Wednesday, January 28, 2026

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာ တောင်းဆို

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာများက တောင်းဆိုလိုက်သည်။

Photo Credit to EMC- စက်တင်ဘာလ ၁၈ ရက်နေ့ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

ကချင်ပြည်နယ် မြစ်ကြီးနား တွင်  ပြုလုပ်သော သတ္တမကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံ အပြီး စက်တင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ရေးသားတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ မီဒီယာ ဥပဒေ၊ နည်းဥပဒေသည် မြန်မာဘာသာ သီးသန့်ဖြစ်နေကြောင်း၊ တိုင်းရင်းသားပြည်သူများကို ပါ မီဒီယာ ဥပဒေ၊နည်းဥပဒေ သိရှိဖတ်ရှုလေ့လာနိုင်ရန် တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေရန် တောင်းဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ဥက္ကဌ နန်းဖော့ဂေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယခုရှိနေတဲ့ မီဒီယာ ဥပဒေ၊ နည်းပညာတွေက မြန်မာဘာသာပဲဖြစ်နေတဲ့အခါကျတော့ တိုင်းရင်းသားပြည်သူတွေ တိုင်းရင်းသား တွေပါသိရှိအောင် လို့ ၊ နောက် သတင်းသမားပဲ သိရှိရမှာမဟုတ်ဘူး။ သတင်းပေးသူတွေ(source) တွေပါ ဖတ်ရှုလေ့လာလို့ရအောင်လို့ ပါ” ဟု နန်းဖော့ဂေ က ဆိုသည်။

“ တရားမျှတမှုအတွက် တိုင်းရင်း မီဒီယာ” ဆောင်ပုဒ်ဖြင့် သတ္တမကြိမ်မြောက် တိုင်းရင်းမီဒီယာကို စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

တိုင်းရင်းမီဒီယာညီလာခံမှထုတ်ပြန်သောကြေငြာချက်တွင် သတင်း အချက်အလက် ရပိုင်ခွင့် “ Right to Information”  ဥပဒေကို အမြန်ဆုံး ပြဌာန်း ပေးရန်၊ မီဒီယာ ဥပဒေ ၊ နည်းပညာ များကို တိုင်းရင်းသား ဘာသာဖြင့် ဘာသာပြန်ဆို ထုတ်ဝေပေးရန်၊ မီဒီယာ ပံ့ပိုးသူများ အနေဖြင့် လည်း ဒေသအခြေစိုက် သတင်းဌာနများအား နည်းပညာပိုင်း ဘဏ္ဍာရေး ပိုင်း ဆက်လက် ကူညီသွားရန် အစရှိ တောင်းဆိုချက် ၆ ချက် ကိုလည်း ထည့်သွင်းထားပါသည်။

Photo by SHAN- “ တရားမျှတမှုအတွက် တိုင်းရင်း မီဒီယာ” ဆောင်ပုဒ်ဖြင့် သတ္တမကြိမ်မြောက် တိုင်းရင်းမီဒီယာကို စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပ ပြုလုပ်

ထို့ပြင် အစိုးရ အနေဖြင့် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်ပြီး မူဝါဒများ ချမှတ် ကာ သတင်းမီဒီယာများအပါအဝင် အများပြည်သူသိရှိနိုင်ရေး အတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ထားရန်၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူများ၏ အစုအဖွဲ့ အသီးသီးတွင် မီဒီယာ မူဝါဒ များကို တရားမျှတမှုရှိစွာဖြင့် ချမှတ်ပြဌာန်းသွားရန် နှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ တွင် သတင်းရယူခွင့်အတွက် နယ်မြေနေရာ ကန့်သတ်မှု မရှိဘဲ လွတ်လပ်စွာ သွားလာရယူခွင့်ရှိရန် တောင်းဆိုထားသည်။

သတ္တမကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာမူဝါဒ၊ မူကြမ်းတခု ပေါ်ထွက်လာရေးအတွက် ဝိုင်းဝန် ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုင်းရင်းသား ဒေသများတွင် ဒေသဆိုင်ရာ သတင်းသမားများ ပိုမို ပေါ်ထွက်လာရေး နှင့် လက်ရှိ သတင်း သမား များ အကြောင်းအရာ အလိုက် အထူးပြု သတင်းရေးသား ထုတ်လုပ်သွားနိုင်ရေး အရည် အသွေး မြှင့်တင် သွားရန် လည်း ဆုံးဖြတ်ခဲ့ကြသည်။

BNI Burma News International မှ ဦးစီးကာ နှစ်စဉ် နှစ်ဆန်းပိုင်းတွင် တိုင်းရင်းမီဒီယာ ညီလာခံကို တိုင်းရင်းမီဒီယာ ဆိုင်ရာ ဒေသ မွန်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အလှည့်ကျ  ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်မှသာ အခက်အခဲအမျိုးမျိုးကြောင့် စက်တင်ဘာလမှ  မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ကြသည်ဟုသိရသည်။

နောက်နှစ်တွင် တိုင်းရင်းမီဒီယာ ကို ရန်ကုန်မြို့တွင် ကျင်းပရန် လျာထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြစ်ကြီးနားမြို့တွင် သျှမ်းနီနှင့်ကချင် အတူတကွယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေး

0
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဩဂုတ်လ (၁၁) ရက်တွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အဂ္ဂါပေဟိုတယ်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း...

မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၂၀၀၀ ကျော် အကူအညီများလိုအပ်

0
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် ကျန်းမာရေးစောက်ရှောက်မှုနှင့် အခြားသော အကူအညီများ လိုအပ်နေ‌ကြောင်း စုံစမ်းသိရသည်။ ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လက်ခံကူညီပေးသည့် ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်လူဦးရေ (၂၀၀၀)...

ကလော၊ အောင်ပန်းမှ စစ်မှုထမ်းစုဆောင်းခံရသူများ မြစ်ကြီးနား စစ်သင်တန်းပို့ခံရ

0
သျှမ်းပြည် ကလောမြို့နယ်မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး ကလောမြို့၊ အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်များမှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံထားရသူ လူငယ် (၃၀) ကျော်ကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်း...

မြစ်ကြီးနားမြို့ စက်သုံးဆီများ အကန့်အသတ်ဖြင့် ရောင်းချပေးနေရ

0
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများကြောင့် စက်သုံးဆီဈေးများ မြှင့်တက်ကာ အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်‌‌ရေးတပ် KIA တို့ တိုက်ပွဲများကြောင့် လမ်းကြောများပိတ်ကာ စက်သုံးဆီဈေးများ မြှင့်တက်ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရ ပြီး အချို့စက်သုံးဆီဆိုင်ကြီးများလည်း ပိတ်ထားရကြောင်း မြစ်ကြီးနားမြို့...

မြစ်ကြီးနားမြို့ပေါ် အိမ်ငှားရမ်းခ စျေးမြင့် ဝိုင်းမော်စစ်ရှောင်အခက်ကြုံနေ

0
ကချင်ပြည် မြစ်ကြီးနားမြို့သို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသည့် ဝိုင်းမော်မြို့ စစ်ရှောင်များသည် အိမ်ငှားရမ်းခ စျေးတက်သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများသည် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး၊ အိမ်းငှားရမ်းနေထိုင်ရကြောင်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ အိမ်ငှားရတာက...