မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟုတ်တယ် သူမိုင်းနင်းမိတာ။သူက အိမ်မှာသူနဲ့သူ့မိန်းမ ပဲရှိတယ်သူအခုဒီလိုဖြစ်တော့ ရှာကျွေးမဲ့ လူမရှိတော့ဘူး။သားသမီးတွေကလည်း ငယ်ငယ်ကတည်းက ဝေးသွားတာ။” ဟု အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုမြေမြုပ်မိုင်းနင်းမိသူအမျိုးသားသည် အသက် ၆၃ နှစ်အရွယ် စိုင်းမောင်ဖြစ်ပြီး ပန်းခမ်းရွာတွင်နေထိုင်ဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့ ဗဟိုဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း မူဆယ်မြို့နယ် တိုင်းလုံကျေးရွာ (ဢိူင်ႇတိုင်းလူင်) လွိုင်ကြူလော် (လွႆၵိဝ်ႇလွၵ်) တောင်အနီးတွင် အမျိုးသားတစ်ဦး ထင်းသွားရှာရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် နှစ်ဖက် ဖြတ်သွားသည်အထိ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လ အတွင်း မူဆယ်မြို့နယ်တွင် မြေမြုပ်မိုင်းနှင်းမိသူ ၉ ဦး အထိရှိပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကာ ခြေထောက်ပြတ်သည့်အထိ ဒဏ်ရာရရှိခဲ့ကြ ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲတတ်သော စစ်အကြွင်းအကျန် ထိခိုက်ဒဏ်ရာရသူ သိသိသာသာတိုးလာနေပြီး မြို့နယ်ပေါင်းတစ်ဝက်ကျော်တွင် မြေမြုပ်မိုင်းအန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာအဖွဲ့ Landmine & Cluster Munition Monitor မှ ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...