Monday, April 29, 2024

မူဆယ်မြို့နယ် ကတုတ်ကျင်း ပြိုကျမှုကြောင့် ၂ ဦးသေဆုံး

Must read

သျှမ်းပြည် မူဆယ်မြို့နယ် ဗုံးခိုကျင်း (ကတုတ်ကျင်း) မြေပြိုကျမှုကြောင့် သားအမိနှစ်ယောက် သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။

ပြိုကျတဲ့ ကတုတ်ကျင်း

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာတွင် နိုဝင်ဘာ (၁)ရက် မွန်းလွဲပိုင်း လက်နက်ကြီးသံကြောင့် ကတုတ်ကျင်း ထဲသွားရောက်ခိုလှုံရာ မတော်တဆ မြေပြိုမှုသေဆုံးခဲ့ပြီး၊ ယမန်နေ့ (နိုဝင်ဘာ ၂)ရက် တွင် ဒေသခံများက သွားရောက်ဆွဲထုတ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့သားအမိနှစ်ယောက်က အသံတွေကြားရတော့ လုပ်ထားတဲ့ ကတုတ်ကျင်းထဲ ဝင်ပုန်းပြီး ပြိုကျလို့ ပိမိပြီးသေသွားတာ။” ဟုဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအမျိုးသမီးသည် အသက် ၄၅အရွယ် ဒေါ်ခေါဝန်င်ဖြစ်ပြီး၊ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်တန်ဘောက်ခေါင်ဇောင်းတို့ဖြစ်ပြီး၊ ထိုသူတို့သည် မူဆယ်မြို့နယ် နမ့်ခွမ် (ၼမ်ႉၶူမ်) ကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ထို သေဆုံးသွားသည့် သားအမိနှစ်ယောက်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၃ ရက်နေ့တွင် မြေမြှုပ် သင်္ဂြိုလ် သွားမည် ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာ နှင့် နမ့်ဖတ်ကာကျေးရွာတို့တွင်လည်း နိုဝင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျက်စီး ဆုံရှုံးမှုများ ရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article