မူဆယ်မြို့နယ် နမ့်ပေါ့တံတားပေါ် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ရှိ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ နှင့် ဝိန်းနန်းကျေးရွာသို့ ဆက်သွယ်သွားသည့် နမ့်ပေါ့တံတားပေါ်တွင် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ရှိကြောင်း သတင်းရရှိသည်။

နမ့်ပေါတံတားပေါ် တွေ့ရသည့် မိုင်း

ယမန်နေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက်ပိုင်းတွင် မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာနှင့် ဝိန်းနန်းကျေးရွာ အကြား ဆက်သွယ်ထားသော နမ့်ပေါ့တံတားပေါ်တွင် မပေါက်ကွဲသေးသည့် (ထောင်မိုင်း) များ စုစုပေါင်း ၆ လုံး တွေ့ရှိခဲ့ကြောင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ကျနော် အဲ့နမ့်ပေါ့ တံတားပေါ် ဖြတ်သွားတာ။ တံတားရဲ့ တံတိုင်တွေမှာ ထောင်မိုင်း ၃ လုံးစတွေ့တယ်။ နောက် တံတားကို ကျော်သွားတော့ လမ်းမှာ (ထောင်မိုင်း) ၃ လုံးထပ်တွေ့တယ် “ ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းများတွေ့ရှိထားသောကြောင့် ပြည်သူများအနေဖြင့် တံတားပေါ်သို့ ဖြတ်သန်းသွားလာခြင်း မပြုရန် ၎င်းက ထပ်လောင်းပြောသည်။

နမ့်ပေါ့တံတားပေါ်တွေ့ရသည့်မိုင်း

“အဲ့ တံတားပတ်ဝန်းကျင်မှာ အသိပေးဆိုင်းဘုတ် တပ်ထားတာလည်း မတွေ့ဘူး။ မိုင်းတွေက မြေမြုပ်မိုင်းတွေတော့ မဟုတ်ဘူး၊ ထောင်မိုင်းတွေ ဖြစ်တာ။ မသိတဲ့သူဆို သွားကိုင်မိမှာပဲ ဆိုးတယ်။ ကလေးတွေဆိုလည်း သွားကောက်ပြီး ဆော့ကစာမှာပဲ စိုးရိမ်တယ် “ ဟု ဒေသခံအမျိုးသားတစ်ဦးကဆိုပြန်သည်။

အလားတူ အောက်တိုဘာလ ၁၀ ရက်တွင်လည်း မူဆယ်မြို့နယ် ဖာဖိန့်ကျေးရွာလမ်းပေါ်သို့ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းလာသည့် ဒေသခံ ၃ ဦးသည် မိုင်းထိမိပြီး၊ ၁ ဦး ခြေထောက် ပြတ်ထွက်သွားကြောင်း ရွှေဖီမြေသတင်းဌာနမှ ရေးသားဖော်ပြထားသည်။

ထို့အပြင် မြေမြုပ်မိုင်းများသည် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲကြောင့် မြုပ်ထားသည့် မိုင်းများဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...