Wednesday, January 28, 2026

ကချင်ပြည် ဟိုပင်တံတား မိုင်းခွဲခံရ၊ အရပ်သား တဦး သေ

ကချင်ပြည် ဟိုပင်မြို့ရှိ ဝက်ကုန်းတံတားသည် ယနေ့ ( မေ ၂၄) ရက် ညပိုင်းအချိန်တွင် မိုင်းခွဲခံရပြီး၊ အရပ်သား တစ်ဦး သေဆုံးသွား ကြောင်းသတင်းရရှိသည်။

အဆိုပါ မိုင်းခွဲခံရသည့် ဟိုပင်မြို့ အထွက်တွင်ရှိသည့် ဝက်ကုန်းတံတားသည် မန္တလေး -မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ် တွင် တည်ရှိသည် တံတားဖြစ်ကြောင်းသိရသည်။

“ညက မိုင်းခွဲခံရတာ တစ်မြို့လုံး တုန်လို့၊ အဲ့အချိန် ဆိုင်ကယ်တစ်စီး ဖြတ်မောင်းတော့လူက လွင့်သွားတယ်၊ ခန္ဓာကိုယ်ကတော့ တစ်စစီ ဖြစ်သွားတယ်။ ခုထိ တံတားကနေဟိုဘက် ကမ်းနဲ့ ဒီဘက်ကမ်း ကူးလို့မရသေးဘူး၊ ဘာမှ ဖြတ်သန်းသွားလာလို့ မရဘူး”လို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပင်တံတားကို မည်သည့် လက်နက်ကိုင်မှ လာရောက်မိုင်းခွဲသည်ကို မသိရှိရသေးကြောင်း၊ လက်ရှိမှာ မြစ်ကြီးနား-မန္တလေး ခရီးသွားသူများသည် နန့်ရင်းရွာရှိ သရက်ချောင်း ကူးပျဉ်တံတား တစင်း ယာယီဆောက်လုပ်ကာ သွားလာနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးကောင်းမြို့နယ် ၄ မိုင်ရွာ (ရှမ်းရွာ) ကျောင်းထိုင်ဘုန်းကြီး သေနတ်ပစ်သတ်ခံရ

0
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ၄ မိုင်ရွာ (ရှမ်းရွာ) မှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၆) ရက် ည ၇ နာရီကျော် ဝန်းကျင်တွင် ၄ မိုင်ရွာမှ ကျောင်းထိုင်ဆရာတော်...

နိုင်ငံရေး ရှုပ်ထွေးမှုကြား အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျစ်လျူရှူခံရ

0
“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအနှံ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာပါတယ်။ ကျမတို့ရဲ့ ကချင်ပြည်နယ်မှာ စစ်တပ်က နိုင်ငံ့အာဏာကိုသိမ်းပြီးနောက်မှာတော့ လူမှုအဖွဲ့အစည်းတွေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက နည်းပါးလာပြီး အမျိုးသမီးအရေးကိစ္စကို ကူညီဆောင်ရွက်ပေး နေတဲ့သူကလည်း မရှိသလာက်ပါပဲ။” သူမဟာ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နေထိုင်တဲ့ ရှမ်းနီတိုင်းရင်းသူတစ်ဦးဖြစ်ပြီး...

သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို

0
သျှမ်းနီတိုင်းရင်းသားများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် ပါရှိသည့် လူမျိုး ဆိုသည့်နေရာတွင် ဗမာ ဟု သုံးနှုန်းရေးသားခြင်းသည် လူမျိုး နှင့် လူမျိုးနာမည်ဖျောက်ရန် ကြိုးစားမှုဖြစ်သည်ဟု သျှမ်းနီလူမျိုးများက ဝေဖန်ပြောဆို နေကြသည်။ မတ်လ ပထမပတ်အတွင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)...

ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

0
ကချင်ပြည်နယ်အတွင်း Tai Youth Network သျှမ်းလူငယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလကုန်အထိ မြို့နယ်များတချို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ ၂၅ ရက်နေ့မှာမိုးညှင်း ၂၆ ရက်ကျတော့ အင်းတော်ကြီး ၂၇ ရက်က မံစီမြို့ ၂၈ ဗန်းမော်မြို့  ၂၉ မိုးကောင်းမောက်မြို့ ၃၀ ဒေါ့ဖုန်းယန်မြို့။ အောက်တိုဘာ...

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာ တောင်းဆို

0
မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာများက တောင်းဆိုလိုက်သည်။ ကချင်ပြည်နယ် မြစ်ကြီးနား တွင်  ပြုလုပ်သော သတ္တမကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံ အပြီး စက်တင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ရေးသားတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ မီဒီယာ ဥပဒေ၊ နည်းဥပဒေသည် မြန်မာဘာသာ...