Tuesday, January 27, 2026

မူဆယ်မြို့နယ် တီးမ စျေးအတွင်းနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာရှိ တီးမစျေးအတွင်း နေအိမ်ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းအတွင်းသိုလှောင်ထားသည့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

တီးမစျေးအတွင်း မီးလောင်သည့် နေအိမ်ဆိုင်ခန်း

စက်တင်ဘာလ ၃၀ ရက် ည ၁၁နာရီအချိန်တွင် မူဆယ်မြို့နယ် တီးမ ကျေးရွာအုပ်စု တီးမစျေးအတွင်းနေထိုင်သူ ဒေါ်ကြာမွေးခေါ် အသက် ၆၀ ကျော်အမျိုးသမီး၏ နေအိမ်တွင် အိမ်သုံး ဂတ်စ်အိုး ပေါက်ကွဲရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နေအိမ်စျေးဆိုင် မီးလောင်မှုကြောင့် ဆိုင်အတွင်း သိုလှောင်ထားသည့် ရောင်းကုန်ပစ္စည်းတန်ဖိုးသိန်း (၅၀) ဝန်းကျင်ခန့် ဆုံးရှူံးသွားပြီး အချိန်မှီ မီးငြိမ်းနိုင်ခဲ့သည့်အတွက်ကြောင့် နေအိမ်စျေးဆိုင် အဆောက်အဦး အချို့သာ ပျက်စီးသွားကြောင်း မီးကူငြိမ်းပေးသည့် ဒေသခံ တစ်ဦးကဆိုပါတယ်။

” မီးလောင်ရတဲ့အကြောင်းရင်းတော့ အိမ်ထဲက ဂတ်စ်အိုး ပေါက်ပြီး ဘေးနားက ဘက်ထရီ အိုးကိုထိသွားတာ အဲ့ဒါနဲ့ မိုင်းကွဲသလို ထပေါက်ပြီး မီးလောင်သွားတာ ကျနော်တို့လည်း ကြားကြားချင်း မိုင်းကွဲတယ်လို့ထင်တာ ထကြည့်တော့ အိမ်ထဲမီးလှောင်နေလို့ မီးကိုဝိုင်းငြိမ်းကြတယ် ကုန် ပစ္စည်းတော်တော်များတော့လှောင်တာပေါ့ နေအိမ်ဆိုင်ခန်းတော့ လေးပုံ တစ်ပုံလောက်ပဲ ပျက်သွားတာ ပေါ့ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ် တီးမ ကျေးရွာအုပ်စုတွင် လျှပ်စစ် မီး ပုံမှန်မလာသည့်ပြသာနာကြောင့် ချက်ပြုတ်လုပ်ငန်းသုံးအတွက် ဒေသခံ ပြည်သူများက ဂတ်စ်အိုးများကို ပိုမိုအသုံးပြုရကြောင်းသိရသည်။

CJ ပေးပို့လာသည့် သတင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...