Tuesday, January 27, 2026

မူဆယ်မြို့နယ် စစ်ကောင်စီစခန်းတခုကို KIA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် မူဆယ်မြို့နယ် မိုင်းယနှင့် မုံးပေါ် ကြားရှိ စစ်ကောင်စီစခန်းတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

စစ်ကောင်စီ

ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုင်းယ နှင့် မုံးပေါ်ကြားရှိ ဝိန်းလတောင်စခန်းတခုကို KIA နှင့် MNDAA တို့ပူးပေါင်းပြီး တစ်ရက်နီးပါးဝင်ရောက်တိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုပြီး ၎င်းတို့စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နံနက်အစောပိုင်းမှာ KIA နဲ့ MNDAA တို့ပူးပေါင်းပြီး စစ်ကောင်စီ ဝိန်းလတောင်စခန်းတခုကို ဝင်တိုက်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီစခန်းကိုတော့ သိမ်းနိုင်ခဲ့တယ် “ ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီစခန်းမှ လက်နက်ကြီး ၂ လုံးဖြင့် ခိုမုန်းကျေးရွာ၏ အနောက်ဘက်ခြမ်းကို ပစ်ခတ်ခဲ့ကြောင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ဆုတောင်းတောင်ပေါ်မှ တပ်စွဲထားသော စစ်ကောင်စီကလည်း လွိုင်တေးမိန်းတောင် အရှေ့ဖက်ခြမ်းရှိ တောင်ကုန်းတနေရာကို လက်နက်ကြီးဖြင့် ၉ လုံး ပစ်ခတ်တိုက်ခဲ့သည်။

စယ်လန့်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက “ ဆုတောင်းတောင်ပေါ်ကနေ လက်နက်ကြီး ၂ လုံးနဲ့ လွိုင်တေးမိန်းတောင်ပေါ်ကို စပစ်တယ်။ အဲ့အနီး တောင်ကုန်းကိုလည်း ပစ်တယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး။ တစ်နေ့ကုန် နီးပါးလောက် ပစ်နေတာ အလုံး ၁၀ လုံးလောက်ရှိနေပြီ “ ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တစ်လနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်ထိ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စစ်ရေးတင်းမာနေလျက်ရှိနေသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...