ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

0

ကချင်ပြည်နယ်အတွင်း Tai Youth Network သျှမ်းလူငယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလကုန်အထိ မြို့နယ်များတချို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo Credit to Sai Aik Bee ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

စက်တင်ဘာ ၂၅ ရက်နေ့မှာမိုးညှင်း ၂၆ ရက်ကျတော့ အင်းတော်ကြီး ၂၇ ရက်က မံစီမြို့ ၂၈ ဗန်းမော်မြို့  ၂၉ မိုးကောင်းမောက်မြို့ ၃၀ ဒေါ့ဖုန်းယန်မြို့။ အောက်တိုဘာ ၂ ရက်နေ့ကျရင်တော့ လွယ်ဂျယ်မြို့ ပေါ့တွေ့ဆုံမှု တွေပြုလုပ်သွားကြတယ်။ – ဟု Tai Youth Network ၏ CEC စိုင်းအိုက်ပီး ကသျှမ်းသံတော်ဆင့် အားပြောပြသည်။

Photo Credit to Sai Aik Bee ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

အဆိုပါတွေ့ဆုံပွဲတွင် မိုးညှင်း မိုးကောင်း ဖားကန့် ဗန်းမော် မြစ်ကြီးနား ဝိုင်းမော် အင်းတော်ကြီး အစရှိ လူငယ်အလှုပ်အမှုဆောင် cec များပါဝင်ကြကြောင်းသိရသည်။

Photo Credit to Sai Aik Bee ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်အချင်းချင်း ခင်မင်ရင်းနှီးပြီး ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ၊ လူငယ်များတနေရာနှင့်တနေရာ ချိတ်ဆက်ပူးပေါင်ဆောင်ရွက်နိုင်ဖို့ နှင့် အနာဂတ်မျိုးဆက်သစ်လူငယ် လက်ဆင့်ကမ်းသွားနိုင်ဖို့ စသည်တို့ဖြစ်ကြောင်းသိရသည်။

တွေ့ဆုံပွဲများတွင် အမျိုးသားရေးကဏ္ဍနှင့် လူမှုစီးပွားဖွံ့ဖြိုးတက်ရေးအသိုင်းအဝိုင်းတွင် လူငယ်များ အဓိက ကြုံတွေ့ရင်ဆိုင်နေရသော ပြသနာ များ/ ရှမ်းလူငယ်ကွန် ရက်၏ ရှေ့လုပ်ငန်းစဉ်များ ၊ လုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များ ၊ လူ့အခွင့်အရေး ဆိုင်ရာများ တင်ပြဆွေးနွေးနိုင်ခဲ့သည် ဟုလည်းသိရသည်။

Photo Credit to Sai Aik Bee ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

“ဒေသအသီးသီးမှာရှိတဲ့ သျှမ်းလူငယ်ထုရဲ့ လုပ်ရှားဆောင်ရွက်နိုင်မှုအခွင့်အလမ်း တွေ အနာဂါတ်လူငယ်များရဲ့ပညာရေး နဲ့ မူးယစ်ဆေးဝါး ပြသနာတွေ၊ လက်ရှိ ငြိမ်းချမ်းရေးနဲ့ နိုင်ငံအရေး စတာတွေလည်းဆွေးနွေးနိုင်ခဲ့ပါတယ် ” – ဟု စိုင်းအိုက်ပီးက ပြောသည်။

Photo Credit to Sai Aik Bee ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

သျှမ်းလူငယ်များအရေး၊ ဒေသတွင်းလူထုများအရေးအတွက် တက်ကြွလှုပ်ရှားသည့် Tai Youth Network သည် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များနှင့် ၂ နှစ်တကြိမ် Tai Youth Conference ညီလာခံကို ကျင်းပပြီးတွေ့ဆုံခဲ့ သည်။ ကချင်ပြည်နယ်လုံးဆိုင်ရာ သျှမ်းလူငယ်တွေ့ဆုံပွဲ တတိယအကြိမ်ကိုမူ ယခုနှစ်မေလ တွင်ပြုလုပ်ခဲ့သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE