မူဆယ်မြို့နယ်အတွင်း ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ယနေ့ (စက်တင်ဘာ ၁၇) ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်သံများ ပြန်လည် ထွက်ပေါ် လာသည့်အတွက် စစ်ရေး ပိုပြင်းထန်မှာကို စိုးရိမ်ရကြောင်း သိရသည်။

.

ယနေ့ (စက်တင်ဘာလ ၁၇) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်မှ စတင်ကာ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်ဘက်မှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း အသက် (၃၀) ဝန်းကျင် မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မနက်မှာ လက်နက်ကြီး/လက်နက်ငယ် အသံတွေ ဆူညံနေတာပဲ၊ စစ်ကောင်စီ နဲ့ TNLA တပ် ထိတွေ့ပြီး ပစ်ခတ်ကြတာလို့ ပြောကြတယ်။ အတိအကျတော့ မသိရဘူး၊ အခုချိန်ထိ လက်နက်ကြီးနဲ့ ပစ်တဲ့ အသံ ရံဖန်ရံခါ ကြားနေရတုန်းပဲ” ဟု မူဆယ်မြို့ခံ အသက် (၃၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းပစ်ခတ်မှု နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့နယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ဘက်မှ လက်နက်ကြီး လက်နက်ငယ်သံများ ထွက်ပေါ်လာခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်သံများက ငြိမ်သက်သွားခဲ့ရာမှ လက်ရှိတွင် ပစ်ခတ်သံများ ပြန်လည်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲသံ ငြိမ်တာကတော့ ၁၀ ရက်ကျော်လာခဲ့ပြီပေါ့ ၊ ဒီကြားထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ တစ်ဖက်သတ် ရမ်းပစ်တဲ့ အသံတွေတော့ ကြားရတယ်၊ အခုလို နှစ်ဖက် ပစ်ခတ်သံကတော့ မနေ့ကမှ ပြန်ပြီး ကြားရတာ” ဟု မူဆယ်မြို့နေ အမျိုးသမီး တစ်ဉီးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး ထိတွေ့တိုက်ပွဲ ပြန်လည် ပြင်းထန်လာမှာကို စိုးရိမ်ရကြောင်း နှင့် တိုက်ပွဲကို မဖြစ်ပွားစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက စစ်ကောင်စီ နှင့် TNLA တို့ စယ်လန့်ကျေးရွာအနီး တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် အဆောက်အဦးများလည်း ပျက်စီးရပြီး ဒေသခံ ၆၀၀ ကျော်က နေရပ်စွန့်ခွာ စစ်ရှောင် နေခဲ့ရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး နှင့် ကျည်ဆန်ထိပြီး ပျက်စီးသွားရသည့် နေအိမ် နှင့် အဆောက်အအုံများကိုလည်း မပြုပြင်နိုင်သေးသည့် အကြောင်း နှင့် ပျက်စီးမှုများအတွက် ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...