Wednesday, January 28, 2026

မူဆယ်မြို့နယ်အတွင်း ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ယနေ့ (စက်တင်ဘာ ၁၇) ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်သံများ ပြန်လည် ထွက်ပေါ် လာသည့်အတွက် စစ်ရေး ပိုပြင်းထန်မှာကို စိုးရိမ်ရကြောင်း သိရသည်။

.

ယနေ့ (စက်တင်ဘာလ ၁၇) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်မှ စတင်ကာ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်ဘက်မှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း အသက် (၃၀) ဝန်းကျင် မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မနက်မှာ လက်နက်ကြီး/လက်နက်ငယ် အသံတွေ ဆူညံနေတာပဲ၊ စစ်ကောင်စီ နဲ့ TNLA တပ် ထိတွေ့ပြီး ပစ်ခတ်ကြတာလို့ ပြောကြတယ်။ အတိအကျတော့ မသိရဘူး၊ အခုချိန်ထိ လက်နက်ကြီးနဲ့ ပစ်တဲ့ အသံ ရံဖန်ရံခါ ကြားနေရတုန်းပဲ” ဟု မူဆယ်မြို့ခံ အသက် (၃၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းပစ်ခတ်မှု နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့နယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ဘက်မှ လက်နက်ကြီး လက်နက်ငယ်သံများ ထွက်ပေါ်လာခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်သံများက ငြိမ်သက်သွားခဲ့ရာမှ လက်ရှိတွင် ပစ်ခတ်သံများ ပြန်လည်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲသံ ငြိမ်တာကတော့ ၁၀ ရက်ကျော်လာခဲ့ပြီပေါ့ ၊ ဒီကြားထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ တစ်ဖက်သတ် ရမ်းပစ်တဲ့ အသံတွေတော့ ကြားရတယ်၊ အခုလို နှစ်ဖက် ပစ်ခတ်သံကတော့ မနေ့ကမှ ပြန်ပြီး ကြားရတာ” ဟု မူဆယ်မြို့နေ အမျိုးသမီး တစ်ဉီးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး ထိတွေ့တိုက်ပွဲ ပြန်လည် ပြင်းထန်လာမှာကို စိုးရိမ်ရကြောင်း နှင့် တိုက်ပွဲကို မဖြစ်ပွားစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက စစ်ကောင်စီ နှင့် TNLA တို့ စယ်လန့်ကျေးရွာအနီး တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် အဆောက်အဦးများလည်း ပျက်စီးရပြီး ဒေသခံ ၆၀၀ ကျော်က နေရပ်စွန့်ခွာ စစ်ရှောင် နေခဲ့ရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး နှင့် ကျည်ဆန်ထိပြီး ပျက်စီးသွားရသည့် နေအိမ် နှင့် အဆောက်အအုံများကိုလည်း မပြုပြင်နိုင်သေးသည့် အကြောင်း နှင့် ပျက်စီးမှုများအတွက် ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...