မူဆယ်မြို့နယ်တိုက်ပွဲ ဆရာတော်တစ်ပါး လက်နက်ကြီးထိ၊ TNLA တပ်စခန်း (၃) ခု သိမ်းပိုက်ခံရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ဆရာတော် တစ်ပါး လက်နက်ကြီး ထိမှန် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (စက်တင်ဘာလ ၂၀ ) ရက် နံနက်ပိုင်းတွင် မူဆယ်မြို့ စယ်လန့်ရွာ၏ မြောက်ဘက်ရှိ ဆုတောင်းတောင်ပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဆုတောင်းတောင် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရကြောင်း ဒေသခံ အိုက်လမ် (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit (လက်နက်ကြီးထိမှန် ဒဏ်ရာရသည့် ကျောင်းထိုင်ဆရာတော်)

“ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးတော့ သေချာမသိရဘူး။ လက်နက်ကြီးတွေက တောင်ပေါ် ကျတာ ၃ လုံးထက် မနည်းဘူး။ ကျောင်းထိုင်ဆရာတော်လည်း လက်နက်ကြီးစ ထိမှန်လို့ ခေါင်းတွေ၊ ခြေထောက်တွေမှာ ဒဏ်ရာရသွားတယ်။ အခုတော့ ဆေးရုံပို့ထားပါပြီ” ဟု အိုက်လမ်က ပြောသည်။

လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရသည့် အပြင် တောင်ခြေရှိ တာဝါတိုင်များလည်း လက်နက်ကြီး ထိမှန် ပျက်စီးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ ဆုတောင်းတောင် အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေရာယူထားလျက်ရှိပြီး TNLA တပ်စွဲ နေရာယူထားသည့် လွိုင်တေးမိန်း တောင်ပေါ်ဘက်ကိုလည်း လက်နက်ကြီးဖြင့် မကြာခဏ လှမ်းပစ်လေ့ရှိကြောင်းလည်း သိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၉ ) ရက်တွင်လည်း စယ်လန့်ကျေးရွာအနီး၌ စစ်ကောင်စီ နှင့် TNLA တပ် တို့ တိုက်ပွဲဖြစ်ပွားရာ TNLA တပ်စခန်း နေရာ (၃) နေရာလည်း သိမ်းပိုက်ခံရကြောင်း မူဆယ်မြို့နယ် စစ်ရေးလေ့လာသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တိုက်ပွဲက ၁၇ ရက်နေ့ (စက်တင်ဘာလ) ကတည်းက စခဲ့တာဆိုတာ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီ ကနေ TNLA တပ်စခန်း (၃) နေရာကို သိမ်းနိုင်ခဲ့တယ်လို့ သိရတယ်။ အဲ့ (၃) နေရာက လွိုင်တေးမိန်း တောင်ခြေက စခန်း၊ ကောင်းလိန်လျန် (ၵွင်းလိၼ်လႅင်) က စခန်း နဲ့ အဲ့နီးက တပ်စခန်းတစ်ခုပါတယ်။ နှစ်ဖက်တပ်သား ကျဆုံးမှုတွေတော့ မသိရဘူး” ဟု ဖြစ်စဥ်ကို သိရှိသူ စစ်ရေးလေ့လာသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ နှင့် TNLA တပ်ကြား တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ဒေသခံ ပြည်သူ့စစ်များက စစ်ကူအင်အားအဖြစ် ပါဝင်တိုက်ခိုက်နေကြောင်းလည်း အထက်ပါ စစ်ရေးလေ့လာနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“စစ်ကောင်စီဘက်ကနေ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ ပန်းဆာပြည်သူ့စစ် တွေပါဝင် စစ်ကူထားတယ်။ စစ်ကောင်စီဘက်က တပ်မ ၉၉ လက်အောက်ခံ တပ်သားတွေပါတယ်။ TNLA ဘက်ကတော့ သူတို့ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့နဲ့ စုစုပေါင်း အင်အား ၃၀၀ ကျော် ရှိလောက်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုထားသည်။

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြား စက်တင်ဘာလ ၁၈ ရက်နေ့တွင် စယ်လန့်အုပ်စု၊ မန်ကန်ရွာမှ အမျိုးသမီး တစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရပြီး ယမန်နေ့ (၁၉) ရက်တွင် စန်းဆာရွာမှ အမျိုးသမီး (၃) ဦး နှင့် နေအိမ် ၂ လုံးလည်း ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်။

ထို့အပြင် စစ်ရေးပြင်းထန်မှု ရှိနေသည့် မူဆယ်မြို့နယ်အတွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ကာဖျူးကိုလည်း ထုတ်ပြန်ထားပြီး ဒေသခံများ ည (၁၀) နာရီမှ နံနက် (၄) နာရီအတွင်း အပြင်ထွက် သွားလာခြင်း မပြုကြရန် ၊ လူ (၅) ဦးနှင့်အထက် စုဝေးခြင်းများ မပြုကြရန် ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ ကာဖျူးသည် စက်တင်ဘာလ (၁၉) ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိဖြင့် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...