ပစ်ခတ်သံတွေ အကျယ်ကြီးပဲ ကြားနေတယ်။ ဘယ်ကို သူတို့ ဦးတည်ပြီး ပစ်နေလဲ မသိရဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

Photo – Credit ( ဝိန်းနန်းကျေးရွာ)

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်တွင် ဝိန်းနန်းကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားခဲ့သည်။

ဝိန်းနန်းဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲကတော့ ဘယ်သူမဆို ဘယ်ကြိုက်မှာလဲဗျာ။ သူတို့အာဏာကို တော့ဘယ်ဖီဆန် နိုင်မလဲ။ ကျေးရွာအတွင်း လက်နက်ကိုင်တွေ ဝင်နေတာလဲ ဘယ်သူမှ မကြိုက်ဘူး။ တိုက်ပွဲဖြစ်လာရင် ကျနော်တို့ ပြည်သူတွေ ခံရတယ်။ ဘယ်သူမှလာပြီး တာဝန်မယူပေးဘူး “ ဟု ၎င်းက ဆိုပြန်သည်။

လက်ရှိမှာ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား နှစ်ဖက်တပ်ဖွဲ့ စစ်ရေတင်းမာနေလျက်ရှိပြီး လက်နက်ကြီး ပစ်ခတ်သံ အဆက်မပြတ် ကြားနေရကာ အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...