KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့ (သြဂုတ် ၂၈) ရက်က လိုက်လံဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်ကြားတာကတော့ သူတို့ရဲ့ အုပ်ချုပ်နယ်မြေဖြစ်နေပါတယ်တဲ့။ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့ လုပ်မယ်ဆိုပြီးတော့မှ ကျနော်တို့ရဲ့ ဆိုင်းဘုတ်တွေကို သူတို့က ဖြုတ်လိုက်တယ်ဖြစ်တယ်လို့ ပြောတာ ကြားရပါတယ်။ ဒါကတော့ ဘယ်လောက်ထိ မှန်ကန်မှုရှိတဲ့ အုပ်ချုပ်မှု ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ကျနော်လည်း ပြောလို့မရဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

KIA ရဲ့မူးယစ်ဆေးဆိုင်းဘုတ်ကို MNDAA ဖြုတ်ချနေစဉ် 7Stars News ပုံ

ထို့အပြင် လုံဂျာကျေးရွာအတွင်း စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး သတိပေးဆိုင်းဘုတ်များကိုလည်း MNDAA မှ ယမန်နေ့ မွန်းလွဲပိုင်းက ထပ်မံဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နယ်မြေဒေသအတွင်း ဖြစ်ပေါ်နေသည့် ယင်းကိစ္စများသည် အသေးအမွှားကိစ္စဟု ဆိုသော်လည်း ရေရှည်မှာ သေချာမကိုင်တွယ်နိုင်ပါက ပြဿနာဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“ဒီကိစ္စက အရေးကြီးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အချင်းချင်း ညှိရမယ်၊ ဆွေးနွေး ရမယ်၊ မဟုတ်လို့ရှိရင် ကျနော်တို့ ထိတွေ့မှုများလို့ရှိရင်တော့ နောက်နှောင်မှာ ဒီထက်ပြဿနာကြီးတွေ ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒါကိုကိုင်တွယ်တဲ့နေရာမှာလည်း သတိထားဖို့က အရေးပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး MNDAA ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်းမရရှိခဲ့ပေ။

လက်ရှိတွင် စစ်အာဏာရှင်နစ်ကို ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားများအားလုံး၊ ပြည်သူလူထုများအားလုံး လက်တွဲပြီး တော်လှန်နေသော ကာလဖြစ်၍ လက်နက်ကိုင်အချင်းချင်းကြားက ပြဿနာကို ဦးစားပေးပြီး လုပ်ဆောင်ရန် မသင့်တော်သည့်အချိန်အခါဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအကြား အချင်းချင်း တန်းဖိုးထားပြီး အသိအမှတ်ပြုကြရန် လိုကြောင်း၊ ဘုံရန်သူကိုသာ ဦးစားပေးပြီး တော်လှန်ရန် အရေကြီးကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှ ကျောင်းသားမိဘများနှင့် ကျောင်းဆရာ/မ များကို MNDAA မှ စစ်အင်အားသုံးပြီး ခြိမ်းခြောက်ခြင်း၊ ကချင်အမျိုးသား အလံများကို ဖြုတ်ချခြင်း ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...