မူဆယ်မြို့နယ်အတွင်း ညအချိန် ပစ်ခတ်သံကြောင့် ဒေသခံများ ထိတ်လန့်

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ညဘက် လူခြေတိတ်ချိန်တွင် ပစ်ခတ်သံများ ဖြစ်ပေါ်သည့်အတွက် ဒေသခံများမှ ထိတ်လန့်တုန်လှုပ်ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့ပေါ် လက်နက်ကြီး အသံ နှစ်ချက် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီး အချင်းချင်း ပစ်ခတ်သည့် သေနတ်သံများလည်း ထွက်ပေါ်လာကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးအသံ နှစ်ချက် ရှေ့ဆင့်နောက်ဆင့် ထွက်လာတာ၊ အဲ့နောက်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေလည်း ထွက်ပေါ်လာတယ်။ ၁၀ မိနစ်ကျော်လောက်မှာ အသံတွေက ပြန်ငြိမ်သွားတယ်။ အသံကတော့ မြို့ရဲ့ တောင်ဘက်ကနေ ထွက်လာတာ၊ ကောင်းမူးတုံဘက် ဖြစ်မယ်ထင်တယ်” ဟု မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ညအချိန် ပစ်ခတ်သံများ ထွက်ပေါ်လာမှုကြောင့် ဒေသခံများ ထိတ်လန့်ရသည့် အပြင် ပစ်ခတ်မှု ဖြစ်ပေါ်သည့် အချိန်တိုင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်လေ့ရှိသည့်အတွက် လက်နက်ကြီး ရန်လည်း ကြောက်ရကြောင်း အထက်ပါ ဒေသခံအမျိုးသားက ဆက်လက်ပြောဆိုထားသည်။

“စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းပစ်ပြီး သူတို့က လူထိလား၊ အိမ်ထိလားတွေ ဂရုမစိုက်တော့ဘူး။ မနေ့ ညကလည်း ပစ်ခတ်သံတွေ ငြိမ်သွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်လား ဆိုပြီး စိုးရိမ်လို့ အခြေအနေတွေ စောင့်ကြည့်တာနဲ့ တော်တော် အိပ်မပျော်နိုင်ခဲ့ဘူး” ဟု မူဆယ်မြို့ခံက ဆက်လက်ပြော ဆိုသည်။

အဆိုပါ ပစ်ခတ်မှုသည် မူဆယ်မြို့ အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ နှစ်ဖွဲ့မှ နားလည်မှု လွဲမှားမှုကြောင့် ဖြစ်သည်ဟု ဒေသအတွင်းက သတင်းများထွက်ပေါ်နေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပေ။

မူဆယ်မြို့နယ်သည် မြန်မာ – တရုတ်နယ်စပ်မြို့ ဖြစ်သည့်အလျောက် လူမျိုးပေါင်းစုံ ဝင်ထွက်သွားလာမှု၊ လက်နက်ကိုင် တပ်ဖွဲ့ များစွာ အခြေစိုက် လှုပ်ရှားမှုတို့ကြောင့် ပစ်ခတ်မှုများ၊ လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းမှ စတင်ကာ မူဆယ်မြို့နယ်အတွင်း၌ စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးပြင်းထန်မှုရှိခဲ့ပြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့များမှ စစ်ကောင်စီဘက် စစ်ကူ ပစ်ခတ်တိုက်ခိုက်မှုလည်း ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...