Wednesday, January 28, 2026

မူဆယ်မြို့နယ် လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရ

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ၁၀၅ မိုင် နှင့် တိန်းလုံကျေးရွာအုပ်စုအတွင်း ယနေ့ နံနက်အစောပိုင်း အချိန်မှစပြီး စစ်ကောင်စီဘက်မှ တစ်ဖက်သတ် လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ စက်တင်ဘာ (၁၈) ရက် နံနက် ၈ နာရီကျော် အချိန်မှစပြီး မူဆယ်မြို့နယ် ၁၀၅ မိုင် နှင့် တိန်းလုံကျေးရွာအုပ်စု စန်းဆာကျေးရွာရှိ တောင်ကုန်းမှနေပြီး စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ၁၅ မိနစ် တစ်ကြိမ် ပစ်ခတ်နေကြောင်း မူဆယ်မြို့ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့တော့ မနက်အစောပိုင်းကတည်းက ကြားနေရတာ။ စန်းဆာရွာတောင်ကုန်းကနေပြီး ပစ်တယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် တစ်ခါပစ်နေတာ ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရတယ်။ ပြီးတော့ ၁၀၅ မိုင်ဘက်ကနေလဲ ပစ်ခတ်သံတွေ အကျယ်ကြီးပဲ ကြားနေတယ်။ ဘယ်ကို သူတို့ ဦးတည်ပြီး ပစ်နေလဲ မသိရဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

Photo – Credit ( ဝိန်းနန်းကျေးရွာ)

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်တွင် ဝိန်းနန်းကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားခဲ့သည်။

ဝိန်းနန်းဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲကတော့ ဘယ်သူမဆို ဘယ်ကြိုက်မှာလဲဗျာ။ သူတို့အာဏာကို တော့ဘယ်ဖီဆန် နိုင်မလဲ။ ကျေးရွာအတွင်း လက်နက်ကိုင်တွေ ဝင်နေတာလဲ ဘယ်သူမှ မကြိုက်ဘူး။ တိုက်ပွဲဖြစ်လာရင် ကျနော်တို့ ပြည်သူတွေ ခံရတယ်။ ဘယ်သူမှလာပြီး တာဝန်မယူပေးဘူး “ ဟု ၎င်းက ဆိုပြန်သည်။

လက်ရှိမှာ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား နှစ်ဖက်တပ်ဖွဲ့ စစ်ရေတင်းမာနေလျက်ရှိပြီး လက်နက်ကြီး ပစ်ခတ်သံ အဆက်မပြတ် ကြားနေရကာ အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...